ဒီနေ့ကဟွားမြို့တော်ရဲ့အစည်ကားဆုံးနေ့တေထဲကတစ်နေ့
တိုင်းပြည်ကြီးငါခုရဲသံတမန်အဖွဲတေအပြင်အခြားနိုင်ငံငယ်လေးတေရဲမင်းသားမင်းသမီးတေ...
မှူးမတ်သားသမီးတွေနဲ့ပြည်သူပြည်သားတေအကုန်ကြာပန်းစင်မြင့်မှာရောက်နေကြတယ်....ဒီနေ့ကနှစ်တိုင်းကျင်းပနေကြစွမ်းအင်စမ်းသပ်ပွဲနေ့ဘဲဖြစ်တယ်
မနက်ကနေညအထိတစ်နေကုန်ကျင်းပမှာဖြစ်ပီးတစ်ကယ်လို့ကံကောင်းရင်ကျောင်းတော်ကဆရာတစ်ယောက်ယောက်ရဲ့တပည့်ဖြစ်လာနိုင်ချေရှိတယ်...ကျောင်းတော်တေကိုစွမ်းအင်နိုးထပီးသူတိုင်းဝင်ခွင့်ရပေမယ့်ဆရာတစ်ယောက်ရဲ့တပည့်ရင်းဖြစ်ဖို့တော့ခက်တယ်....တိုင်းပြည်ကြီးငါးခုမှာတရားဝင်ကျောင်းတော်6ခုရှိတယ်
မီးကျောင်းတော်
ရေကြောင်းတော်
လေကျောင်းတကာ
မြေကျောင်းတော်
ဟွားကျောင်းတော်
နတ်ဆိုးကျောင်းတော်ဆိုပီးရှိတယ်....
ကျောင်းတော်တေကနာမည်အတိုင်းမီးကျောင်းတော်ကမီးနိုင်ငံဘုရင်လက်အောက်...ရေကျောင်းတော်ကရေနိုင်ငံဘုရင်လက်အောက်...လေကျောင်းတော်ကလေနိုင်ငံဘုရင်လက်အောင်...မြေကျောင်းတော်ကမြေနိုင်ငံဘုရင်လက်အောက်...ဟွားကျောင်းတော်ကဟွားနိုင်ငံဘုရင်လက်အောက်မှာရှိတယ်...နတ်ဆိုးကျောင်းတော်က
တိုင်းပြည်ကြီးငါးခုရဲ့နယ်နမိတ်အပြင်မှာရှိပီးအုပ်ချုပ်သူကိုဘယ်သူမှ
မမြင်ဖူးကြစည်းကမ်းတေသတ်မှတ်ထားတာမရှိဘဲစွမ်းအားသည်သာ
ကိုးကွယ်ရာဖြစ်သည်....ကျန်ကျောင်းတော်လေးခုကမီး..ရေ..လေ..မြေ
ကြင့်ကြံသူတေကိုသာအလေးပေးပီး..ဟွားကျောင်းတော်၌မူကြင့်ကြံသူမျိုးစုံရှိသည်....
တော်ဝင်မျိုးနွယ်တေကိုအရင်စမ်းသပ်စေပြီးနောက်မှမှူးမတ်သား/သမီးတေနောက်ဆုံးမှသာမန်သူတေလာသည်
"လေတိုင်းပြည်မင်းသားငယ်.....လေစွမ်းအင်"စမ်းသပ်သူဘေးနားကကြေညာသူကကြေညာသည်...
"ဟွားတိုင်းပြည်မင်းသမီး....."လျှံရှင်းစမ်းသပ်တော့ဖန်လုံးထဲမှာစွမ်းအင်
ကလေးမျိုးပေါ်နေသည်ကြေညာသူလည်းဆက်မပြောနိုင်ဘဲကြောင်နေသည်....
သူမှမဟုတ်စင်ပေါ်ကိုရှင်းရှင်းလင်းလင်းမြင်နေရတဲ့တော်ဝင်မျိုးနွယ်
တေ..မှူးမတ်တေနဲ့သံတမန်အဖွဲ့တေပါကြောင်ကုန်သည်...ခမည်းတော်နဲ့မယွတော်ကတော့လွန်ခဲ့တဲ့နှစ်နှစ်ထဲကသိထား၍မအံ့သြဘဲတည်ငြိမ်နေသည်
စင်အောက်ရှိလူတေကတော့ကြေညာသူဆက်မပြောတာကြောင့်ဘာမှန်မသိကြဒါမဲ့တော်ဝင်မျိုးနွယ်တေရဲ့မျက်နှာကြည့်ပီးတစ်ခုခုထူးနေပီမှန်းတော့သိကြသည်
"ဘာဖစ်တာလဲ"
"ဘာစွမ်းအင်လဲ"
"ဘာလို့ရပ်သွားတာလဲ"
ကြေညာသူလဲစကားသံကြားမှအသိဝင်ပီးဆက်ကြေညာသည်
"ဟွားတိုင်းပြည်မင်းသမီး....ဓါတ်ကြီးလေးပါးစွမ်းအင်"
ကြေညာသူပြေပီးတော့ခုဏကလူအုပ်ကြီးကညိမ်ကျသွားသည်
"ဓါတ်..ဓါတ်ကြီးလေးပါးလို့ပြောလိုက်တာလား"
ဟွားတိုင်းပြည်ကလူတေစိတ်ပျက်ကုန်တယ်
"ဓါတ်ကြီးလေးပါးစွမ်းအင်ဘာလို့လဲအဲ့ဒါကအများဆုံးလူသားအဆင့်ထိဘဲရောက်နိုင်လိမ့်မယ်"
"ဟုတ်တယ်"
"ငါတို့ဟွားတိုင်းပြည်အနာဂတ်တော့သွားပါပီကွာ"
"မင်းကလည်း...ဘယ်လိုဘဲကြင့်ကြံဆင့်နိမ့်ပါစေသူမကမင်းသမီးဘဲ
လေ...ဘုရင်မင်းမြတ်ကမင်းသမီးကိုအလိုလိုက်တာတစ်တိုင်းပြည်လုံးသိတယ်...နောက်ပီးချန်းမင်းသားလည်းရှိသေးတယ်....သူမကကြင့်ကြံဆင့်နိမ့်တောင်သူမနောက်မှာဟွားတိုင်းပြည်တစ်ခုလုံးရှိနေတာ..ဘယ်သူဘာပြောရဲမှာလည်း"
လျှံရှင်းကတော့သူတို့ပြောနေတာတေဂရုမစိုက်ဘဲကိုယ့်နေရာကိုယ်ပြန်ထိုင်နေလိုက်တယ်
ဒါပေမယ်တော်ဝင်မျိုးနွယ်တေရဲ့မျက်လုံးထဲမှာတော့ဟွားတိုင်းပြည်မင်းသမီးကရတနာတစ်ပါးပင်သူတို့ရဲ့မျက်လုံးကိုသေချာကြည့်ရင်လိုအင်ဆန္ဒတေကိုမြင်ရလိမ့်မယ်
လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကရှေးနတ်ဆရာတေကဟောကိန်းတစ်ခုထုတ်ခဲ့တယ်တစ်နေ့ကျတိုင်းပြည်ကြီးငါးခုမှာဓါတ်ကြီးလေးပါးကြင့်ကြံသူတစ်ယောက်ပေါ်လာပီးသူကငါးပြည်ထောင်ရဲ့အုပ်ချုပ်သူဖြစ်လာလိမ့်မယ်ဟူ၍ဒါပေမယ်အချိန်တေကြာလာတာနဲ့အမျှဟောကိန်းကမှေးမှိန်လာပီးအစကလူတိုင်းသိကြပေမယ်နောက်ကြသက်ကြီးတော်ဝင်မျိုးနွယ်တစ်ချို့သာသိကြတော့သည်ဒါတောင်ဘိုးဘေတေကေပြာထားလို့ပေ....ဟောကိန်းကမှန်
သည်ဖြစ်စေ..မှားသည်ဖြစ်စေသူမကိုသာရရင်ငါးပြည်ထောင်ကိုမပိုင်ရရင်တောင်ဟွားကိုတော့မလွဲမတွေရလိမ့်မည်ဘယ်ဘက်ကဘဲကြည့်ကြည့်အရှုံးမရှိပေ....
နောက်နေ့မှာဟွားတိုင်းပြည်မင်းသမီးကဓါတ်ကြီးေလးပါးကြင့်ကြံသူဟူသည့်သတင်းကပျံ့နှံ့သွားပီးလူတေကနှာခေါင်းရှုံ့ကြပေမယ့်နောက်ထပ်သတင်းတစ်ခုကသူတို့ကိုဆွံ့အစေသည်
အကြောင်းကတော့တိုင်းပြည်လေးခုရဲ့သံတမန်တေပြန်ပီးနောက်တစ်နေ့မှာဘဲဘုရင်တေကအဲ့အကြောင်းသိပီးသူတို့သားတေနဲ့လက်ထပ်စေခြင်သည့်စာလွှာတေဟွားနန်းတော်ကိုအလုအယက်ပို့ကြခြင်းပင်
တိုင်းသူပြည်သားတေနဲ့မင်းသားတေကတော့သူတို့ရဲ့ဘုရင်တေကဘာကိုစဥ်းစားပီးလုပ်နေကြမှန်းမသိကြပေ....
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘