လှပတဲ့မက်မွန်ပင်ကြီးအောက်မှာကျောက်စိမ်းကုတင်တစ်လုံးရှိပီး၎င်း
ကုတင်ပေါ်မှာတော့ချစ်စရာ 7နှစ်အရွယ်ကောင်မလေးတစ်ယောက်
တစောင်းလဲလှောင်းပီးစစ်နည်းဗျူဟာကျမ်းကိုစိတ်ဝင်တစားဖတ်နေခဲ့
တယ်...လေတစ်ချက်အဝှေ့ပါပါလာတတ်တဲ့မှာမက်မွန်ပန်းလေးတေရဲ့ရနံ့ဟာလူကိုစိတ်ရွှင်လန်းစေတယ်...ထိုစဥ်...အရိပ်တစ်ခုက
ရုတ်ချည်းပေါ်လာခဲ့တယ်...
"ဘာထူးလို့လည်း"
"လျှောက်တင်ပါတယ်"
"ရေတိုင်းပြည်မင်းသားငယ်က ဟွားရန် စီလာခဲ့ပါတယ်သူ့ကမင်းသားကြီးရဲ့လူသိမခံတဲ့လျှို့ဝှက်ချက်တေကိုဖော်ထုတ်ချင်နေပုံရပါတယ်...."
"System ငါကိုရေတိုင်းပြည်မင်းသားငယ်ကြောင်းစုံစမ်းပေးသူကဘယ်လိုလူလည်း"
"Point 10"
"နှုတ်လိုက်"
ဒင်!!point 10နှုတ်ပီးပါပီလက်ကျန်point 790
ရေတိုင်းပြည်ဘုရင်မှာမိဖုရားခေါင်တစ်ယောက်နဲ့ကိုယ်လုပ်တော်တစ်ယောက်ရှိတယ်မင်းသားကြီးလန်ချန်းရီကိုမိဖုရာခေါင်ကမွေးဖွားပီး
မင်းသားငယ်လန်ကျန်းယွီကိုတော့ကိုယ်လုပ်တော်ကမွေးဖွားတယ်
ကိုယ်လုပ်တော်နဲ့ရေတိုင်းပြည်ဘုရင်ကငယ်စဥ်ကထဲကသိကြပီးဘုရင်ကသူမကိုချစ်နေခဲ့တယ်...သူနန်းတက်တော့နောက်ခံအတွက်အမတ်ချုပ်ကြီးရဲ့သမီးလက်ရှိမိဖုရာခေါင်နဲ့အတူနန်းတက်ခဲ့တယ်....နန်းတက်ပီးတစ်နှစ်အကြာအာဏာတည်မြဲတဲ့အချိန်မှာမင်းသားငယ်အမေကိုကိုယ်လုပ်တော်မြှောက်ခဲ့တယ်
"ဘာလို့မိဖုရားငယ်မမြှောက်ဘဲကိုယ်လုပ်တော်လဲသူမကိုချစ်တယ်ဆိုအနည်းဆုံးမိဖုရားငယ်တော့မြှောက်သင့်တယ်"
တစ်ကယ်တော့အဲ့အချိန်မှာကိုယ်လုပ်တော်ကစစ်သူကြီးနဲ့ချစ်ကျွမ်းဝင်ခဲ့တယ်ကိုယ်လုပ်တော်ကလက်ရှိဘုရင်ကိုမောင်ငယ်လေးအဖြစ်ဘဲသဘောထားခဲ့တာ
သူမကိုယ်လုပ်တော်အဖြစ်နန်းတွင်းရတော့စစ်သူကြီးလည်းဘုရင်ကို
အာမခံရဲ့လို့နောက်ဆုတ်ခဲ့ရတယ်ကိုယ်လုပ်တော်ကဘုရင်ကိုမချစ်ပေမယ့်
မုန်းတီးမှုလည်းမရှိဘူးသူမကသူငယ်ချင်းသံယောဇဥ်ထောက်ပီး
သစ္စာစောင့်ခဲ့ပေမယ်လည်းမင်းသားငယ်ကိုမွေးရင်း
ကံတော်ကုန်သွားခဲ့တယ်....ဘာလို့မိဖုရားငယ်ရာထူးမပေးလည်းဆိုတော့သူမကကိုယ်လုပ်တော်အဖြစ်ပဲနေဖို့တောင်းဆိုထားလို့ပါ
သူမကမိဖုရာခေါင်ကြီးရဲ့မျက်လုံးထဲမဝင်အောင်နေချင်ပုံဘဲ
ဒါပေမယ့်သူမမသိတာကသူမနန်းတွင်းဝင်တဲ့နေ့ထဲက
မိဖုရာခေါင်ကြီးရဲ့မျက်လုံးထဲဝင်သွားပီဆိုတာဘဲသူမရောက်တဲ့အချိန်ကစဘုရင်ကမိဖုရာခေါင်ကိုလျစ်လျူရှုခဲ့တယ်အဆောင်ယောင်ပြည့်ပေးထားပေမယ်ဂရုတော့မစိုက်ခဲ့ဘူးသူကသူတို့ရဲ့သားကို
တောင်မျက်ကွယ်ပြုထားတယ်....မိဖုရားခေါင်ကသူမကိုလျစ်လျူရှုတာ
ခံနိုင်ပေမယ်သူမရဲ့သားကတော့မဟုတ်ဘူး...သူကသူ့ခမည်းတော်စီကအာရုံစိုက်မှုရအောင်..စာပေ...ဓါးရေး...ကြင့်ကြံမှု...
အမြဲထူးချွမ်အောင်ကြိုးစားတယ်....ဒါပေမယ့်လည်းသူကကိုယ်လုပ်တော်ရဲ့သားမင်းသားငယ်လောက်တောင်အရေးစိုက်မခံရဘူး..
ကြီးလာတော့မင်းသားကြီးကဘုရင်ပေါ်အရေးမစိုက်တော့ဘူး
အသက်15နှစ်ကစပီးမင်းသားကြီးကဘုရင်ကိုခမည်းတော်လို့မခေါ်တော့ဘူး....တစ်ဖက်မှာလန်ချန်းရီကလစ်လျူရှုခံရပေမယ်
လန်ကျန်းယွီကဘုရင့်ရဲ့အချစ်ခံရတယ်...ဒါပေမယ်အကောင်းအဆိုးကဒွန်တွဲနေတာဘဲ....လန်ချန်းရီကလျစ်လျူရှုခံရပေမယ့်အဲ့တာကသူ့ကိုသန်မာစေတယ်...အခုသူ့အသက်17နှစ်နဲ့
အမြုတေနောက်ဆုံးအဆင့်ရောက်နေပီ...လန်ကျန်းယွီကတော့
သူ့အကိုလောက်မတော်ဘူး...အဲ့အပြင်ဥာဏ်နီဥာဏ်နက်များပီးကောက်ကျစ်တယ်...နောက်ကျောဓါးနဲ့ထိုးမဲ့လူမျိုးဘဲ.....
သူ့အကိုရဲ့မကောင်းသတင်းရှာနေပုံရရင်သူတစ်ခုခုကြံစည်နေပုံဘဲ...
ဒါပေမယ်မင်းသားကြီးကအရှုပ်အရှင်းကင်းတယ်သူ့မှာမကောင်းသတင်းမရှိသလောက်ဘဲ.....
"ရပီ"
"တစ် မင်းသားငယ်ရဲ့မကောင်းသတင်းရှာပီးမင်းသားကြီးစီပို့လိုက်ပါ
သူတို့ပြောလိုက် ဟွားရန်သခင်မရဲ့သေးငယ်တဲ့လက်ဆောင်လေးပါလို့..
နောင်တစ်ချိန်ဟွားရန်ကိုမျက်နှာသာအနည်းငယ်ငပးဖို့မျော်လင့်ပါတယ်လို့"
"နားလည်ပါပီ"
"ဘာကျန်သေးလည်း"
"မီးတိုင်းပြည်ကလူတစ်ယောက်ကိုရှာနေပါတယ်"
"အဲ့တော့"
"မီးတိုင်းပြည်ဘုရင်ကိုယ်တိုင်ရှာနေတာပါဒီကိစ္စကိုမပေါက်ကြားအောင်လည်းသတင်းပိတ်ထားပါတယ်...ဘုရင့်အယုံကြည်ရဆုံး
လူအနည်းငယ်ဘဲသိတာပါ..ကျွန်နော်တို့သူလျှိုတောင်ဘယ်သူမှန်းမ
စုံစမ်းနိုင်ပါဘူး"
"အို့ ကြည့်ရတာတော်တော်အရေးကြီးပုံဘဲဆက်စောင့်ကြည့်ခိုင်းလိုက်"
"လေတိုင်းပြည်နဲ့မြေတိုင်းပြည်မှာပုံမှန်ပါဘဲ...သူတို့အခုထိဘာမှမလှုပ်ရှားသေးပါဘူး....လေတိုင်းပြည်မင်းသား
ကဒီနှစ်စွမ်းအင်စမ်းသပ်ပွဲမှာပါဝင်မယ်ကြားပါတယ်"
"သိပီ"
လျှံရှင်းပြောပီးချင်းခုဏတုန်းကနေရာမှာဘယ်သူမှမရှိခဲ့သည့်အလား..
"မင်းသမီး!!!မင်းသမီး!!!"
လျှံအသံကြားလို့ကြည့်လိုက်တော့ယင်..ယင်နဲ့သူမကအသက်လပိုင်းသာကွာသည်
"ယင်ဘာကိစ္စလဲ...."
"မင်းသမီး..အစ်မရှောင်စစ်လမုန်တေလုပ်ထားလို့လာပို့ပေးတာ"
ပြောရင်းလမုန့်ကိုကုတင်ဘေးကစားပွဲပေါ်ချလိုက်တယ်...
"ယန်ရော"
"အစ်ကိုကသိုင်းကျင့်နေတယ်...အစ်မရှောင်စစ်ကမုန့်လုပ်နေတယ်
ကျွန်မကိုမင်းသမီးကိုအဖော်လာလုပ်ပေးတာ"
"အို့"
"သူ့တို့ကိုပြောလိုက်ပါနောက်နှစ်ရက်နေရင်မြို့တော်ပြန်မယ်လို့...
အသင့်ပြင်ခိုင်းထားလိုက်....."
" နားလည်ပါပီ"
........
ဟွားမြို့ဘုရင့်နန်းဆောင်"ကုန်းကုန်းနောက်နှစ်ရက်နေရင်မင်းသမီးပြန်လာလေ့မယ်ကြိုဆိုပွဲပြင်ထားလိုက်...နောက်ပီးဘုရင်မကိုပြောလိုက်အုန်းသူ့အချစ်နတာ်လေးပြန်လာပီလို့"
"နားလည်ပါပီ"ကုန်းကုန်းလည်းဘုရင်ခိုင်းတာလုပ်ဖို့ထွက်သွားတော့
တယ်....