အပိုင်း ၄၀ (U&Z)

1.3K 109 3
                                    

(Unicode)

ပဋိပက္ခတွေရှိနေပေမယ့် အရာအားလုံးကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ဖို့ ကြိုးစားခဲ့ကြသည်။ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ အဆင်မပြေတာတွေကို မေ့လျော့ထားဖို့ လိုသည်မဟုတ်ပါလား။

တနေထွက် တနေဝင် ရာသီစက်ဝန်းတို့လည်း ပြောင်းလဲခဲ့သည်။

*အရှင်...ဒီနေ့ ကောင်းကင် ဘုံကျောင်းမှာ ထူးခြားမှုတွေ ဖြစ်ပေါ်နေပါတယ်...

*ဟေ...

ညီလာခံ အတွင်း ရေးကြီးသုတ်ပြာဝင်လာတဲ့ အစောင့်ကြောင့် ဝမ်တုမိန် အပါအဝင် ညီလာခံတက်နေသူများ အားလုံး အလောတကြီး ကောင်းကင် ဘုံကျောင်း ရှိရာဆီ ထွက်ခဲ့ကြသည်။

ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းကင်မှာ အလင်းရောင်တန်းများ ဖြာကျနေသည်။ကောင်းကင်ဘုံကျောင်းက ကောင်းကင် နိုင်ငံတော်ရဲ့ အမြင့်ဆုံး နေရာမှာရှိပြီး လှေကားထစ်ပေါင်း နှစ်သောင်း ငါးထောင်ရှိတဲ့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ တည်ရှိနေခြင်းဖြစ်သည်။

ကောင်းကင်ဘုံကျောင်း ရှိရာ ကောင်းကင်တောင်ကုန်း မှာတော့ အဖြူရောင် ကြိုးကြာတို့ အုပ်ဖွဲ့ကာလှည့်ပတ်ပျံနေကြသည်ကို အဝေးမှပင် မြင်နေရသည်။

*အင်း...တခုခု ထူးခြားမှု ရှိပြီပေါ့...မကြာခင် အိမ်ရှေ့စံရဲ့ ကြင်ယာတော် ကို ကြေငြာနိုင်တော့မယ် ထင်တယ်...ကိုယ်တော်တို့ အဆောင်က ပြန်စောင့်တာပဲ ကောင်းလိမ့်မယ်...

ဝမ်တုမိန် ပြောတော့ လိုက်လာသူအပေါင်းက ထောက်ခံကာ အသီးသီး ပြန်ထွက်သွားကြသည်။

*ခမည်းတော်...

ကောင်းကင်ဘုံကျောင်းရှိရာဆီ မျှော်ကြည့်နေဆဲ ဝမ်တုမိန်က သားတော်အသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။

*လာ...သားတော်...မင်း မကြာခင် လက်ထပ်ရတော့မယ်...ကောင်းကင်နိုင်ငံတော်ရဲ့ ထီးနန်းအတွက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ပေးမယ့် သူ ရောက်လာတော့မယ် သားတော်...

ရိပေါ် သက်ပြင်း ချမိသည်။ ရင်အစုံက လေးလံလွန်းနေသည် မဟုတ်လား။ တကယ်ဆို ဒီလိုနေ့မျိုး သူ မရောက်ချင်ခဲ့။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now