အပိုင်း ၃၉ (U&Z)

1.2K 97 2
                                    

(Unicode)

*မယ်တော်...

အဆောင်ထဲ ဝင်လာတဲ့ သမီးတော် ဝမ်ဖေ့ဖေ့ကြောင့် ရှင်းစု ပန်းပင်များ ပြုပြင်နေရာမှ လှမ်းကြည့် လိုက်သည်။

*ဒီမှာ သမီးတော်...ဥယျာဥ်ထဲ မှာ...

*စိတ်ကြည်နေတယ်ပေါ့...ဉယျာဥ်ထဲ ရောက်နေတယ်ဆိုတော့...

ပန်းပင်တွေကြား ပြုံးရွှင်နေတဲ့ မယ်တော့်ကို ကြည့်ပြီး ဝမ်ဖေ့ဖေ့ မေးမိသည်။

*အင်း...ပြဿနာ တခု ရှင်းပြီးပြီလေ...အဲ့တော့ စိတ်နည်းနည်း အေးသွားပြီ...

*ဟိုကိစ္စ ပြောလိုက်ပြီလား မယ်တော်...ခမည်းတော် ကရော ဘာပြောသေးလဲ...

*သူကတော့ စာအုပ်ကြီး အတိုင်းပေါ့...အမြဲပဲ ကောင်းကင်ဘုံကျောင်းကို အလေးထားနေတာလေ...

သားကိစ္စနဲ့ ပတ်သတ်တော့ ခင်ပွန်းကိုပါ အမြင်မကြည်တော့တဲ့ မယ်တော့်ကို ဝမ်ဖေ့ဖေ့ ဘယ်လို နှစ်သိမ့်ပေးရမည်မသိ ဖြစ်ရသည်။

*တကယ်ပဲ...အလေးထားလောက်စရာ ရှိလို့ဖြစ်မှာပါ မယ်တော်ရယ်...

*အမလေးအေ...ဖအေဘက် လိုက်ပြောနေလိုက်တာ...ဒါနဲ့ ဘာကိစ္စ ရှိလို့ လာတာလဲ...

အကြောင်းမကြား ဘာမကြားနဲ့ ရောက်လာတဲ့ သမီးတော်ကို ရှင်းစုက အကြောင်းအရင်း မေးလိုက်သည်။

*ရှင်းလန်က သူတယောက်ထဲ ဖြစ်နေလို့ လာခဲ့ပါဦးတဲ့...အိမ်ရှေ့စံ ကလည်း အဆောင်မှာ အမြဲ မရှိဘူးတဲ့...ဒါကြောင့် တပတ်လောက် ရှင်းလန်ဆီ လာနေပေးမလို့လေ...မယ်တော်နဲ့လည်း စကားလေး ဘာလေး ပြောရတာပေါ့...

*အင်း...ရှင်းလန်လည်း သနားပါတယ်...တယောက်ထဲ ဆိုတော့ ပျင်းရှာမှာပေါ့...အရင်ကတော့ ပြောစရာ သွားစရာ သားတော် အဆောင်ရှိသေးတယ်...အခု သားတော်ကလည်း နန်းတော်က ကိစ္စပြီးတာနဲ့ ပျောက်တာပဲလေ...

သားအကြောင်း ပါလာတိုင်း ရှင်းစု ရင်လေးရသည်။

*ဒီနေ့တော့ သမီးရောက်နေတာမို့ ထမင်းတူတူ စားဖို့ ခေါ်ထားတယ်...မိသားစုတွေ မျက်နှာစုံညီ မတွေ့ရတာ ကြာပြီလေ...

*ဟုတ်ပ...သမီးတော် လာမှပဲ...ဒါမျိုးတွေ လုပ်ရတော့တယ်...ရှင်းလန်ကတော့ မယ်တော့်ဆီ ရံခါလာတတ်ပါတယ်...ဒါပေမဲ့ သမီးတော်လိုတော့ အားလုံးကို ဘယ်ခေါ်ရဲမလဲလေ...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now