"အ.."အန်းယွီသူမမျက်လုံးဖွင့်လိုက်တော့ဘုရားကျောင်းပျက်တစ်ခုထဲရောက်နေမှန်းသိလိုက်တယ်...
"နိုးလာပီလား...."
"ကျွန်မအသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်.."
"ကိစ္စမရှိပါဘူး...ဒဏ်ရာတေဘယ်လိုရလာလဲတော့ငါမမေးတော့ဘူး
ရော့ဒီပမာဏကအများကြီးမဟုတ်ပေမယ့်မင်းကိုအနည်းငယ်တော့အကူအညီဖြစ်စေမှာပါ"ပြောပီးသူမကိုငွေတုံးအနည်းငယ်ပေးလိုက်တယ်"ကျွန်မကအန်းယွီပါ....မမရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်..."
"မင်းဆာနေလောက်ရောပေါ့ငါနဲ့အတူလာစား...."
"ကျေးဇူးပါ..."
နောက်နေ့
"ဒဏ်ရာတေလည်းသက်သာပီဆိုတော့ကျွန်မကိုခွင့်ပြုပါဦး....
ဒီနေ့ကျေးဇူးကိုတစ်နေ့သေချာပေါက်ပြန်ဆပ်ပါ့မယ်....""ကိစ္စမရှိပါဘူး..ငါကလမ်းကြုံလို့ကူညီလိုက်ရုံပါ.."
"နှုတ်ဆက်ပါတယ်"
"ကောင်းကောင်းသွားပါ..."
"ကဲအခုတော့ဒီလူသတိရလာဖို့ဘဲကျန်တော့တယ်"
နောက်တစ်နေ့
ထန်းရီနိုးလာတော့မွှေးကြိုင်တဲ့ဟင်းနံ့ကိုရလိုက်တယ်
"ရှင်သတိရလာပီလား...ရှင်မေ့နေတာတစ်ပတ်လောက်ရှိပီ"
"မိန်းကလေးကကျွန်နော့်ကိုကယ်ထားတာလား....."
"မဟုတ်ရင်ရော...ရှင်ကဒီမှာကျွန်မအပြင်ဘယ်သူ့ကိုများမြင်မိသေးလို့လဲ..."
ထန်းရီစိတ်ထဲမှာတော့ဒီမိန်းကလေးငါဘယ်သူမှန်းမသိတာလား
"ကျွန်နော်အသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်...."
"ရှင်ကတော်တော်အသက်ပြင်းတာဘဲဒဏ်ရာတေကသေကွင်းသေကွက်တေကြည့်ထိထားတဲ့အပြင်အဆိပ်လည်းမိထားတယ်...ရှင်ကျွန်မနဲ့တွေ့တာကံကောင်းတာဘဲ"
"အဆိပ်"ဟုတ်သားအခုသူ့ကိုယ်ထဲကအဆိပ်တေကိုသူမခံစားမိတော့ဘူး
ESTÁS LEYENDO
ကောင်းကင်ဘုံ system (Complete)
Fantasíaပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘