(Unicode)
ရွှေရှင်းလန် အဆောင်ထဲ စစ်ကျွေးကို ခေါ်ပြီး ဝမ်ရိပေါ် ဝင်ခဲ့သည်။
*ဟင်...
ရှေ့မှာ တွေ့လိုက်ရတာက မယ်တော်နဲ့အတူ အစ်မတော် ဝမ်ဖေ့ဖေ့ရဲ့ ယောက္ခမဖြစ်တဲ့ ရွှေရှင်းလန်ရဲ့ ခမည်းတော် ရေနတ်ဘုရားတို့ ဇနီးမောင်နှံ။ ဝမ်ရိပေါ်ရဲ့ လှမ်းနေတဲ့ ခြေလှမ်းတို့ ရပ်တန့်မတတ်ဖြစ်သွားရသည်။ သို့သော် ဟန်မပျက်အောင် ထိန်းရင်း အနီးဆီ လျှောက်သွားလိုက်သည်။
*ကြွပါ အိမ်ရှေ့စံ...
ရေနတ်ဘုရားက နေရာမှ ထကာ ဆီးကြိုလေသည်။ ဝမ်ရိပေါ်ကလည်း ဦးညွတ်လိုက်ရင်းနှုတ်ဆက်သည်။
*ရေနတ်ဘုရား ရောက်နေတာကိုး...ဘယ်တုန်းက ရောက်တာလဲ...ကျွန်တော် မသိလိုက်လို့ အရှင့်ကို သင့်တော်အောင် မကြိုဆို လိုက်ရဘူး...တောင်းပန်ပါတယ် အရှင်...
*မဟုတ်တာ...မဟုတ်တာ...ကျွန်တော်တို့က အကြောင်းမကြားပဲ ရုတ်တရက် ရောက်လာမိတာပါ...ကျွန်တော်တို့ဘက်က ပျက်ကွက်ခဲ့တာပါ...အိမ်ရှေ့စံရဲ့ အပြစ်မဟုတ်ပါဘူး...
*ကျဲကျဲ...ဖိတ်ခေါ်လာတာလေ...ခမည်းတော်တို့ကလည်း ကောင်းကင်နန်းတော်ကို စိတ်ပူနေတာနဲ့...အခြေအနေသိရအောင် ခေါ်လာပေးတာ...
လာ...အရင် ထိုင်ပါဦး မောင်လေးရဲ့...အစ်မဖြစ်သူ ဝမ်ဖေ့ဖေ့က ဟင်းပန်းကန်ကို ကိုင်ကာ အဆောင် ဝင်လာရင်း ပြောသဖြင့် ဝမ်ရိပေါ်က ခေါင်းညိမ့်ြပလိုက်သည်။ နံဘေးမှ ခုံကို စစ်ကျွေး ထိုင်ဖို့ ညွှန်ပြရင်း ဝမ်ရိပေါ်က စားပွဲမှာ ဝင်ထိုင်လိုက်သည်။
စစ်ကျွေးက နတ်ဘုရားတွေနဲ့အတူ တတန်းထဲ စားပွဲမှာ ဝင်ထိုင်လိုက်လို့ မယ်တော်က မျက်နှာပျက်သွားပေမယ့် ရွှေရှင်းလန် ပြောထားတာကြောင့် ထင်သည် ဘာမျှတော့ မပြောချေ။
*ဒီမှာကတော့ လောလောဆယ် အဆင်ပြေပါတယ် အရှင်...ခမည်းတော်က စစ်ထွက်နေရတော့ ကျွန်တော်ပဲ ဦးဆောင်နေရတာပေါ့...ဒါပေမယ့် ခမည်းတော် သင်ပြခဲ့တာရယ်...အရှင်ရှောင်းယွမ်ဆီက သင်ယူခဲ့ရတာတွေနဲ့...ချင့်ချိန်ပြီးတော့ အဆင်ပြေအောင် လုပ်ဆောင်နိုင်ပါတယ်...ခမည်းတော်လည်း မကြာခင် နန်းတော်ကို ပြန်လာနိုင်မယ် ထင်ပါတယ် အရှင်...
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
Fanfictionချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...