(Unicode)
*ဒါဆို ရိပေါ် အပြစ်ပေး ခံရမှာပေါ့...ဒုက္ခ ပါပဲ...ဘယ်လို လုပ်ကြမလဲ...ကော ကြောင့်ပါ ရိပေါ်ရယ်...ကော မကောင်းတာပါ...အကြီးဖြစ်ပြီး အငယ်ကို မထိန်းပဲ...အလိုတူ အလိုပါ လုပ်ခဲ့မိတာ...ခုတော့ ရိပေါ် အပြစ်ပေး ခံရတော့မယ်...
ကောင်းကင် ဘုံကျောင်းက ပြစ်ဒဏ်ချတဲ့ အကြောင်းကို ခမည်းတော် ပြောပြလို့ ရိပေါ် သိပြီး ဖြစ်သည်။ မယ်တော်ကတော့ သူ့ကို မျက်နှာချင်းဆိုင်ဖို့ မပြောနှင့် စကားပင် မပြောတော့။ အဆောင်ထဲကိုလည်း အဝင်မခံ။ စိတ်အဆိုးကြီး ဆိုးကာ နေသည်။
ဒါပေမဲ့ ရိပေါ်ကတော့ ကျေနပ်မိသည်။ ဘာပဲဖြစ်ဖြစ် အရှင်ရှောင်းကျန့်သည် သူ၏ တရားဝင် လက်ထပ်ထားသူ ဖြစ်ကြောင်း သိသွားကြပြီ မဟုတ်လား။
*ကော ဘယ်လို လုပ်ပေးရမလဲ ရိပေါ်ရယ်...အဲ့အပြစ်ဒဏ်က ကောကြောင့် ဖြစ်ရတာ...ကော မကောင်းတာ...ကော ဘာလို သဘောတူ ခဲ့မိတာလဲ...
မျက်ရည်တွေကျရင်း သူ့ကိုယ်သူ တဖျစ်တောက်တောက် အပြစ်တင်နေတဲ့ အရှင်ရှောင်းကျန့်ကို ရိပေါ် က ကြင်နာစွာ ထွေးပွေ့လိုက်သည်။
*ကော ကြောင့်မဟုတ်ပါဘူး...ဦးလေးကျားမိန် ပြောပြပါတယ်...ကျွန်တော်က ကောကို ဆုံးရှုံးရမှာ ကြောက်ပြီး အရမ်းကိုပဲ လက်ထပ်ချင်နေခဲ့တာတဲ့...အဲ့ဒါကြောင့် ကောက ကျွန်တော့်ကို လက်ထပ်ခဲ့ရတာတဲ့...အဲ့တော့ ကော အပြစ်မဟုတ်ပါဘူး...ကျွန်တော့် အပြစ်...
ပြီးတော့ အပြစ်ဒဏ်ကလည်း...၇ ချက်ထဲပါ ကောရယ်...မွ...*၇ ချက်ထဲ...ဘယ်လိုများ ပေါ့ပေါ့ပါးပါး ပြောနိုင်ရတာလဲ ရိပေါ်ရယ်...
မိမိ နှာဖူးပြင်ကို နမ်းရင်း အေးအေးလူလူ ပြောနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်လုံးလေးများပင် ဝိုင်းသွားရသည်။
*အဲ့ ၇ ချက်က မင်းသေသွားဖို့ လုံလောက်တယ် ရိပေါ်...မင်း မတွေး မိဘူးလား...နည်းနည်းလေးမှ မင်းအတွက် မစိုးရိမ်ဘူးလား...ဟင်...
*ဘာဖြစ်လဲ ကောရယ်...ကောကို လက်ထပ်ခဲ့လို့ သေရမယ်ဆိုလည်း သေပေးလိုက်မှာပေါ့...ပူစရာလား...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fiksi Penggemarချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...