အပိုင်း ၂ (U&Z)

2.6K 177 0
                                    

(Unicode)

ထရန်းရွှယ်ရှမ်း.....
ဝူတန်တောင်မှာ ရှိတဲ့ တခုတည်းသော နတ်ဘုရားတို့ရဲ့ ပညာသင်ရာ ကျောင်းတော်.....

မနက်ခင်း နေရောင်အောက်မှာ ကျောင်းသားများက အုပ်စု အုပ်စုနဲ့ တစုံတခုကို တီးတိုး ပြောဆိုနေကြသည်။

ရှောင်းကျန့်က စာသင်ခန်းများကို ဖြတ်ကျော်ရင်း မိမိ သင်ကြားပေးရမည့် အခန်းဆီ ဝင်ခဲ့သည်။

ထရန်းရွှယ်ရှမ်းမှာ ရှိသမျှ သင်ကြားရေး ဆရာတွေက သက်တော် ငါးသောင်း အထက်မှာချည်း​ ဖြစ်ကြပေမယ့် အရှင်ရှောင်းကျန့် တယောက်သာ သက်တော် နှစ်သောင်းကျော်နှင့် ဆရာဖြစ်နေသည်။

အကြောင်းကတော့ ငယ်စဥ်ကပင် ဖခင်ထံမှ တိုက်ခိုက်ရေးပညာနှင့် မိခင်ထံမှ စာပေပညာကို သင်ယူခဲ့ရသည့် အရှင်ရှောင်းကျန်က ထရန်းရွှယ်ရှမ်းမှာ သင်ကြားမှုခံယူသောအခါ အလျှင်အမြန်ပင် တတ်ကျွမ်းလွယ်လေတော့သည်။ ဒါကြောင့်လည်း ထရန်းရွှယ်ရှမ်းမှာ အသက်အငယ်ဆုံး ဆရာအဖြစ် ပြန်လည် ခန့်အပ်ခြင်းကို ခံရလေသည်။

*ရှောင်းလောင်ရှစ်... ဒီနေ့ ကောင်းကင်နန်းတော်က အရှင့်သား ဝမ်ရိပေါ်...ရောက်မှာဆို...

စာသင်ခန်းထဲ ဝင်လျှင် ဝင်ခြင်း အနီးမှ ကျောင်းသား တယောက်က မေးလိုက်တာကြောင့် ရှောင်းကျန့်က လှမ်းနေတဲ့ ခြေလှမ်းကို ရပ်လိုက်သည်။

*အင်း...မနေ့ကတော့ ဆရာသခင် ပြောနေတာ ကြားမိတာပဲ...ဘာဖြစ်လို့လဲ...

*အရှင့်သား ဝမ်ရိပေါ်က အရမ်း အနေတည်ပြီး...ချောတယ် ပြောကြလို့ မြင်ဖူးချင်နေတာကြာပြီ ​ေရှာင်းလောင်ရှစ်ရဲ့...တကယ်ဆို ဝမ်းသာစရာကြီး...ဟီး...

​ေဩာ်...ထူးဆန်းပေစွ တကား...

ရှောင်းကျန့် ပြုံးလိုက်ရင်း ဆက်လျှောက်ကာ သင်ကြားရေး ဆရာထိုင်သည့် စာသင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ကျောင်းသားများက တညီတညွတ်တည်း ဦးညွတ်ကာ နှုတ်ဆက်လေသည်။

*မဂင်္ လာ နံနက်ခင်းပါ ရှောင်းလောင်ရှစ်...

ရှောင်းကျန့်လည်း ပြန်လည် ဦးညွတ်လိုက်ရင်း သင်ကြားခြင်းကို စတင်လိုက်လေသည်။ အရှင့်သား ဝမ်ရိပေါ် ရောက်လာမည်ဆိုသည်ကို နည်းနည်းမျှပင် သတိမရတော့.....

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now