ယွီဖေးဖေးအိမ်ပြန်ရောက်တော့သူ့အခန်းစီကိုသာအသက်မဲ့စွာဝင်သွားသည်...အိမ်တော့ရှိအစေခံများမှာလည်းအခါတိုင်းနဲ့မတူဘဲငြိမ်နေတဲ့ဒုသခင်မလေးကြောင့်အထူးအဆန်းဖြစ်နေကြသည်နဂိုထောင်လွှားနေတတ်တဲ့ဒုမမလေးရဲ့အစေခံတေကလည်းယခုမူ
ငြိမ်နေကြသောကြောင့်တစ်ခုခုဖြစ်ခဲ့မှန်းသတိထားမိပေမယ့်ဘာမှန်းမသိကြ
____________ညနေ၌ယွီအမတ်ကြီးအိမ်ပြန်လာချိန်
"မင်းတို့ရဲ့ဒုမမလေးကိုသွားခေါ်ကြစမ်း!!!"
"ဟုတ်..ဟုတ်ကဲ့ပါသခင်ကြီး"
သခင်ကြီးကဒေါသထွက်နေပုံရသဖြင်ပအိမ်တော်ရှိအစေခံများအံ့အြနေကြသည်အိမ်တော်၌ တရားဝင်သမီးဖြစ်သည့် ပထမ မမလေးထက်
ဒုမမလေးကပိုအရေးပေးခံရသည်...ပ-မမလေးအပြစ်လုပ်ရင်သာအပြစ်
ပေးခံရပေမယ့်ဒု-မမလေးကိုတော့အသံတောင်ကျယ်ကျယ်မပြော
ယခုလိုဒေါသတကြီးအော်ဖို့ဆိုတာဝေးဒု-မမလေးသည်တစ်ခါရှာတဲ့ပြဿနာတော်တော်ကြီးပုံပင်
"မမလေး..သခင်ကြီးကခေါ်ခိုင်းလိုက်ပါတယ်"
"ဟင်..အဖေကလား....သိသွားပီလား..ဘာမှမဖြစ်လောက်ပါဘူး..
အများဆုံးအဆူခံရယုံပေါ့...ဟူး😥😥ဖေးဖေးစိတ်လျှော့"
"လမ်းပြ"
"သခင်ကြီး...ဒု-မမလေးရောက်ပါပီ.."
ယွီဖေးဖေးခန်းမထဲရောက်တော့သူ့အမေအပြင်သူ့အမနဲ့ဇနီးကြီးပါ
ရောက်နေသည်....သူမအမေကတော့မျက်ရည်တေနဲ့ခေါင်းခါပြသည်
"ယွီဖေးဖေးမင်းအပြစ်ကိုသိလား"
ယွီသခင်ကြီးရဲ့စကားကြောင်သခင်မကြီးနဲ့ယွီအိုက်ရှင်းပါကြောင်သွားသည်ကြည့်ရတာဒီတစ်ခါပြဿနာကတော်တော်ကြီးကြီးဘဲ
ဖေးဖေးသိလိုက်ပီသူမလွတ်လမ်းမရှိတော့အဖေကသူမကိုဘယ်လောက်
ချစ်ချစ်သူ့ရာထူးကိုတော့အထိခိုက်ခံမှာမဟုတ်ဘူး
"ဖေးဖေးအပြစ်ကိုသိပါတယ်..ဒီသမီးရဲ့မိုက်မဲမှုပါအဖေအပြစ်ပေးပါ"
"ကောင်းတယ်.....အစောင်တေလာကြစမ်းမင်းတို့ဒု-မမလေးကို
ဘိုးဘေးခန်းမမှာခုကစဒူးထောက်ခိုင်းထားလိုက်နေ့လည်စာရော
ညစာပါမပို့နဲ့...မနက်လေးနာရီထိုးကြမှသူမကိုကောင်းကောင်းပြင်ဆင်ပေးလိုက်ကြငါနဲ့နန်းတွင်းလိုက်ရမယ်"
ယွီသခင်ကြီးစကားဆုံးတော့အစောင့်တေကယွီဖေးဖေးကိုခေါ်သွားကြတယ်
"သခင်ကြီးသမီးလေးကိုညှာှပါအုံးသူမဘယ်လိုခံနိုင်ရည်ရှိပါမလဲ"
ကိုယ်လုပ်တော်ဆန်းယီကငို၍အသနားခံသော်လည်းသခင်ကြီးကလှည့်ပင်မကြည့်
"အစောင့်တေကိုယ်လုပ်တော်ကိုအဆောင်ပြန်ပို့လိုက်ကြ"
ယွီသခင်ကြီးစကားဆုံးတော့အစောင့်တေကကိုယ်လုပ်တော်ကိုဆွဲခေါ်သွားကြသည်အသနားခံပေမယ့်ဘာမှမကြားသိအလားလျစ်လျူရှုထားသည်
"သခင်ကြီးဖေးဖေးကဘယ်သူ့ကိုအပြစ်ပြုမိလို့လည်း"
ယွီအိုက်ရှင်းနားစွင့်နေမိသည်ဖေးဖေးကဘယ်သူ့ကိုအပြစ်ပြုမိလို့အဖေဒီလောက်တောင်ဒေါသထွက်နေတာလဲ
"တော်ဝင်ပင်တိုင်စံမင်းသမီး."
"အမ်...ဒါပေမယ့်မင်းသမီးလေးကမြို့တော်မှာမရှိဘူးလေ"
"သူမ..ဒီနေ့ဘဲပြန်လာတာ...ညကြကြိုဆိုပွဲရှိတယ်နောက်ပီးစားပွဲကိုအဆင့်5အထက်ကအမတ်တေဘဲတက်ခွင့်ရတာ...မင်းသမီးလေးကဒီနှစ်မှ
7နှစ်ပြည့်တာစားပွဲနဲ့အတူမင်းသမီးလေးရဲ့မွေးနေ့ကိုပါကျင်းပမှာ...
လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံးသူမနန်းမြို့မှာမရှိဘူဆိုတာကလွဲလို့သူမအကြောင်းဘယ်သူမှမသိကြဘူး...သူမရဲ့ပုံစံ...အမူအကျင့်...
စိတ်နေစိတ်ထား...သူမဘယ်လိုလူဆိုတာ... ဘယ်သူမှစုံစမ်းလို့မရကြဘူး
သူမအကြောင်းစုံစမ်းရတာကောင်းကင်တက်ရတာထက်ခက်တယ်....
ဘာဘဲဖြစ်ဖြစ်..နဂါးနဲ့ဇာမနီရဲ့ခလေးကဘယ်လိုမှဝက်မဖြစ်နိုင်ဘူး
သူမကခလေးဘဲရှိသေးရင်တောင်လျှော့တွက်လို့မရဘူး"
"ရှင်မ...အိုက်ရှင်းစားပွဲကိုမင်းတို့လည်းလိုက်ရမယ်...တစ်ကယ်လို့အိုက်ရှင်းအတွက်သင့်တော်မယ့်လူတွေ့ခဲ့ရင်လည်းကောင်းတာဘဲ..
အကုန်မျိုးရိုးမြင့်တေကြည့်တတ်ရမှာမင်းသားတေတောင်ပါတယ်
အသင့်ပြင်ထားကြ..."
"နားလည်ပါပီ...အဖေစိတ်မပျက်ရအောင်အကောင်းဆုံးကြိုးစားပါ့မယ်"
"သမီးကိုခွင့်ပြုပါအုန်း"
"သခင်ကြီးကျွန်မလည်းသွားလိုက်ပါအုန်းမယ်"
"ကောင်းပီ"
.......
ယွီသခင်မအိပ်ဆောင်၌
"အိုက်ရှင်းသခင်ကြီးကသမီးအပေါ်မျှော်လင့်ထားတာစိတ်မပျက်စေနဲ့
ဖစ်နိုင်ရင်မင်းသမီးလေးရဲ့အာရုံစိုက်မှုရအောင်လုပ်...မင်းသမီးလေး
သာသမီးဘက်ရှိရင်ဖေးဖေးထက်တစ်ပန်းသာသွားပီ....
တစ်ကယ်လို့မရရင်တောင်ကိစ္စမရှိဘူး...မင်းသမီးလေးကိုစိတ်ရှုပ်အောင်သာမလုပ်မိစေနဲ့"
"သမီးနားလည်ပါပီ"
"သွားလားတော့...အမေဝတ်ဆုံပို့ပေးလိုက်မယ်...စားပွဲကျငါ့သမီးကလှပတဲ့ပန်းတစ်ပွင့်ဖြစ်နေစေရမယ်
ကောင်းကောင်းပြင်ခဲ့....မင်းသမီးထက်တော့မတောက်ပစေနဲ့"
"သမီးသိပါပီ"