(Unicode)
ရှောင်းကျန့် အိပ်မပျော်နိုင်ဘူး။ ကုတင်ပေါ် ထိုင်ရင်း ကြမ်းပေါ်မှာ အိပ်နေတဲ့ ဝမ်ရိပေါ်ကို ငေးကြည့်နေမိသည်။
ဒီကောင်လေး ငါ့ဆီ ရောက်လာတာ အကြောင်းမဲ့ မဟုတ်ဘူးပဲ...သူ ဘာတွေများ စဥ်းစားပြီး ရောက်လာတာပါလိမ့်...
စ ရောက်လာကတည်းက အခုအချိန်အထိ ဝမ်ရိပေါ် ပြောသမျှ လုပ်သမျှတွေက ထူးဆန်းနေသည် မဟုတ်ပါလား။ ရှောင်းကျန့် မနေနိုင်စွာပဲ ကုတင်ပေါ်မှ ဆင်းကာ ဝမ်ရိပေါ် အိပ်နေတဲ့ နေရာအနား ဆောင့်ကြောင့်လေး ထိုင်ရင်း ကြည့်နေမိသည်။
တကယ့် ကလေးလေးပါပဲ...ငါ့ထက်လည်း အများကြီး ငယ်တယ်...ပြီးတော့ ငါ့တပည့်လို့ ပြောလို့ရသေးတယ်...ငါ့စောင့်ရှောက်မှုအောက်မှာ နေတဲ့ ဒီကောင်လေးရဲ့စိတ်ထဲမှာ ဘာတွေများ စဥ်းစားနေတာလဲ...
*ရိပေါ်...မင်း ကောအနားမှာပဲ တွယ်ကပ်နေလို့မရဘူး...မင်းအသက်ငယ်သေးတယ်...စိတ်အလိုလိုက်လို့ မရဘူးလေ...မင်းရဲ့အတောင်ပံတေွကို ဖြန့်ကျက်ဖို့ အတွက် ကျယ်ပြန့်တဲ့ ကောင်းကင်ကြီး ရှိသေးတယ်...မင်း အတွက် အနာဂါတ်မှာ လုပ်စရာတွေလည်း အများကြီး ရှိတယ်...မင်း ကောကို သံယောဇဥ်အများကြီး မထားသင့်ဘူး...ကောမှာ မင်းကို ချည်နှောင်ထားဖို့ ပြောစရာစကားလည်း အများကြီးမရှိဘူး...ကောကို အများကြီး မတွယ်တာပါနဲ့လား ရိပေါ်...မင်း လွတ်လပ်တဲ့ ဘဝတခုကို ကောင်းကောင်းမွန်မွန် ပိုင်ဆိုင်နိုင်ဖို့ပဲ ကော မျှော်လင့်ထားတယ်...
အင်း.....
သံရှည်ဆွဲကာ အကြောဆန့်ရင်း တဖက်ကို လှည့်သွားတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် စိတ်မကောင်းစွာကြည့်နေမိသည်။ တတ်နိုင်သမျှ ဝမ်ရိပေါ်နဲ့ သူ ဝေးဝေးနေဖို့လည်း ဆုံးဖြတ်လိုက်သည်။ ဝမ်ရိပေါ် ခေါင်းထက်က ဆံပင်လေးတွေကို ခပ်ဖွဖွ သပ်ပေးလိုက်ပြီး အိပ်ရာဆီ ပြန်ခဲ့သည်။
ကျောခိုင်းထားတဲ့ ကောင်လေးမျက်နှာပေါ်က မျက်ရည်စီးကြောင်းတွေကို သူ မသိလိုက်တော့ဘူးလေ။
❣ ❣❣ ❣❣❣
*ကော...ဒါ လှေပြိုင်ပွဲပေါ့...ဟုတ်လား...
![](https://img.wattpad.com/cover/281679644-288-k755254.jpg)
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanficချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...