(Unicode)
သားတော်ဆီ မတ်တော် ဝမ်ကျားမိန် လာတာမြင်တော့ ရှင်းစု သဘောမကျ။ သို့သော် သားတော် ပုံစံက အရှင်ရှောင်းကျန့်ကို အတော် နာကျည်းနေပုံရတာကြောင့် လွတ်ထား ပေးလိုက်သည်။ အခု သားတော်က ဝိဉာဥ်ကြိုး မဖြတ်ခင်က မူရင်းစိတ်ကို ပြန်ရနေပြီ မဟုတ်လား။
*ကျွန်တော် အိမ်ရှေ့စံနဲ့ ခဏလောက် စကားပြောပါရစေ မရီးတော်...
ဝမ်ရိပေါ် အနား ကပ်နေတဲ့ မရီးတော် ရှင်းစုကို အားမနာနိုင်တော့ပဲ ဝမ်ကျားမိန် ခွင့်တောင်းလိုက်သည်။ ေရှာရှောရှူရှူ ထွက်သွားပေးသဖြင့် ဝမ်ကျားမိန် ရင်ထိတ်သွားသည်။ ထို့ကြောင့် တူတော်ကို သတိထားပြီး စကားဆိုလိုက်သည်။
*ရိပေါ်...မင်းနေရတာ ကောင်းရဲ့လား...
*ကောင်းပါတယ်...ဦးရီးတော် လာ...ထိုင်လေ...
နီးရာ ခုံတလုံးမှာ ဝင်ထိုင်ရင်း ဝမ်ရိပေါ်ကို အကဲခတ်လိုက်သည်။
*ရိပေါ်...အရှင်ရှောင်းကျန့်...
*ကျွန်တော် သူ့အကြောင်း မကြားချင်ဘူး ဦးရီးတော်...တခြား ကိ္စ္စပဲ ပြောပါ...
*မရဘူး ရိပေါ်...ငါ ပြောမှ ဖြစ်မယ်...
စိတ်ရှုပ်စွာနဲ့ ဦးလေးဖြစ်သူကို ရိပေါ် ကြည့်လိုက်သည်။
*ဘာဖြစ်လို့လဲ...
*မင်း အသက်ဆက်ရှင်ဖို့...ရှောင်းကျန့်က သူ့ ဝိဉာဥ်ကြိုးကို မင်းရဲ့ ဝိဉာဥ် တိုင်မှာ ချည်ထားခဲ့တယ်...
*ေဩာ်...ဒါကြောင့် ကျွန်တော်က ကိုယ့်ဘာသာ သတ်သေလို့လည်းမရ...ဝိဉာဥ် အိပ်ဆေးသောက်လည်း မသေ ဖြစ်နေတာပေါ့...တော်တော် စိတ်ကုန်ဖို့ ကောင်းတဲ့သူ...သူ့ လောဘ တခုအတွက် ကျွန်တော့်ကို ခုတုံးလုပ်နေတာ...
*ရိပေါ်...မင်း ဘယ်လိုတွေ ပြောနေတာလဲ...ငါ ရှင်းပြမယ်...
*မရှင်းပြနဲ့...မသိချင်ဘူး...အရှင်ရှောင်းကျန့် အတွက်ဆို...ဦးလေး ဘာမှ ရှင်းြပမနေနဲ့...မကြားချင်ဘူး...
ဒေါသတကြီး ပြန်အော်လိုက်တဲ့ တူတော်ကို ကြည့်ပြီး ဝမ်ကျားမိန် ရင်မောသွားသည်။
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...