အပိုင်း ၂၅ (U&Z)

1.1K 96 0
                                    

(Unicode)

*စစ်ကျွေး...စစ်ကျွေး...မြန်မြန်လာ...မြန်မြန်လာ...

အရေးတကြီး အော်ခေါ်နေတဲ့ ဝမ်ရိပေါ် ကြောင့် အဆောင်ပြင်မှာ အစောင့်တွေကို မှာကြားနေတဲ့ စစ်ကျွေးတယောက် အဆောင်ထဲကို အလောတကြီး ပြေးဝင်လာခဲ့သည်။

*အရှင့်သား...ဘာဖြစ်လို့လဲ...ဘာတွေ့လို့လဲ...မင်းသမီး ဘာတွေ ထပ်လုပ်ပြန်ပြီလဲ...

စစ်ကျွေး အမေးကြောင့် ဝမ်ရိပေါ် က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ အရင် ရက်တွေက မကြာခဏ ဆိုသလို ဝမ်ရိပေါ် အဆောင်ကို ရွှေရှင်းလန် ရောက်လာတတ်သည်။ ဝမ်ရိပေါ်မှာ အဆောင်ထဲနေရင်း အကျင်္ ီ လဲရင်းတန်းလန်း၊ ရေချိုးရင်း တန်းလန်းနဲ့ တော်တော် ဒုက္ခရောက်ရသည်။

ပြီးတော့ ရွှေရှင်းလန် က အစ်မတော် ဝမ်ဖေ့ဖေ့လို ကိုယ်မကြိုက်ဘူး ပြောလိုက်တာနဲ့ ထွက်မသွား။ ရဲရဲတင်းတင်းပင် အနားကို ကပ်ကာ အကျင်္ ီ ကူဝတ်ပေးမလို၊ ရေချိုး ရေဝတ်နဲ့ ကူတိုက်ပေးမလို လုပ်တတ်သဖြင့် ဝမ်ရိပေါ်တယောက် စစ်ကျွေးကို အော်ခေါ်ရပေါင်းလည်း မနည်းတော့။

ရွှေရှင်းလန် အပြုအမူတွေအကြောင်း မယ်တော့်ကို ပြောပြတော့လည်း အရေးမကြီး သလိုပင်။ ထို့ကြောင့်လည်း စစ်ကျွေးခမျာ ဝမ်ရိပေါ်အနားမှာ တောက်တဲ့ တကောင်လို ဖြစ်နေခဲ့ရသည် မဟုတ်လား။

*ဒီတခါတော့ မင်းသမီး မဟုတ်ဘူး...ခမည်းတော်ကွ...

*အာ...အဲ့ဒါနဲ့များ အရေးတကြီး အော်နေရလား...အရှင့်သားရယ်...

*ဒီမှာ ခမည်းတော်ဆီက စာလွှာ ရောက်လာတယ်...တိုက်ပွဲ တွေ ပြီးသွားပြီတဲ့...မကြာခင် ကောင်းကင်တပ်တွေ နန်းတော်ကို ပြန်လာတော့မယ်...မိစ္ဆာဆိုးကိုလည်း ဖမ်းပြီး အကျဥ်းထောင် ပို့လိုက်ပြီတဲ့...အခု မိစ္ဆာတွေကို ကောင်းကင်နိုင်ငံတော်က တိုက်ရိုက်အုပ်ချုပ်တော့မယ်...သိပြီလား...

*အဲ့ဒါများ...တိုက်ပွဲပြီးတဲ့အကြောင်းကို အရေးတကြီးလုပ်လို့...အရှင့်သားကလဲ...ဘာလုပ်ရ...
ဟင်...
ဟာ...ဟုတ်သားပဲ...အရေးကြီးတယ်...အရေးကြီးတာပေါ့...အိမ်မက်ကမ်းပါးက စံအိမ်ကို သန့်ရှင်းရေး ထပ်လုပ်ထားရမယ်...ဒါမှ သခင်လေးနဲ့ ယွီပင်းကော ပြန်လာရင် အားလုံး အဆင်သင့်ဖြစ်နေမှာ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now