(Unicode)
နေ့ရက်တွေ ပြောင်းနေပေမယ့် မပြောင်းလဲခဲ့တာက အရှင်ရှောင်းကျန့်အပေါ် ထားတဲ့ ဝမ်ရိပေါ်ရဲ့ ချစ်ခြင်းတရားတွေ။ ငယ်ရွယ်လို့ စိတ်ကစားတယ် ထင်ခဲ့တဲ့ အရှင်ရှောင်းကျန့်ရဲ့ အမြင်ကို ဝမ်ရိပေါ်က အသေအချာပင် ရိုက်ချိုးပစ်ခဲ့သည်။
ငယ်ရွယ်တဲ့ ကောင်လေးတယောက်ရဲ့ ခိုင်မာတဲ့ ချစ်ခြင်းကို အရှင်ရှောင်းကျန့် ယုံကြည်လာတဲ့အထိကို ကြိုးစားခဲ့တာပေါ့။
ကျောင်းပိ်တ်ရက် ရှည်တွေမှာ ဝမ်ရိပေါ်က ကောင်းကင်နန်းတော်ကို ခဏတဖြုတ်သာ ပြန်ခဲ့ပြီး အရှင်ရှောင်းကျန့်ရဲ့ အိမ်မက်ကမ်းပါးမှာ လိုက်နေတဲ့အချိန်က ပိုများသည်။
ကောကို ကျွန်တော် မခွဲနိုင်ဘူး...လွမ်းလွန်းလို့ သေတော့မလိုပဲ...
ဆိုတဲ့ ဝမ်ရိပေါ်ရဲ့ စကားတခွန်းနဲ့ အရှင်ရှောင်းကျန့်ရဲ့ အိမ်မက်ကမ်းပါးကို အရ လိုက်ခဲ့သည်။
စစ်ကျွေး ကြိုးစားပမ်းစား ရှာခဲ့လို့ အရှင်ရှောင်းကျန့်ရဲ့ ကိုယ်ရံတော် ယွီပင်းကို သိခွင့်ရပေမယ့် အိမ်မက်ကမ်းပါးက စံအိမ်ကိုတော့ ဝင်ခွင့်မရခဲ့ချေ။ မန္တန်တွေနဲ့ ပိတ်ထားတဲ့ နေရာက ပိုင်ရှင်ဖွင့်ပေးမှ ဝင်ခွင့်ရတဲ့ နေရာမျိုး မဟုတ်လား။
*ကော...ဒီနေရာလေးက သာယာတယ်နော်...ပြီးတော့ လှလည်း လှတယ်...
*ဒါပေမယ့် မင်းအတွက်တော့ ပျင်းစရာ ကောင်းမှာပါ...
*ဟင့်အင်း...ကောရှိနေရင် အကုန် သာယာတယ်...ကျွန်တော် ဘယ်လိုလုပ် ပျင်းချိန်ရမှာလဲ...ကော မျက်နှာလေး ထိုင်ကြည့်ရင်း ကျွန်တော် ဘယ်လောက် ကြည်နူးမိနေလဲ...ကောမှ မသိတာ...
ဝမ်ရိပေါ်က အရှင်ရှောင်းကျန့်ကို နောက်မှ သိုင်းဖက်ရင်း ပုခုံးပေါ် မေးတင်လိုက်သည်။
*ရိပေါ်...ဒီနှစ်တွေထဲ မင်းအတော် အရပ်ရှည်လာတယ်...
*ဟုတ်တယ်...ပြီးတော့ ကြီးလည်း ကြီးလာတယ်...ကောသိလား...
*ဘာကြီးလို့ သိရမှာလဲ...
*ခန္ဓာကိုယ်လေ...ကျွန်တော် ခန္ဓာကိုယ် ဘယ်လောက်ကြီးလာလဲဆို...ကောကိုတောင် ဖွက်ထားလို့ ရလောက်နေပြီ...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...