(Unicode)
ဧည့်ဆောင်မှာ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ စည်ကားနေသည်။ သို့သော် အဓိက ကာယကံရှင်ဖြစ်တဲ့ ဝမ်ရိပေါ်ကိုတော့ အရိပ်ပင် မမြင်ရသေး။
*မိဖုရား...သားတော်ကို အခေါ်လွှတ်ပါဦး...နောက်ကျနေဦးမယ်...
ကောင်းကင်နတ်ဘုရား သတိပေးမှ ရှင်းစုလည်း သားတော်ကို အခေါ်လွှတ်ဖို့ ပြင်လိုက်သည်။ သို့သော် ခန်းမထဲကို ဝမ်ကျားမိန်နဲ့အတူ ရယ်ရယ်မောမော ဝင်လာတဲ့ သားတော်ကြောင့်လည်း ရှင်းစု စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်ရသည်။
*ဒါဆို တော်တော် သာယာနေပြီပေါ့...ကျွန်တော် တရက်တော့ လာကြည့်ဦးမယ်...ပျော်စရာ ကောင်းမှာ အသေအချာပဲ...
*အေးကွာ...လာခဲ့ဦး...
*ဘယ်တွေများ သွားမလို့ ကြံစည်နေပြန်တာလဲ သားတော်...ဒီမှာ အခမ်းအနား စတော့မယ်လေ...
ရှင်းစုက ဝင်ရောက်ကာ စကားစဖြတ်ရင်း သားတော်ကိုလည်း ဝမ်ကျားမိန်နဲ့ ဝေးစေရန် မိမိ နံဘေးဆီ မသိမသာ ဆွဲခေါ်လိုက်သည်။ ဝမ်ကျားမိန်ကတော့ ရှင်းစုကို ဦးညွတ်နှုတ်ဆက်ပြီး ဧည့်သည်ေတာ်များ ရှိရာဘက်ဆီ ထွက်ခွာသွားလေသည်။
*ဦးလေး ကျားမိန်ရဲ့ လူ့ပြည်က အိမ်လေးနားမှာ ရေကန်လေး တကန်ရှိတယ်...အဲ့ဒါ အခု မိုးတွင်းမို့ စိမ်းစိုပြီး သာယာနေပြီဆိုလို့ပါ...ကျွန်တော် အဲ့မှာ ငါးမျှားဖူးတယ်လေ...
*ဟုတ်ပါပြီ...သားတော်သွားတော့ ရှင်းလန်ပါ ခေါ်သွားပေါ့...အခုတော့ ခမည်းတော်ဆီ သွားရအောင်...
ရှင်းစု သားတော်လက်ကို ဆွဲကာ စင်မြင့်ဆီ ထွက်လာခဲ့သည်။ အားလုံးရဲ့အာရုံကလည်း စင်မြင့်ဆီ ရောက်လာခဲ့သည်။
*ဒီနေ့ ဖိတ်ကြားရတဲ့ အကြောင်းကတော့...သိပ်မကြာခင် အချိန်မှာ ကျင်းပမယ့် အိမ်ရှေ့စံရဲ့ မဂင်္ လာပွဲအတွက်ပါပဲ...ကောင်းကင်ဘုံကျောင်းက အကြောင်းကြားမှု မလာခင်မှာ...နန်းတော်ကနေလည်း သတ်မှတ် ပြင်ဆင်နိုင်ခွင့် ရှိတာကြောင့် အခုလို အသိပေးဖို့ ဖြစ်လာတာပါ...ဒါကိုလည်း ကောင်းကင်ဘုံကျောင်းမှာ မှတ်တမ်းထားမှာပါ...အခု...
ကောင်းကင်အိမ်ရှေ့စံ အရှင်ဝမ်ရိပေါ်ကို ရေအောက်နန်းတော်ရဲ့ မင်းသမီး ရွှေရှင်းလန်နဲ့ ကောင်းကင်နန်းတော်က သဘောတူ စေ့စပ်ကြောင်း ကြေငြာပါတယ်...
အားလုံးအတွက်လည်း ကျေနပ်နိုင်စရာ စီစဥ်မှု ဖြစ်မယ်လို့ ထင်ပါတယ်...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...