ရွက်စိမ်း...သူမအိမ်ပြန်လမ်းတစ်လျှောက်သူမကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားရပေမယ့်...ဘယ်သူ့မှမတွေ့ပေ..
White ကိုေမးကြည့်တော့သူလည်းမသိ...သူမအိမ်ကိုရောက်မှသာစိတ်အေးနိုင်တော့တယ်....
သူမနောက်တစ်နေ့နိုးလာတော့ပန်းကခုထိမညှိုးသေးပေ...အဲ့အစားနောက်ထပ်နှင်းဆီပန်းတေတောင်ထပ်ရောက်နေသေးတယ်....
'White ဒီပန်းတေက...'
'ကျွန်တော်ညက Host အိပ်ပျော်တာနဲ့ line out သွားတာ...'
သူမလည်းစိတ်ထဲထားမနေဘဲလုပ်စရာရှိတာသာလုပ်လိုက်တယ်.....
အကယ်၍သူမအထင်မှန်မယ်ဆိုအရှင်ကြီးကသူမချစ်သူဖြစ်လိမ့်မယ်....
ပန်းတစ်ချို့ကိုပန်းအိုးမှာထိုးလိုက်ပီးတစ်ချို့ကိုဘုရားပန်းတင်လိုက်တယ်
တစ်ပွင့်ကိုတော့သူမပန်ဖို့ချန်ထားလိုက်တယ်....အဲ့နေ့ကစပီးသူမအိပ်ရာနိုးတိုင်းစားပွဲပေါ်မှာနှင်းဆီပန်းတေကိုအမြဲတွေ့ရတယ်....
ကြာလာတော့အိမ်ကလူတေတောင်ကျင့်သားရနေပီ....ရွာထဲကလူတေရဲ့
သူမကိုကြည့်တဲ့အကြည့်တေကတစ်နေ့တစ်ခြားပိုပိုထူးဆန်းလာတယ်....
အရင်ကလိုဖော်ရွေမှုတေအစားထိုင်ရှိခိုးတော့မလိုပင်....ဟိုလူကြီးကတော့အခုထိမပေါ်လာဘူး....
White ပြောတာတော့ပန်းတေကနံနက်အာရုံဏ်တက်ခံနီးမှေပါ်လာတာတဲ့......
အချိန်တေလည်းတစ်ရွေ့ရွေ့ကုန်လာပီးဆည်တောင်ဆောက်လို့ပီးတော့
မယ်...သူ့လူကြီးကခုထိလူလုံးထွက်မပြသေးပေ....'White သူဘာလို့အခုထိထွက်မလာသေးတာလည်း....'
'ဒါက...'
'White နင်ငါ့ကိုတစ်ခုခုဖုံးကွယ်ထားလား....'
'မ..မဟုတ်ပါဘူး....ကျွန်တော်က...'
'ပြော..နင်ငါ့ကိုဘာဖုံးကွယ်ထားတာလည်း...'
'တစ်..တစ်ကယ်တော့အဲ့လူရှိတဲ့နေရာကိုကျွန်နော်သိတယ်...'