ရာဇသတိမေ့နေတဲ့သူမလေးကိုကြည့်ပီးသက်ပြင်းချမိသည်...
'ဘာလို့လိုက်လာရတာလည်းကွာ...'
ရွက်စိမ်းမျက်လုံးတေဖွင့်လိုက်တော့သူမအိမ်မက်ထဲကရာဇဆိုသူရဲ့မျက်နှာကိုမြင်လိုက်တယ်...
"ရာဇ..."
"အွန်.ကိုယ်ပါ....ကိုယ်တောင်းပန်ပါတယ်..ကိုယ့်ကြောင့်မင်း...."
"ရှူး...အဆင်ပြေပါတယ်..ကျွန်မပြောခဲ့တယ်မလား..ရှင့်အမှားမဟုတ်ဖူးလို့...ကျွန်မတို့အခုအတူတူရှိနေတာဘဲဟာ...."
"ကိုယ်..."
"ရပီ...အခုကျွန်မဗိုက်စာတယ်..."
"ကောင်းပီ..ကိုယ်မင်းစားဖို့သစ်သီးတေသွားယူပေးမယ်..."
"အွန်...."
သူထွက်သွားတော့မှ...
'White ကျိန်စာကိုဘယ်လိုဖြေရမှာလည်း...အတိတ်မှတ်ဥာဏ်ထဲမှာအဲ့အကြောင်းမပါဘူး....'
'ကျိန်စာဖြေဖို့အတွက်က.....'
.................
ရွက်စိမ်းအိပ်ပျော်နေတဲ့ရာဇရဲမျက်နှာကိုကြည့်ပီး....
ပြန်ဆုံမှာသိပေမယ့်လည်းရှင်နဲ့ဘဝတစ်ခုရောက်တိုင်းသက်တန်းပြည့်နေချင်မိသည်....
"ကောင်းကောင်းအနားယူပါ...."
သူမ White ဆီကဝယ်ထားတဲ့ဓါးတိုကိုယူပီးနှလုံးတည့်တည့်ထိုးချလိုက်တယ်....
စီးကျလာတဲ့သွေးတေကိုပန်းကန်လုံးနဲ့ခံထားလိုက်တယ်....သွေးတေကို
ရာဇပါးစပ်ထဲထည့်ပေမယ့်ဖိတ်ကျတာကြောင့်သူမပါးစပ်အပြည့်ငုံပီး
နှုတ်ခမ်းချင်းတေ့တိုက်လိုက်တယ်....ရာဇသူ့ပါးစပ်ထဲတစ်ခုခုဝင်သလိုခံစားရတာကြောင့်မျက်လုံးဖွင့်လိုက်တော့ရွက်စိမ်းကိုတွေ့လိုက်တယ်...
သူ့တစ်ကိုယ်လုံးပေါ့ပါးသလိုခံစားလိုက်ရတယ်....
ဒါက....
သူသူမကိုတွန်းထုတ်ဖို့လုပ်ပေမယ့်သူမကတော့သူကိုမလွှတ်ပေးပေ...
ခနနေတော့သူမနှုတ်ခမ်းတေကိုပြန်ခွာလိုက်တယ်....
"ရှင့်ကျိန်စာပြယ်သွားပီ...နောက်ဘဝကျရင်ကျွန်မတို့ထပ်ဆုံဦးမှာပါ...
ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့...ဒါကကျွန်မကိုယ်တိုင်ရဲ့ရွေးချယ်မှုမို့"
ပြောပီးသူမမျက်လုံးတေမှိတ်ကျသွားတယ်....
ရာဇ...သူ...သူမကိုသာနာကျင်အောင်အမြဲလုပ်မိသည်...ကိုယ်...ကိုယ်ကမင်းအချစ်နဲ့မတန်ပါဘူးကွာ...
ကျိန်စာကပြယ်သွားပီမို့သူ့ရဲ့ကိုယ်ကတစ်ဖြေးဖြေးမြေမှုန်တေအဖြစ်လေနဲ့အတူလွင့်ပြယ်သွားတယ်....
ကျိန်စာကိုဖြေဖို့က နှစ်နည်းဘဲရှိတယ်
တစ်ခုကကျိန်စာရဲ့မူလအစဖြစ်တဲ့ပြုလုပ်သူကိုသတ်ပစ်ဖို့နဲ့ကိုယ်ချစ်ရသူရဲ့နှလုံးသွေးကိုသောက်ဖို့ဘဲ....ဖြစ်ချင်တော့ရာဇကသူကျိန်စာမိမှန်းသိချိန်မှာမာယာကကိုယ့်ကိုကိုယ်
သတ်သေနှင့်နေပီ...တောစောင့်နတ်ကသူ့ကိုရူပရဲ့ချစ်သူမို့ရူပအစားဒီသစ်တောကိုစောင့်ရှောက်ခိုင်းတာပါ...
သူရွက်စိမ်းကိုသွားမတွေ့တာကဒါကြောင့်ပေ....သူမလေးကတော့သူ့ကိုလာရှာခဲ့သည်...
နောက်ဘဝမှာကိုယ်မင်းအပေါ်တင်နေသမျှအကြွေးတေကိုကိုယ့်ဘဝနဲ့ရင်းပီးပြန်ဆပ်ပါ့မယ်....
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘