9.15

576 57 2
                                    

ဆယ်လအကြာ...

လီတိုင်းပြည်ရဲ့မိုးကောင်းကင်က

ပုံမှန်ထက်ပိုပြီးအုပ်မှိုင်းနေလေတယ်..

ထိုနေ့မင်းဆရာအိမ် ​ေတာ်မှာတော့

အစေခံတေကသခင်မဖြစ်သူရဲ့

မီးဖွားမှုကြောင့်ချွေးပင်သုတ်

မအားတော့တဲ့အထိကို

အလုပ်ရှုပ်နေကြလေတယ်...

"မကောင်းတော့ဘူး....

သခင်မသွေးထွက်လွန်နေပြီ..."

"မိန်းမ..!"

အော်သံနဲ့အတူမီးဖွားခန်းထဲ

အတင်းဝင်လာသောအိမ်တော်သခင်..

အ ​ေစခံတေကလည်း

ပြာပြာသလဲတားကြပေမယ့်

အရာမဝင်ပေ...

"မွေးပြီ..သခင်ကြီး..!သားလေးပါ..

သားလေးမွေးပါတယ်!!"

ဝမ်းဆွဲကဝမ်းသာအားရ

ပြောလိုက်ပေမယ့်..သူမပြောနိုင်ပေ..

"မိန်းမ..မင်း..မင်းတောင့်ထား

ရမယ်နော်...ကိုယ်ရော..သားလေး

ရောကမင်းကိုလိုတယ်.."

"ကျွန်မတို့ရဲ့ကလေး

ကိုကောင်း..ကောင်း..စောင့်..."

သူမရဲ့မျက်လုံးတေကမှိတ်ကျသွားပြီး

စကားတောင်ဆံုးအောင်မပြောရပေ..

"မိန်းမ!!..မင်း..ကိုယ့်ကိုနောက်

​ေနတာမလား..ထလာပါ.."

ထိုစဥ်အချိန်တေကရပ်တန့်သွားပြီး

"ဒီလိုနေ့မျိုးေရာက်လာမှာ

သိပြီးသားဘဲမလား...သူမ

ပြောသလိုကလေးကိုသာ

စောင့်ရှောက်ပါ...သူမကသေမျိုး

တစ်ယောက်ဘဲ..အချိန်တန်ရင်

သေရမှာဘဲစောတာနဲ့နောက်ကျတာ

ဘဲကွာတာ..."

"ငါသိပါတယ်..ဒါပေမယ့်.."

"ဖြစ်တာကဖြစ်ပြီးသွားပြီ..

​ကောင်းကင်ဘုံ system (Complete)Where stories live. Discover now