အပိုင်း ၁၅ (U&Z)

1.2K 111 0
                                    

(Unicode)

ရှောင်လွဲမရတဲ့ အခြေအနေမှာ ရှောင်းကျန့်ခမျာ ကောင်းကင်နတ်ဘုရားနဲ့ တွေ့ရတော့သည်။ သိပြီးသားမို့ ဝမ်ဖေ့ဖေ့က မျက်နှာ ပျက်နေပေမယ့် ဝမ်တုမိန်ကတော့ မျှော်လင့်တကြီး ရှိနေသည်။

ရှောင်းကျန့်က ရုတ်တရက် ဒူးထောက်ပြီး လက်နှစ်ဘက်ကို ဆုပ်ကာ ဦးညွှတ်လိုက်သည်။

*အရှင့်ရဲ့တောင်းဆိုချက်ကို လက်မခံနိုင်ခဲ့လို့...ကျွန်တော် တောင်းပန်ပါတယ်...

ရှောင်းကျန့် စကားအဆုံးမှာ ဝမ်တုမိန်က ခေါင်းတဆတ်ဆတ် ငြိမ့်နေပေမယ့် မိဖုရားကြီး ရှင်းစုကတော့ စိတ်တိုနေဟန်ရှိသည်။

နယ်ပယ်အသီးသီးက နတ်ဘုရားတွေက ဝိုင်းဝိုင်းလည်အောင် လက်ဆက်ချင်နေတဲ့ သမီးတော်ကို ဘာမဟုတ်တဲ့ ထရန်းရွှယ်ရှမ်းက ဆရာက ငြင်းရသတဲ့လား.....

*ကျွန်တော်က မင်းသမီးနဲ့ လက်ဆက်ရလောက်အောင် မပြည့်စုံပါဘူး...ဒါကြောင့်...

*ကော...ကောက ဘယ်နေရာမှာ မပြည့်စုံလို့လဲ...တကယ်ဆို ကျဲကျဲကတောင် လိုအပ်နေသေးတာ...

အတင်းဆွဲထူကာ တရပ်စပ် ပြောနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် တားချိန်မရခဲ့။

*ခမည်းတော်...ကျဲကျဲကို သင့်တော်တဲ့ တခြားသူနဲ့ စီစဥ်ပါ...ကောနဲ့တော့ မဖြစ်ဘူး...

ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်ကို ဆွဲကာ ဧည့်ဆောင်မှ ဝမ်ရိပေါ် ထွက်ခဲ့သည်။

*တောက်...ရာရာစစ ဒင်းလို ထရန်းရွှယ်ရှမ်းက ဆရာကများ ငါ့သမီး​ေတာ်ကို ငြင်းရဲတယ်လား...ငါ့ အကြောင်း သိ​ေစရမယ်...

*မဟုတ်သေးပါဘူး မိဖုရားရယ်...ဒါမျိုးက အတင်းအကြပ် လုပ်ယူရတာမျိုးမဟုတ်သလို...အရှင်ရှောင်းကျန့်ကလည်း သက်မဲ့ ဝတ္တု မှ မဟုတ်တာ...ငြင်းပိုင်ခွင့်ရှိပါတယ်...ဒါကို ဒေါသထွက်လို့ ဘယ်ဖြစ်မလဲ...

*ဒါပေမဲ့...ဒင်းက သားတော်လေးရဲ့အကာအကွယ်နဲ့...အတင့်ရဲပြီး ငြင်းနေတာလေ...
တကယ်ပဲ...ကျွန်မ သားတော်ကိုရော ဘယ်လို စည်းရုံးထားတယ် မသိဘူး...ဟင်း...

ရှင်းစု ဒေါသကို ထိန်းမရ။ အသား တဆတ်ဆတ်တုန်အောင် ဒေါသထွက်နေသည်။ ဝမ်ဖေ့ဖေ့ကတော့ သူမ ကို လက်ဆက်ခွင့်ရခြင်းသည် ထိုသူရဲ့ဆုလာဒ်တပါး ဖြစ်လိမ့်မည်ဟုခံယူထားသဖြင့် အခုလို အငြင်းခံရခြင်းအတွက် ရှက်စိတ်ရော နာကျည်းမှုရောပေါင်းကာ တအိအိငိုနေတော့သည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now