"ယို့...ဒါငါတို့ကျောင်းရဲ့ scholarship ကျောင်းသူလေးမလား.....
အခါတိုင်းနင်ဒီမှာလာမစားတတ်ပါဘူး....ဘာလဲနင် Suger daddy
ရသွားတာလား...."
Rose မျက်လုံးတစ်ချက်လှန်ကြည့်ပီးအစားသာဆက်စားနေလိုက်တယ်
"ဟဲ့..နင်ငါတို့အစ်မကြီးပြောတာမကြားဘူးလား"
"လူတိုင်းသူများအစားစားတဲ့အချိန်မနှောက်ရဘူးဆိုတာသိတယ်..
နင်တို့မသိဘူးလား"
လူတေကလည်းRoseတို့ဝိုင်းကိုလှမ်းကြည့်နေကြတယ်...
"နင်ဘာပြောတာလဲ"
"ကြားတဲ့အတိုင်းဘဲလေ..."
"အဟက်...နင်ကယောက်ျားတေကိုမြူစွယ်တာအပြင်ဘာမှမလုပ်တတ်တဲ့မိန်းမကများ"
"နင်မှားနေပီ...ငါဘယ်သူ့ကိုမှမမြူစွယ်ဖူးဘူး"
"အရှက်မရှိလာလိမ်မနေနဲ့...နင်ငါတို့ကျောင်းရဲ့ King ကိုမြူစွယ်တာလူတိုင်းသိတယ်"
"နင်ဘာကြောင့်ဒီလိုပြောလဲငါမသိဘူး....ကျောင်းစတက်ကတည်းကငါ့ဘာသာနေတာ...ကျောင်းရဲ့ King သူကငါ့မျက်လုံးထဲဝင်ဖို့ထိမထိုက်တန်ဘူး"
"နင်ပြောတော့နင့်စကားဘဲလေ...King ကိုယ်တိုင်ပြောတာသူကနင်ကိုကြိုက်နေတာဆိုပီး"
"အဲ့တာနဲ့ဘဲငါကသူ့မြူစွယ်တယ်ဖြစ်သွားကောပေါ့"
"မဟုတ်လို့လား"
ထိုချိန်ကန်တင်းထဲကို Joe Sliver နဲ့သူ့သူငယ်ချင်းတေဝင်လာကြတယ်
"အို့..အချိန်ကောင်းမှရောက်လာတာဘဲတစ်ခါထဲရှင်းကြတာပေါ့"
Rose. ...Joe ဆီလျှောက်သွားတော့...ကောင်မလေးတေအုပ်စုကလည်းမလှမ်းမကမ်းကနေလိုက်လာကြတယ်
Joe ကန်တင်းထဲဝင်လာတော့ကျောင်းသူလေးတစ်ယောက်သူ့ဆီေလျှာက်လာတာတွေ့လိုက်တယ်...သူ့ရဲ့မျက်လုံးတေကရေသေလိုတည်ငြိမ်နေပီးနှုတ်ခမ်းတေကခနဲ့ပြုံးပြုံးထားတယ်...သူမကိုကြည့်ရတာဘယ်သူကမှသူမရဲ့မျက်လုံးထဲမှာအရေးမပါဟန်...Joe သူမကိုငေးနေရင်းသူမသူ့ရှေ့ရောက်လာတာတောင်မသိလိုက်...သူမရဲ့အသံကြားမှသာသတိဝင်တော့တယ်
"နင်ငါ့ကိုသိလား"
"ဟန်..မင်းဘာပြောတာလဲ"
"ငါစကားတစ်ခွန်းနှစ်ခါမပြောဘူး....နင်ငါ့ကိုမသိဘူး..ဟုတ်တယ်မလား"
Joe ယောင်နနနဲ့ခေါင်းငြိမ့်မိသည်တစ်ကယ်လည်းသူသူမကိုမသိ...
သိခဲ့ရင်လည်းသူမလိုလူမျိုးကိုသူမေ့စရာအကြောင်းမရှိပေ....
သူမာနကြီးတဲ့မိန်းခလေးတော်တော်များများတွေ့ဖူးသည်...
သူမကသူတို့နဲ့မတူ...သူမအတွက်တော့သူမရဲ့မာနတရားကတောင်သူမကိုဆွဲဆောင်မှုရှိစေသည်
"ဟုတ်တယ်..ကိုယ်မင်းကိုမသိဘူး.....ဆိုတော့အခုသိလို့ရမလား"
"Sorry "
Rose ပြောပီးကောင်မလေးတေဘက်လှည့်၍
"မြင်တယ်နော်....."
Joe သူမစကားပြောလိုက်တဲ့သူကိုကြည့်လိုက်တော့တစ်နေ့ကသူ့ကိုရည်းစားစာလာပေးတဲ့တစ်ယောက်...
"နင်မစဥ်းစားမိဘူးလား...သူကနင်ကိုငြင်းချင်လို့အကြောင်းပြချက်ပေးတာလို့...အာ့ကြောင့်နင့်ဒေါသတေငါ့အပေါ်လာမပုံနဲ့...မနေ့က
ငါသတိမထားမိလိုက်လို့....အဲ့လိုသာနောက်တစ်ခါထပ်လုပ်မယ်ဆို..
နင်တို့ဒီကျောင်းမှာဆက်ရှိနေမယ်လို့ငါအာမမခံဘူး...
နောက်ပီးငါကငါ့ထက်အသက်ကြီးတဲ့လူတေဘဲကြိုက်တာ...
သူကငါ့မျက်စိထဲဝင်ဖို့မတန်ဘူး...so by🙋🙋"
Rose ပြောပီးလှည့်ထွက်ခဲ့လိုက်တယ်
ကောင်မလေးတေကတော့ရှက်ပီးထွက်သွားကြတယ်...
ကန်တင်းကလူတေက..
"ဝါး..Rose ကမိုက်လိုက်တာ...သူမဒီလောက်မိုက်မှန်းငါမသိခဲ့ဘူး"
"သူမကခုကစပီးငါ့ crush ဘဲ"
"ဆုတောင်းလေ..နင်လိုကောင်က...သူမကကျောင်းရဲKingကိုတောင်သူမနဲ့မတန်ဖူးလို့ပြောသွားတာ..."
"ဟဲ့ရေ...သူမကတစ်ခါမှသူမျိုးရိုးကိုမပြောဖူးဘူးနော်"
"အေနော်..သူမဒီတိုင်းလေကျယ်တာကောမဖြစ်နိုင်ဖူးလား"
"ဘယ်သူသိမှာလဲ"
"ဘာဘဲဖြစ်ဖြစ်ငါကတော့သူကိုကြိုက်တယ်ခုနကသူမပုံစံကညှို့ဓါတ်ပြင်းတဲ့နတ်ဆိုးမလေးလိုဘဲ😈😈"
ဒီလိုနဲ့ V star ကျောင်းမှာ Rose အကြောင်းကသတင်းတစ်ပုဒ်ဖြစ်လာတယ်...
တစ်ချို့ကသူမကိုကြိုက်ပီး....
တစ်ချို့ကတော့သူမကအမည်မဖော်တဲ့သူဌေးသမီးလေးလို့ပြောကြတယ်
တစ်ချို့ကတော့သူမရဲ့မျိုးရိုးကိုဖော်ဖို့စိတ်ဝင်စားကြတယ်
"Shine မင်းသူမကိုသိလား"
"အင်..သူမကငါတို့ကျောင်းရဲ့ scholarship ကျောင်းသူ"
"Rose "
"ဟုတ်တယ်"
"ဒါဆိုခုဏက"
"ငါကြားတာမင်းငြင်းလိုက်တဲ့ကောင်မလေးက Rose ကိုပြဿနာ
သွားရှာတယ်တဲ့....သူမကအဲ့ကိစ္စကိုရှင်းလိုက်တာ"
"မဖြစ်နိုင်တာသူမကိုငါမြင်ဖူးတယ်သူမကဒီလိုပုံမဟုတ်ပါဘူး"
" Sam မင်းသူမကိုသိလို့လား"
"ငါညီမလေးဆီသွားတုန်းကသူမကိုတစ်ခါမြင်ဖူးတယ်..သူမကအေးအေးဆေးဆေးသမား...စကားတောင်လေးလုံးကွဲအောင်မပြောသလို...
ဘယ်သူနဲ့မှလဲအပေါင်းသင်းမလုပ်ဖူး...."
"သူမကမင်းပြောတာနဲ့မတူဖူးကော"
"ကြည့်ရတာမင်းရှာလိုက်တဲ့ပြဿနာကသူမရဲ့ပုံစံအမှန်ပေါ်အောင်လုပ်လိုက်တာနေမယ်"
"အခုပုံစံကိုငါကြိုက်တယ်"
"ဟေ့ရောင်မင်းတစ်ကယ်ကြီးလား...သူမကသွားမထိသင့်တဲ့လူဆိုဘယ်လိုလုပ်မလဲ"
"ကြိုးစားကြည့်တာပေါ့"
သူငယ်ချင်တေကလည်း Joe ကိုတားမနေတော့...တားလည်းရမှာမှမဟုတ်တာ
American မှာမျိုးရိုးနာမည်မဖော်တာကအဆန်းမဟုတ်...
တော်ဝင်မိသားစု or တစ်ချို့လူချမ်းသာတေကသူတို့သားသမီးတေကို
မလိုလာအပ်တာတေမဖြစ်ဖို့ကြိုကာကွယ်သည့်သေဘာပင်...
အလင်းကလူထက်အမှောင်ထဲကလူကိုပိုသတိထားရမည်...
အဲ့ကြောင့်မျိုးရိုးနာမည်မဖော်တဲ့လူတေကိုသူတို့ပိုသတိထားခြင်းပင်....
ဆိုးရွားတာတေမဖြစ်ဖို့ဘဲမျှော်လင့်တယ်....
တစ်ဖက်မှာ Rose ကတော့ဖြစ်နေတာတေကသူမနဲ့မဆိုင်သည့်အလားအေးဆေးပင်...ကျောင်းသွားတယ်...အိမ်ပြန်တယ်....တစ်ခါတစ်လေသူမကျောင်းနားက Coffee ဆိုင်လေးမှာစီးပွားရေးနဲ့ပတ်သတ်
တဲ့စာအုပ်တေဖတ်နေတတ်တယ်....Coffee ဆိုင်ပိုင်ရှင်အစ်ကိုကြီးတောင်သူမကိုမှတ်မိနေပီ....
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘