(Unicode)
အိမ်မက်ကမ်းပါး.....
ဒါက ရှောင်းကျန့်ရောက်မှ ပေးထားတဲ့ နာမည်.....
အမြဲတမ်း မြူတွေနဲ့ ပြည့်နေတဲ့ ချောက်ကမ်းပါးစွန်းမှာ ဆောက်ထားတဲ့ အရှင်ရှောင်းကျန့်ရဲ့သီးခြားနေရာ.....
အခွင့်မရှိရင် မဝင်နိုင်အောင် မန္တန် တွေနဲ့ သော့ခတ်ထားတဲ့ နေရာလေး.....*ဟာ...သခင်လေး ပြန်လာပြီ...
ဝမ်းသာအားရ ပြေးထွက်လာတဲ့ ကိုယ်ရံတော် ယွီပင်း။ ရှောင်းကျန့်က ပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။
*ခြံထဲမှာ ဘာတွေ ထူးထူးခြားခြား ဖြစ်သေးလဲ ယွီပင်း...
*ဘာမှ မဖြစ်ပါဘူး သခင်လေး...အားလုံး အဆင်ပြေပါတယ်...
ရှောင်းကျန့်က ခေါင်းညိမ့်ပြရင်း မိမိ အဆောင်ရှိရာဆီ လှမ်းသွားလိုက်သည်။ ယွီပင်းက မီးဖိုဆောင်ဆီ ပြေးထွက်သွားလေသည်။
တကယ်ဆို ထရန်းရွှယ်ရှမ်းမှာ သူ လုပ်စရာတွေ မပြီးသေးဘူး။ ဒါပေမယ့် ဝမ်ရိပေါ်ရဲ့ ပုံရိပ်တွေနဲ့ ပြည့်နေတာကြောင့် သူ ဆက်မနေရဲလို့ ပြန်လာခဲ့တာဖြစ်သည်။
ဒီမှာဆိုရင်တော့...မင်းကိုသတိရတာ...နည်းနည်း သက်သာမယ်ထင်တယ် ရိပေါ်...
❣ ❣❣ ❣❣❣
မယ်တော့် နန်းဆောင်ထဲ ဝမ်ရိပေါ် တယောက် ငြိမ်ငြိမ်လေး ထိုင်နေသည်။ မယ်တော်ကတော့ သူ့ကို သုန်သုန်မှုန်မှုန်နဲ့ ကြည့်နေဆဲ။
*သားတော်လေး... ကိုယ့်ဆီလာတဲ့ ဧည့်သည် ကို အခုလို လုပ်တာ...မယ်တော် သဘောမကျဘူးနော်...
*သားတော်...ဘာလုပ်မိလို့လဲ မယ်တော်ရယ်...
*ဘာလုပ်မိလို့လဲ...ဟုတ်လား...ဒါဆို မနေ့ညနေက သားတော်လေး ဘယ်ရောက်နေတာလဲ...ရွှေရှင်းလန်ကို ဘယ်လောက် အားနာစရာကောင်းသလဲ...သူ့ခမျာ သားတော်ေလးနဲ့အတူ နိုင်ငံထဲ လှည့်ကြည့်ဖို့ စောင့်နေရှာတာလေ...ခုတော့ ခမျာ စိတ်မကောင်း ဖြစ်နေရှာတာပေါ့...
ဝမ်ရိပေါ် ခေါင်းရမ်းလိုက်သည်။
*သားတော်...လုပ်စရာရှိတယ်လို့ ပြောခဲ့တယ်လေ...ကျဲကျဲကိုတောင် လိုက်ပို့ပေးလိုက်ဖို့ မယ်တော့်ရှေ့တင် ပြောခဲ့သေးတာပဲဟာ...
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fiksi Penggemarချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...