အပိုင်း ၅၂ (U&Z)

2K 123 4
                                    

(Unicode)

*အား...ကျွတ်... ကျွတ်...

အလင်းရောင် ဝင်ရောက်လာမှုနဲ့အတူ ရှောင်းကျန့် တယောက် အိပ်ယာထက်မှ ထထိုင်ဖို့ ကြိုးစားရင်း ညည်းညူလိုက်သည်။

*အား...ခေါင်းကလည်း ကိုက်လိုက်တာကွာ...လူကလည်း ကိုင်ရိုက်ထားသလိုပဲ...အ...ဟင်း...
ဟင်...

စောင်ကို ဖယ်လိုက်ရင်း ရုတ်တရက် လစ်ဟာသွားတဲ့ ခံစားချက်ကြောင့် ရှောင်းကျန့် လန့်ပြီး စောင်ကို ပြန်ဆွဲခြုံကာ မနေ့ညက အဖြစ်အပျက်တို့ကို ပြန်စဥ်းစားနေမိသည်။

​နေပါဦး...ငါက...ဘယ်လို လုပ်ပြီး စံအိမ်ကို ပြန်ရောက်လာတာလဲ...ပြီးတော့...အဝတ်အစားတွေကရော...ဘယ်ရောက်...အာ...

*ကော...နိုးပြီလား...လာ...
ဆေးသောက်ရအောင်...

*ဝမ်ရိပေါ်...မင်း...မင်း...ငါ့ကို...

ရှောင်းကျန့် တယောက် မျက်နှာ တခုလုံးရဲပြီး ဝမ်ရိပေါ်ကို လှမ်းဆွဲလိုက်သည်။

*ကော...ကောပဲ...စိတ်မဆိုးဘူးဆို...

*မင်းလူမှ ဟုတ်ရဲ့လား...
လာခဲ့...လာခဲ့စမ်း...

*ပြောပြီးသားလေ...ကျွန်တော်က နတ်ဘုရားပါဆို...ပြီးတော့ ကောပဲ ကလေးလိုချင်တယ် ဆိုလို့ဟာ...

*ဘာပြောတယ်...ကလေး...
အဲ့ဒါနဲ့ပဲ...မင်း...မင်း...ဒီလောက်ထိ...

*ကောပဲ...

*မင်း ပါးစပ်ပိတ်ထား...

ရှောင်းကျန့် မထနိုင်ပဲ အိပ်ယာပေါ် ပြန်လှဲနေလိုက်ရသည်။ ရိပေါ်က ဆေးပန်းကန်လေး ကိုင်ပြီး အနားမှာ ဝင်ထိုင်သည်။

*ဒီညက စပြီး...မင်း အခန်းပြောင်းနေ..

*ဟင်...ဘာလို့လဲ...မနေပါဘူး...ကောနဲ့ပဲ နေမှာ...ကောပဲ ကလေးလိုချင်တယ်ဆို...

*မင်း ပါးစပ်ပိတ်ထား ဝမ်ရိပေါ်...ငါ မင်းနဲ့ တူတူ မအိပ်ရဲတော့ဘူး...

*ေကာကလဲ...ကောပဲ ကောင်းကင်အိမ်ရှေ့စံ ဆိုပြီး ကလေးတယောက်ရအောင် မလုပ်နိုင်ဘူးလို့ လူကြားထဲ အော်ခဲ့ပြီး...ကျွန်တော်က ရအောင် လုပ်ပေးပြန်တော့လဲ...အခန်းခွဲနေခိုင်းတယ်...မတရားဘူး...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now