"Morning Uncle cloud "
"Morning ပါမမလေး"
"မမလေးဒီအပတ်ကျရင်သခင်ကြီးပြန်လာပါမယ်"
"Daddy လား..ok သိပီ"
Rose ကျောင်းကိုထွက်လာလိုက်တယ်...Rose ကျောင်းရောက်တော့အတန်းထဲဝင်ပီးကိုယ့်ခုံကိုယ်သာဝင်ထိုင်ဖို့လုပ်ထားပေမယ်...သူမရဲ့ခုံပေါ်မှာရောက်နေတဲ့ပန်းတေကိုမြင်တော့စိတ်ညစ်သွားတယ်...
ပြဿနာကိုရှင်းပီးတာတစ်လတောင်ရှိပီအဲ့တစ်လအတွင်းဇာတ်လိုက်ကဘာစိတ်ကူးပေါက်တယ်မသိ
နေ့တိုင်းသူမရဲ့ခုံပေါ်မှာပန်းတေလာထားတတ်သည်...မရဘူးဒီနေ့တော့
အပြတ်ပြောတော့မယ်....Rose ပန်းတေကိုအမှိုက်ပုံးထဲထည့်ပီးဟန်မပျက်ခုံမှာထိုင်လိုက်သည်...အတန်းသားတေကလည်းမြင်နေကျမြင်ကွင်းမို့သိပ်ပီးအရေးတယူမလုပ်ကြတော့...
မနက်ခင်းစာသင်ချိန်ပီးတော့သူမကန်တင်းကိုထွက်လာလိုက်တယ်...
နေ့လည်စာစားနေချိန် Joe ကသူမရှေ့လာထိုင်တယ်...
Rose အစားကိုသာဆက်စားနေလိုက်တယ်...သူမအစားစားနေချိန်နှောက်ယှက်တာကိုမကြိုက်ပေ...Joe လည်းသတိထားမိပုံပင်သူ့နေ့လည်စာကိုသာစားနေသည်...
ခနနေတော့.Rose ကော Joe ကောစားပီးသွားတယ်...
"မင်းကိုယ့်ကိုအခုထိမစဥ်းစားပေးဘူးလား"
"Joe ငါနင့်ကိုမကြိုက်ဘူး...နောက်ပီးငါစောင့်နေတဲ့သူရှိတယ်"
"မင်းစောင့်နေတဲ့သူကဘာလို့ကိုယ်မဟုတ်တာလဲ"
"နင်မဟုတ်တာမဟုတ်လို့ပေါ့တခြားဘာရှိအုန်းမှာလည်း......"
"ကိုယ်မယုံဘူး....မင်းကိုယ့်ကိုလျှောက်ပြောနေတာမလား"
"နင်မယုံတာငါနဲ့မဆိုင်ဘူး...နောက်ပီးငါလျှောက်ပြောတာမဟုတ်ဘူး...
ငါစောင့်နေတဲ့သူရှိတယ်ဆိုတာအမှန်ဘဲ....သူဘယ်သူမှန်းမသိတာတစ်ခုဘဲ..."
"ဒါဆိုကိုယ်ကဘယ်သူမှန်းတောင်မသိတဲ့သူကိုရှုံးသွားတာပေါ့"
"Joe နင်ကကောင်းတဲ့လူပါအနာဂတ်မှာငါ့ထက်ကောင်းတဲ့လူတွေ့မှာပါ
နင်ကိုအမှန်တစ်ကယ်ချစ်ပေးနိုင်တဲ့သူ"
"ကိုယ်နားလည်ပီ...ဒါဆိုကိုယ်တို့သူငယ်ချင်းတော့ဖြစ်နိုင်သေးတယ်မလား"
"မရဘူး...ဒါပေမယ့်မိတ်ဆွေတော့ဖြစ်လို့ရတယ်"
"အတူတူဘဲလေ"
"ငါ့အတွက်တော့ သူငယ်ချင်းနဲ့မိတ်ဆွေဆိုတာ တူတယ်ထင်ရပေမယ်ကွဲပြားတဲ့ဝေါဟာရဘဲ"
"Okလေ ဒါဆိုကိုယ်သွားတော့မယ်by Rose "
"By Joe "
Rose နေ့လည်စာစားပီးတော့အတန်းထဲသာပြန်လာလိုက်တယ်
"အချစ်ရှင်ဘယ်ရောက်နေတာလဲ...တစ်ကယ်ရောလိုက်လာပါ့မလား.."
"သိပ်ပီးတော့လည်းခံစားမနေပါနဲ့ Host ရယ်တစ်ကယ်လို့ခံစားလွန်းရင်
Host ဘဲထိခိုက်မှာဒီတစ်ဘဝတော့ထပ်စမ်းကြည့်လိုက်ပေါ့"
"ကျေးဇူးWhite "
"No problem host "
V star.ကျောင်းရဲ့ group page မှာတော့ကန်တင်းကအဖြစ်ပျက်ကကျောင်းသူ/သားတေကိုပြောစရာသတင်းတစ်ခုဖြစ်လာပြန်တယ်
Flower -သတင်းထူး!!သတင်းထူး!!!
ကျောင်းရဲ့ scholarship ကျောင်းသူ Rose ကငါတို့
ကျောင်းရဲ့ King ကိုငြင်းလိုက်တယ်
I am cry - တစ်ကယ်ရီးလား...
Joker - King ကလွန်ခဲ့တဲ့တစ်လလဦးRoseကိုလိုက်နေတာ
ငါကသူမနဲ့အခန်းတူတယ်....King ကမနက်တိုင်း
Rose ရဲ့ခုံပေါ်မှာပန်းစည်းလာထားတတ်တယ်...ဒါပေမယ့်
ပန်းစည်းတေကအမြဲအမှိုက်ပုံးထဲဘဲရောက်ကုန်တာ.....
Lily - ငါကြားတာRose ကတစ်စုံတစ်ယောက်ကိုစောင့်နေတာတဲ့.
နေ့လည်စာစားချိန်က King ကို Rose ငြင်းတဲ့အချိန်သူမ
ပြောတာကြားတာ....
Angle - သူမလျှောက်ပြောတာမဖြစ်နိုင်ဖူးလား
Lily - Angle ငါတော့အဲ့လိုမထင်ဘူး...သူမအဲ့စကား
ပြောတဲ့ အချိန်သူမမျက်လုံးထဲမှာချစ်ခြင်းအရိပ်ယောင်တေ
တွေ့နေရပီးသူမရဲ့အမူယာနဲ့လေသံကကြည်နူးရိပ်တေထင်
နေတယ်
Hell - Wow ကျောင်းရဲ့ရေခဲနတ်ဘုရားမကတစ်ကယ်ကြီးလား
Vin - သူမကငါ့ရဲ့ crush လေးငါတော့အသဲကွဲပါပီ😭😭😭
Apple - သူမပြောတဲ့လူကဘယ်သူလဲဆိုတာဘယ်သူသိလဲ
Lily -သူမပြောတာတော့သူမကိုယ်တိုင်တောင်အဲ့လူဘယ်သူမှန်းမသိဘူး
Nero -ငါထင်တာဇာတ်လမ်းတေထဲကလိုဘဝဟောင်းက
ချစ်သူ ကိုအိပ်မက်ထဲ မှာတွေ့ပီးအပြင်မှာပါတစ်ကယ်
စောင့်နေ တာများလား Wow so romantic
Darren -Nero မင်းဇာတ်လမ်းတေကြည့်တာများနေပီး
နည်းနည်းကလျော့အုန်း...ကြာရင်မင်းရူးသွားလိမ့်မယ်
Nero -Darren မင်းစကားကိုကြည့်ပြောငါကငါ့ထင်မြင်ချက်
ငါပြောယုံဘဲဟွန့်😒😒
----------------------------
တစ်ဖက်က Saimon ကလည်း V Star ကျောင်းရဲ့ group page
ကိုကြည့်ပီးလေစိမ်းတေတိုက်နေလေရဲ....
"Jack baby ကိုစောင့်ကြည့်ဖို့လူလွှတ်ထားလိုက်...သူမဘယ်သွားတယ်..ဘာလုပ်တယ်...ဘယ်သူနဲ့တွေ့တယ်ဆိုတာကအစပြန်တင်ပြ"
"နားလည်ပါပီ"
"နောက်ပီးbaby ရဲ့ငယ်ဘဝအကြောင်းပါစုံစမ်း Baby ပြောတဲ့သူဖြစ်နိုင်ချေရှိတဲ့သူတေအကုန်စာရင်းလုပ်ထား"
"Yes boss "
"ငါ baby ကိုမရနိုင်ဘူးဆိုတာမယုံဘူး"
အဲ့နေ့ကအစည်းဝေးမှာတော့လေစိမ်းတေတိုက်နေတဲ့သူတို့Boss
ကြောင့်ဝန်ထမ်းတေမှာအသက်တောင်ဖြောင့်အောင်မရှူရဲပေ...
ဝန်ထမ်းများ-"ဒီနတ်ဆိုးရဲ့ဒေါသကိုဘယ်သူစွလိုက်တာလဲ"
( ယူတို့ရဲ့အနာဂတ်သူဌေးကတော်လောင်း😁😁)
-----------------------
တစ်ဖက်မှာRose ကတော့ဖြစ်သမကိုသူမနဲ့မဆိုင်ဟုနှလုံးသွင်း၍
သူမရဲ့နေတေကိုကောင်းကောင်းဖြတ်သန်းနေလေရဲ့.....
သူမသိတာပေါ့သူမကိုစောင့်ကြည့်နေတဲ့လူရှိမှန်းရန်လိုတဲ့အငွေ့သက်မရ၍လွှတ်ထားခြင်းသာ....နေရင်းထိုင်ရင်း bodyguard
အလာကားရတာနည်းတဲ့ကံလား
BẠN ĐANG ĐỌC
ကောင်းကင်ဘုံ system (Complete)
Viễn tưởngပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘