'White လန်တိုင်းပြည်ကိုဘယ်လမ်းကပြန်ရမှာလည်း....'
'အရှေ့ဘက်ကိုသာတည့်တည့်သွားအဲ့ကိုရောက်လိမ့်မယ်...'
'Ok...ok...'
သူမတစ်နေ့လုံးခရီးသွားပီးတော့...
'Whiteရေဒီနားမှာရွာလေးဘာလေးရှိလာရှာပေးဦး...မရှိရင်ဒီမှာဘဲနားတော့မယ်'
'ရွာတော့မရှိဘူ...ဒီကနေနဲနဲလောက်ဆက်သွားရင်လူမလာတာကြာလို့ပျက်စီးနေတဲ့ဘုရားကျောင်းတစ်ခုတော့ရှိတယ်...'
'အဲ့ဘဲသွားရအောင်...ငါအပြင်မှာမအိပ်ချင်ဘူး'
သူမတစ်နာရီလောက်သွားပီးတော့ဘုရားကျောင်းတစ်ခုကိုတွေ့လိုက်တယ်
သူမဘုရားကျောင်းထဲဝင်လိုက်တော့ဘုရားစင်အောက်မှာဒဏ်ရာတေနဲ့မေ့မြောနေတဲ့သူကိုတွေ့လိုက်တယ်....'White ရေငါဘာလို့လူဘဲကယ်နေရတာလဲ...ငါ့ကိုယ်ငါဗီလိန်အစား
သူတော်စင်လို့တောင်ထင်ချင်လာပီ...''Hostသူ့ကိုအရင်ကယ်လိုက်ပါလား....'
'ဘာလို့ကယ်ရမှာလဲ...သူဘာသူဘာဖြစ်ဖြစ်ငါနဲ့မှမဆိုင်တာနောက်ပီးမူလကိုယ်ကဒီလူနဲ့တစ်ခါမှမတွေ့ခဲ့ဖူးဘူး...'
'ကယ်လိုက်ပါလား.
Side mission ဖြစ်နေနိုင်တာဘဲကို''နင်ပြောတာဟုတ်တယ်'
သူမသူ့အနားသွားပီးကြည့်လိုက်တော့
"သူ့ဒဏ်ရာတေကဇာတ်လိုက်ထက်တောင်ပိုဆိုးနေတယ်...သာမန်သိုင်းယှဥ်ပြိုင်တာလောက်နဲ့တော့ဒီလောက်ထိမဖြစ်နိုင်ဘူး...."
သူမသူ့ဒဏ်ရာတေကိုဆေးစည်းပေးပီးသူမအစ်ကိုတွက်ဝယ်လာတဲ့
အဝတ်တေထဲကတစ်ထည်လဲပေးထားလိုက်တယ်ညသန်းခေါင်လောက်ကျတော့သူအဖျားတေတက်လာလို့သူမသူ့ကိုပြုစုလိုက်ရသေးတယ်...
နောက်တစ်နေ့သူမအမဲလိုက်ပီးပြန်လာချိန်တောင်သူမနိုးသေးပေ...
'White သူဘယ်တော့နိုးလာမှာလည်း...'
'သူ့ဒဏ်ရာကတော်တော်ပြင်းတယ် Host တစ်ပတ်လောက်မှနိုးလာလိမ့်မယ်...'
'ကြာလိုက်တာ...'
'ကျွန်နော့်မှာဆေးရှိ..'
'တစ်ပတ်ဆိုလည်းတစ်ပတ်ပေါ့ ငါမဝယ်ဘူး.....'
ငါးရက်ကြာပီးနောက်....
"ကယ်ကြပါ....တစ်ယောက်ယောက်...တစ်ယောက်ယောက်ကျွန်မကိုကယ်ကြပါ..."
သူမအသံကြားလို့ထွက်ကြည့်လိုက်တော့မိန်းကလေးတစ်ယောက်ပင်
"ဘာဖြစ်လာတာလဲ.."
"ကျဲကျဲ...ကျွန်မကိုကယ်ပါ..."ပြောပီးသူမမေ့လဲသွားသည်...
'ငါအခုငါ့ကိုယ်ငါတစ်ကယ်ကိုသူတော်စင်မလို့ထင်နေပီး'
သူမအဲ့မိန်းကလေးရဲ့ဒဏ်ရာကိုဆေးစည်းပေးလိုက်ပီးသူမအိပ်ရာဘေးမှာချလိုက်တယ်....