"မင်းသမီးစစ်သူကြီးလာပါတယ်..."
"ဝင်ခိုင်းလိုက်......"
"စစ်သူကြီးဘာကိစ္စများရှိလို့လဲ...."
"မင်းကမင်းသမီးမှန်းကိုယ်မသိခဲ့ဘူး..."
"ကျွန်မလည်းရှင့်ကိုစစ်သူကြီးမှန်းမသိပါဘူး....."
"အသက်ကယ်ပေးတာအတွက်ဆိုလက်ထပ်ဖို့ကိစ္စကျွန်မသဘောမတူဘူး"
"မင်းကိုယ့်ကိုသဘောမကျဘူးလား..."
"သဘောကျတာလား...ကျွန်မရှင်ကိုသဘောကျတာပေါ့"
သူမလေးရဲ့အပြောကြောင့်သူပျော်သွားေပမယ့်နောက်လာတဲ့စကားတေက
"ဒါပေမယ့်..ကျွန်မရှင့်ကိုမချစ်ဘူးလေ...."
"အဲ့တာဆိုမင်းကိုယ့်ကိုချစ်လာအောင်လုပ်မယ်"
"အိုယာ...စစ်သူကြီးရဲ့အသက်ကိုကယ်ပေးတာအတွက်ရှင့်တစ်ဘဝလုံးကျွန်မကိုပေးစရာမလိုပါဘူး..."
'ရှင်ကျွန်မကိုချစ်တယ်လို့မြန်မြန်ပြောစမ်း....'
"အဲ့တာကြောင့်မဟုတ်ဖူးကိုယ်...ကိုယ်...ကိုယ်မင်းကိုတစ်ကယ်လက်ထပ်ချင်တာ"
'ချစ်တယ်လို့ပြောရင်သေသွားမှာမို့လို့လားဟဲ့...'
"စစ်သူကြီး..ရှင်ကျွန်မကိုလက်ထပ်ချင်တာကရှင့်ဆန္ဒဆိုရင်တောင်ရှင့်စိတ်ကိုရှင်ရှင်းလင်းအောင်အရင်လုပ်သင့်တယ်...."
"အဲ့လိုလုပ်စရာမလိုဘူး..."
"ကောင်းပါပီ...ဘယ်လိုဖြစ်ဖြစ်ကျွန်မကရှင့်ကိုမချစ်သလိုရှင်ကလည်း
ကျွန်မကိုလက်ထပ်ချင်တာကရှင့်ရဲ့ကျွန်မအပေါ်တင်နေတဲ့အကြွေးကြောင့်လေ...စစ်သူကြီးရှင့်ကျွန်မကကိုယ်ချစ်တဲ့လူ...ကိုယ့်ကိုချစ်တဲ့လူကိုဘဲလက်ထပ်မှာပါ....ရှင်ကျွန်မကိုချစ်လား...""ကိုယ်...."
'ထန်းရီမင်းဘယ်လိုဖြစ်နေတာလည်း....စစ်ပွဲမှာရန်သူ့ခေါင်းကိုတောင်မျက်တောင်တစ်ချက်မခတ်ဘဲဖြတ်နိုင်ခဲ့တာဒါလေးပြောဖို့ဒီလောက်တောင်ခက်ခဲနေရတာလဲ...'
"တွေ့လား...အိမ်ပြန်ပီးကောင်းကောင်းစဥ်းစားလိုက်ပါဦး..."
ESTÁS LEYENDO
ကောင်းကင်ဘုံ system (Complete)
Fantasíaပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘