'အ. System ငါဘ ယ်ရောက်နေတာလဲ' ရှင်းယားကြည့်လိုက်တော့ရွှေရောင်နန်းဆောင်တစ်ခုပင်
"အု..အု.အု."ရှင်းယားစကားပြောဖို့ပါးစပ်ဟလိုက်တော့စကားသံထွက်မလာ....
'System ဘာတေဖြစ်နေတာလဲ..'
'Hostရှေ့ကကိစ္စကိုအရင်ရှင်းသင့်တယ်နော်'
'ဟမ်....'
'System ဒီလူကဘာလို့ဒီလောက်တောင်ကြီးနေရတာလဲ..ငါကဘဲသေးသွားတာလား'
"မြေခွေးလေးမင်းနိုးလာပီလား....."
'မြေခွေး System နင်ဒီကိစ္စရှင်းစမ်း...ငါကဘာကိစ္စမြေခွေးဖြစ်နေရတာလဲ.........'
'အဲ့တာအထက်ကစီစဥ်တာပါ Host ကျွန်နော်နဲ့မဆိုင်ပါဘူး'
"မြေခွေးလေးမင်းဘာတေစဥ်းစားနေတာလဲ"ပြောရင်းသူကသူမကိုကောက်ချီလိုက်တယ်.....
'ငါ့ကိုအောက်ချပေး....'
"အု..အု"
"မင်းဗိုက်စာလို့လား...."
'မဟုတ်ဖူး..ငါ့ကိုအောက်ချပေးလို့.....'
"အု..အုအု....အု..."
'System ငါ့ကိုဇာတ်ကြောင်းမြန်မြန်ပို့ရန်း'
'ပို့လိုက်ပါပီ Host '
ဒီကမ်ဘာမှာလူသားတေအပြင်လူတစ်ပိုင်းသားရဲတစ်ပိုင်းနဲ့နတ်သားရဲတေရယ်ရိုးရိုးတောရိုင်းကောင်တေဆိုပီးရှိတယ်.....
လူသားတိုင်းပြည် နဲ့ သားရဲတေကတော့မျိုးနွယ်စုအလိုက်အုပ်စုဖွဲ့ပီးနေထိုင်ကြတယ်....မျိုးနွယ်စုတေငြိမ်းချမ်းရေအတွက်လူသားနဲ့သားရဲတေကြားရှေးလူကြီးတေကငြိမ်ချမ်းရေးသဘောတူညီချက်
တစ်ခုကိုထားရှိခဲ့ကြတယ်...အဲ့တာကတော့လူသားတေနဲ့နတ်သားရဲတေကတောရိုင်းကောင်တေကိုသာအမဲလိုက်ခွင့်ရှိပီးလူသားတေကနတ်သားရဲတေကိုအမဲလိုက်ခွင့်မရှိသလိုနတ်သားရဲတေကလည်းလူသားတေကိုအမဲလိုက်ခွင့်မရှိပေ....ဒါပေမယ့်တစ်ချို့လူသားတေကစည်းကမ်းချက်ကိုမလိုက်နာဘဲနတ်သားရဲ့တေကိုအမဲလိုက်လေ့ရှိကြတယ်.....သေချာပေါက်ကိုလူသားတေကနတ်သားရဲတေထက်အားနည်းတဲ့အတွက်ကြောင့်သူတို့ကအရွယ်မရောက်သေးတဲ့နတ်သားရဲပေါက်လေးတေကိုဘဲအမဲလိုက်ကြတယ်....လူသားဘုရင်ကသေချာစစ်ဆေးပေမယ့်လည်းနတ်သားရဲတေကိုဖမ်းဆီးတဲ့အဖွဲ့တေကတော့ရှိနေဆဲပင်..
အာ့တာကြောင့်လူသားတေနဲ့နတ်သားရဲတေရဲ့နယ်မြေအကြားနယ်နိမိတ်စည်းတားလိုက်ကြတယ်....လူသား ဘဲဖြစ်ဖြစ်နတ်သားရဲဘဲဖြစ်ဖြစ်နယ်နိမိတ်စည်းကိုကျူးကျော်လာရင်ဖမ်းဆီးခွင့်ရှိပီးသားပင်.....အဲ့တာတောင်တစ်ချို့လောဘသားတေကနယ်နိမိတ်စည်းကိုကျူးကျော်ပီးတောင်နတ်သားရဲတေကိုအမဲလိုက်ကြသည်.....
ဒီကမ်ဘာရဲ့ဇာတ်လိုက်ကလူသားမျိုးနွယ်ဘုရင်( ဒဲဆုနို နာခါ အိုရှိရု )
ဇာတ်လိုက်မကတော့ လိပ်ပြာမျိုးနွယ်စုရဲ့မင်းသမီး (ဟာန မိုနာ ဆာကူရီ)
ဇတ်လိုက်မကသူ့သူငယ်ချင်းရဲ့သေဆုံးမှုအတွက်ဇာတ်လိုက်တို့လူသား
တိုင်းပြည်ကိုလာ၍ဇာတ်လိုက်ဆီမှာဖြေရှင်းချက်တောင်းခဲ့သည်...
ဒီကိစ္စမှာနတ်လိပ်ပြာမျိုးနွယ်စုအပြင်နတ်မြေခွေးမျိုးနွယ်စုပါပါဝင်နေသည့်အတွက်လျစ်လျူရှုမရပေ....နတ်လိပ်ပြာမျိုးနွယ်စုနဲ့နတ်မြေခွေးမျိုးနွယ်စုကလူသားတိုင်းပြည်မပေါ်ပေါက်ခင်ကတည်းကတည်ရှိနေသည့်မျိုးနွယ်စုတေပင်အကယ်၍စစ်ပွဲသာဖြစ်ခဲ့ရင်လူသားတိုင်းပြည်ကမည်သည့်နည်းနှင့်မှနိုင်နိုင်ချေမရှိပေ...ဇာတ်လိုက်ကနတ်သားရဲတေအမဲလိုက်ခံရခြင်းကိစ္စကိုစုံစမ်းနေတဲ့အချိန်ဇာတ်လိုက်မကလည်းသူ့နောက်လိုက်ပီးကူညီပေးသည်...
ဇာတ်လိုက်မရဲ့ရင့်မှုနဲ့သစ္စာရှိမှုကိုမြင်ပီးဇာတ်လိုက်ကဇာတ်လိုက်မကိုသဘောကျသွားပီးပြဿနာတေကိုဖြေရှင်းပီးချိန်မှာဇာတ်လိုက်ကဇာတ်လိုက်မကိုလက်ထပ်ခွင့်တောင်းခဲ့တယ်...ဇာတ်လိုက်မကအစမှာငြင်းဆိုပေမယ့်လည်းနောက်ပိုင်းမျိုးနွယ်စုတေရဲ့ငြိမ်းချမ်းရေးအတွက်လက်ခံလိုက်တယ်....
လူသားနဲ့နတ်သားရဲတေပေါင်းဖတ်ပီးကလေးမရနိုင်ပေ...အဲ့တာကြောင့်ဇာတ်လိုက်နဲ့ဇာတ်လိုက်မမှာအဆုံးထိကလေးမရှိပေ...ဇာတ်လိုက်သေတော့သူ့တော်ဝင်ကိုယ်ရံတော်ရဲ့မွေးစားသား (ရှိခါတ)ကို(ရှိခါတ နာခါ အိခါရှိရု)
လို့ခေါ်တွင်၍ထီးနန်းဆက်ခံစေသည်...ဇာတ်လိုက်မကတော့သူမရဲ့မျိုးနွယ်စုစီကိုသာပြန်သွားခဲ့တယ်....ပုံမှန်အားဖြင့်နတ်သားရဲတေကလူသားတေထက်အသက်ပိုရှည်ကြတယ်....
ခုသူမဝင်ထားတဲ့ကိုယ်နာမည်က..(ယာဂါမီ ဟူရို ဆာရာ )ဇာတ်လမ်းအစမှာတင်အသတ်ခံလိုက်ရတဲ့နတ်မြေခွေးလေးပင်
နှစ်ငါးရာကြင့်ကြံပီး၍ရက်အနည်းငယ်အကြာမှာလူပုံစံပြောင်းနိုင်တော့မှာပင်....တစ်နေ့သူ့သူငယ်ချင်းရဲ့မျိုးနွယ်စုဆီသွားလည်ပီးသူ့မျိုးနွယ်စုဆီအပြန်လမ်းတစ်ဝက်မှာအမဲလိုက်မုဆိုးတေရဲ့အဖမ်းခံရပီးသေသွားချင်းပင်...သူမကအမဲလိုက်မုဆိုးတေလက်ကပြေးနေတဲ့အချိန်ကိုရောက်လာချင်းပင်...
ဆိုတော့ Mission ကဘာလဲ
သူလူပုံစံပြောင်းချင်တယ်(point 300)
သူ့လိုမျိုးတစ်ခြားနတ်သားရဲပေါက်လေးတေကိုမကြုံစေချင်ဘူး
(point 500)
သူတစ်ယောက်ယောက်ကိုချစ်ဖူးချင်တယ်(point 200)
"ဒါပါဘဲ Host "
"Ok no problem. "
BINABASA MO ANG
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘