(Unicode)
မိမိ အဆောင်ထဲက အလျင်အမြန် ပြန်ထွက်သွားတဲ့ အရှင်ရှောင်းကျန့်ကို ကြည့်ရင်း ရိပေါ် ထူးဆန်းနေမိသည်။
*အရှင့်သား...
ဟင်...သခင်လေး...အဲ့ အရှင်ရှောင်းကျန့်က ဘယ်ရောက်သွားတာလဲ...စစ်ကျွေးက ရေနွေးကြမ်း ပန်းကန်များ သယ်လာရင်း မေးလေသည်။
*ပြန်သွားပြီလေ...
*ဟင်...ချက်ချင်းကြီး...
စစ်ကျွေး စိတ်မကောင်း ဖြစ်မိသည်။ သခင်လေးက တခုခုကြောင့်သာ ချက်ချင်း ပြန်သွားတာ မဟုတ်လား။
*အရှင့်သား...အရှင်ရှောင်းကျန့်နဲ့...ပြဿနာ တခုခု ဖြစ်လို့များလား...
*ပြဿနာ တ...ခု...ခု...
အာ...ငါ့ကို လာဖက်လို့...နောက် အဲ့လို မလုပ်ဖို့ ပြောလိုက်တာ...ရိပေါ် ဝေဝေဝါးဝါးနဲ့ ပြန်ပြောမိသည်။ စိတ်ထဲမှာလည်း မတင်မကျ ဖြစ်နေမိသည်။
*စစ်ကျွေး...မင်းက ငါ့ဆီမှာ အမှုထမ်းလာတာ ကြာပြီဆိုတော့...တခုလောက် မေးချင်တယ်...
*ဘာများပါလဲ အရှင့်သား...
*အရှင်ရှောင်းကျန့်က ငါ့ဆရာဆို...ပြီးတော့ ငါ့ကို သဘောကျေနလို့...ရှင်းလန်နဲ့ ငါ့ကြားမှာ ပြဿနာတွေ ဖြစ်အောင် လုပ်ခဲ့တာဆို...
*ဘယ်သူပြောတာလဲ...
*မယ်တော် ပြောတာ...
အဟား...မိဖုရားကြီးကလား... ဒါမျိုးတော့ ကျွမ်းသားပဲ...
နေနှင့်ဦး...စစ်ကျွေး အကြောင်း သိရစေမယ်...ဟွန်း...*အင်း...အဲ့ကိစ္စက နည်းနည်းေတာ ့ရှုပ်တယ်...ဘာလို့လဲ ဆိုတော့ အရှင့်သားကလည်း အရှင်ရှောင်းကျန့်ကို ကိုယ့်ဆရာဆိုပြီး မျက်နှာသာ အရမ်း ပေးတာကိုး...အဲ့တော့ အရှင်ရှောင်းကျန့် ထင်လွဲလောက်စရာပေါ့...
ဒီလို လုပ်ပါလား...အရှင်ရှောင်းကျန့်ကို အရှင့်သားအနားမှာထားပြီး...အရှင့်သားနဲ့ မင်းသမီးက ဒီလို ချစ်နေကြတာပါလို့ သိအောင် ပြလိုက်ရင်...သူလည်း နောက်ဆုတ်သွားမှာပေါ့...ဒါဆို အရှင့်သားတို့ကိုလည်း သူ နှောက်ယှက်မှာ မဟုတ်တော့ဘူးလေ...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...