"ခမည်းတော်ကိုအရိုသေပေးပါတယ်"
"သမီးတော်ဘာကိစ္စများလည်း.."
"ခမည်းတော်သမီးတော်ကိုတစ်ခုခုများပြောစရာမရှိဘူးလား"
"ဘာကိုလည်းသမီးတော်"
"သမီးတော်ရဲ့စွမ်းအင်ကဓါတ်ကြီးလေးပါးမှန်းသိတာတောင်တိုင်းပြည်လေးခုရဲ့မင်းတေကသူတို့သားနဲ့လက်ထပ်စေချင်ကြတယ်.....
သမီးတော်မသိတာတစ်ခုခုရှိနေတယ်မှတ်လား...."
"ကောင်းပီလေ...သမီးလည်းအနှေးနဲ့အမြန်သိမှာဘဲဟာ....
လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကရှေးနတ်ဆရာတေကဟောကိန်းတစ်ခုထုတ်ခဲ့တယ်.....တစ်နေ့ကျဓါတ်ကြီးလေးပါးစွမ်းအင်ကြင့်ကြံသူပေါ်လာပီးသူကတိုင်းပြည်ငါးခုရဲ့အုပ်ချုပ်သူဖြစ်လာမယ်ဆိုပီး...
ဒါပေမယ်အချိန်တေသာကုန်သွားတယ်အဲ့လိုကြင့်ကြံသူကပေါ်မလာဘူး...ဟောကိန်းကလည်းတဖြည်းဖြည်းနဲ့မေ့ဖျောက်ခံလိုက်ရတယ်.....နောက်ကျတော်ဝင်မျိုးနွယ်တေလောက်ဘဲ
ဟောကိန်းကိုသိကြတော့တယ်....လူတေကဟောကိန်းထဲကလူကိုအမျိုးသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်ထားကြတာ....ဒါပေမယ်မထင်မှတ်ဘဲသမီးတော်ကအမျိုးသမီးတစ်ယောက်ဖြစ်နေတယ်"
"ဒါကြောင့်ပေါ့.....နှမြောစရာဘဲသမီးကတိုင်းပြည်ငါးခုရဲ့အုပ်ချုပ်သူဖြစ်ဖို့စိတ်မဝင်စားဘူးရယ်"
"ဘယ်လိုဖြစ်ဖြစ်....ဘုရင်တေရဲ့အမြင်မှာတော့သမီးတော်က
ဟောကိန်းထဲကလူဘဲ....ဘာလုပ်လုပ်သတိထားပါ"
"ဟုတ်ကဲ့.."
"နောက်ပီးဒါယူထား"
"ခမည်းတော်ပေးတဲ့ဟာကိုကြည့်လိုက်တော့ကျောက်စိမ်းလက်စွပ်လေးတစ်ကွင်းတော်တော်အနုစိပ်သည်လက်စွပ်မှာတိုင်းပြည်ကြီးငါးခုရဲ့အမှတ်တံဆိပ်ပါသည်
"ဒါက"
"ဒါကမင်းဟာဘဲမှတ်ထားဒါကိုဘယ်သူ့မှမပေးနဲ့ဒီလက်စွပ်ပေါ်သွေးစက်ချလိုက်တာနဲ့ဒါကထာဝရမင်းအပိုင်ဘဲနောက်ပိုင်းမင်းကြုံရမယ့်ဟာတေအများရီးဘဲ..မှတ်ထားပါဘာတေဘယ်လိုဘဲဖြစ်ဖြစ်ဟွားတိုင်းပြည်ကမင်းရဲအိမ်...ခမည်းတော်နဲ့မယ်တော်ကသမီးတော်ကိုအရမ်းချစ်တာအာ့ကြောင့်ဘာတေဘဲကြုံကြုံ
သမီးတော်မှာခမည်းတော်နဲ့မယ်တော်ဟွားတိုင်းပြည်တစ်ခုလုံးရှိတယ်
အရမ်းတေမွန်းကျပ်ပီးစိတ်ပင်ပန်းရင်ဘဲဖြစ်ဖြစ်သမီးတော်ကိုခမည်းတော်တို့ကအမြဲကြိုဆိုနေမှာမို့ပြန်လာချင်တဲ့အချိန်ပြန်လာလို့ရတယ်
ဟွားကသမီးရဲ့အိမ်ဘဲ.....မနက်ကျခရီးထွက်ရမယ်မှတ်လားသွားနားတော့"
"သမီးတော်ကိုခွင့်ပြုပါအုန်း"