(Unicode)
ဝမ်ကျားမိန်ရဲ့တောထဲက လျှို့ဝှက် အိမ်လေးမှာ မဂင်္ လာ ဖဲကြိုးနီများက လေတိုက်တိုင်း လှုပ်ရှားနေကြသည်။ ရွာစျေးက ဝယ်လာတဲ့ လူတွေ မဂင်္ လာဆောင်ရင် သုံးသော အသုံးအဆောင် အပြည့်အစုံကို အိမ်လေးထဲမှာ ထုံးစံနဲ့အညီ ခင်းကျင်းထားသည်။ မဂင်္ လာပွဲမှာတော့ သတို့သား နှစ်ယောက် ဧည့်ပရိတ်သတ် နှစ်ဦးနဲ့ အသိသက်သေအဖြစ် ဝမ်ကျားမိန် သာ ရှိသည်။
အိမ်လေးရဲ့ ခပ်ကျဥ်းကျဥ်း ဧည့်ခန်း နေရာလေးမှာပဲ လူ ၅ ယောက်သာ ရှိတဲ့ မဂင်္ လာပွဲလေးက ပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့သည်။ ၅ ယောက်သား ပျော်ရွှင်ရယ်မောကာ ပြောဆိုရင်း အရာရာကို မေ့လျော့ထားခဲ့ကြသည်။
*စစ်ကျွေး...မင်းဘယ်လို ထွက်လာတာလဲ...
ဝမ်ရိေပါ် က စိတ်မချလို့ မေးရှာသည်။
*အရှင့်သားက နေကောင်းကာစမို့...လေညှင်းခံထွက်ဖို့ လိုအပ်တယ်...ဒါကြောင့် လူ့ပြည်ခဏဆင်းတယ်လို့ ပြောလာတယ်လေ...စိတ်ချပါ အရှင့်သား ရဲ့...စစ်ကျွေးတို့က ပိုင်မှလုပ်တာပါ...နောက်ကြောင်း ရှင်းပြီးသား...
အရက်ခွက်ကို သောက်ရင်း စစ်ကျွေးက ေအးဆေးစွာ ပြန်ပြောသည်။ အားလုံးက စစ်ကျွေးကို ကြည့်ပြီး သဘောကျစွာ ရယ်မောကြသည်။
*မင်းကတော့ တကယ်ပါပဲ...စစ်ကျွေးရယ်...
*သခင်လေးတို့ မဂင်္ လာပွဲအတွက် ဒီအရက် တခွက်နဲ့ ဂုဏ်ပြုပါတယ်...
ယွီပင်းက အရက်ခွက်ကို ကိုင်မြောက်ရင်း ပြောကာ အားလုံးလည်း မော့သောက်လိုက်သည်။
*အရှင့်သားအတွက်...ဂုဏ်ပြုပါတယ်...ကိုယ်ချစ်တဲ့သူကို ရဲရဲဝံ့ဝံ့ လက်တွဲခဲ့လို့ ဂုဏ်ယူပါတယ်...
*ဒါက ကျွန်တော့်ရဲ့ သခင်လေးကို အရှင့်သားဆီ ယုံယုံကြည်ကြည်နဲ့ စိတ်ချလက်ချ အပ်နှံနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်...
*ဒီတခွက်က သခင်လေးနဲ့ အရှင့်သားတို့ ရှေ့လျှောက် အစစအရာရာ အဆင်ပြေဖို့ ပါ...
*ဒါကတော့ ငါ့တူတော်လေးနဲ့ အရှင်ရှောင်းကျန့်တို့ သေတပန်သက်တဆုံး အေးအေးချမ်းချမ်း ပေါင်းဖက်နိုင်စေဖို့ပေါ့ကွာ...
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...