ရှင်းယားမျက်လုံးတေဖွင့်လိုက်တော့သူမသစ်သားအိမ်တစ်ခုထဲရောက်နေမှန်းသိလိုက်တယ်.....
"System ဇာတ်ကြောင်းပို့တော့"
ဒီကမ်ဘာကသိုင်းလောကတစ်ခုပင်...ဒီကမ်ဘာရဲ့ဇာတ်လိုက်က
ဖန်ရန်စစ်လို့ခေါ်တဲ့သိုင်းသမားတစ်ယောက်....သူကနေရာအနှံ့လျှောက်သွားရတာကိုနှစ်သက်တဲ့.....လေလွင့်သိုင်းသမားတစ်ယောက်ပေါ့...ဇာတ်လိုက်မကတော့ရန်တိုင်းပြည်..ပညာရေးဝန်ကြီးရဲ့သမီးအကြီးဝမ်ရှင်းယွီပင်...တစ်နေ့ဝန်ကြီးကသူ့သမီးအတွက်သက်တော်စောင့်ရွေးပွဲပြုလုပ်ဖို့ကြေညာခဲ့တယ်.....အဲ့အချိန်မှာဖန်ရန်စစ်ကလန်းရှင်းယွီကိုစိတ်ဝင်စားနေတဲ့အတွက်ပြိုင်ပွဲကိုဝင်ပြိုင်ပီးသူမရဲ့သက်တော်စောင့်ဖြစ်လာခဲ့တယ်
အထက်တန်းလွှာမမလေးနဲ့သက်တော်စောင့်လေးရဲ့အချစ်ဇာတ်လမ်းပေါ့....သူမကကောသူမနာမည်ကလန်ရှင်းယား...
"ဒီကိုယ်ကငါနဲ့နာမည်တူတာဘဲ"
လန်ရှင်းယားကလန်တိုင်းပြည်ရဲ့မင်းသမီးတစ်ပါးပင်...သူမမှာစေ့စပ်ထားတဲ့လူရှိပေမယ့်လည်းသူမကိုယ်တိုင်အဲ့လူနဲ့တွေ့ပီးစေ့စပ်ပွဲဖျက်ပေးဖို့ပြောခဲ့သည်...
သူမကလျှောက်သွားရတာကြိုက်တဲ့ကောင်မလေးတစ်ယောက်ပင်
စေ့စပ်ပွဲဖျက်ပီးတော့သူမနန်းတော်ကထွက်ပီးနေရာအနှံ့လျှောက်သွားသည်
သူမကမည်းတော်ကလည်းသူမကိုမနိုင်၍လွှတ်ထားလိုက်လေသည် . ....
တစ်လတစ်ခါသူမမိသားစုဆီစာရေးပို့သည်
သူမအစ်ကိုတော်ရဲ့မွေးနေ့ရောက်ရင်ရောက်တဲ့နေရာကနေမွေ့နေ့လက်ဆောင်ပို့ပေးတတ်သည်...သူမအစ်ကိုနဲ့သူမကအမေမတူပေမယ့်ဆက်ဆံရေးကောင်းသည်...သူမ
(မိထွေး)လက်ရှိလန်တိုင်းပြည်မိဖုရားခေါင်ကြီးကလည်းအစကသူမကိုမကြည်ပေမယ့်နောက်တော့သူမထီးနန်းရေးရာစိတ်မဝင်စားမှန်းသိတော့သူတို့ဆက်ဆံရေးကသိပ်မဆိုးဝါးပေ..
မေးထူးခေါ်ပြောလောက်ပေါ့...ဘုရင့်မှာမိဖုရားနှစ်ပါးရှိပီးသူမကိုမိဖုရား
ငယ်ကမွေးခဲ့တာပင်...မူလကိုယ်ကမသိပေမယ့်သူ့အစ်ကိုနဲ့အဖေကသူမနောက်ကိုသူတို့ရဲ့အရိပ်စစ်သားတေကိုလိုက်ပီးစောင့်ရှောက်ခိုင်းထားသည်...ပြဿနာကဘာလည်းဆိုတော့သူမကဖန်ရန်စစ်ကိုချစ်မိရာမှစသည်...တစ်နေ့ဖန်ရန်စစ်ဒဏ်ရာ
တေနဲ့လဲနေတာကိုတွေ့တော့သူမကသူကိုဆေးကုပေးခဲ့တယ်....
ဖန်ရန်စစ်သူမဆီမှာနေတဲ့အချိန်တွင်းသူ့ကိုသူမချစ်မိသွားချင်းပင်....
ပထမဆုံးအချစ်မို့သူမသူ့ဆီကအငြင်းခံရချိန်မှာဘယ်လိုမှလက်မခံနိုင်ပေ
ဆိုပေမဲ့သူမသူ့ကိုလက်လွှတ်ဖို့ကြိုးစားခဲ့သည်...သူမစိတ်ထဲမှာသူကိုမေ့လောက်တဲ့အထိခရီးတေထွက်ပစ်သည်...အိမ်ကိုလည်းစာမရေးဖြစ်တော့
သူမဖန်ရန်စစ်ကိုပြန်တွေ့ချိန်မှာသူမသူ့ကိုကြိုက်နေဆဲဆိုတာသိလိုက်ရတယ်...သူ့ဘေးမှာသူမမဟုတ်တဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတော့
သူမဘယ်လိုမှလက်မခံနိုင်ပေ...သူမရဲ့မူလလန်တိုင်းပြည်မင်းသမီးဘဝကိုပြန်သွားပီးဝမ်ရှင်းယွီကိုအနှောင့်အယှက်ပေးခဲ့သည်...ရန်စတာ...
အရှက်ခွဲတာ...စိတ်ဒုက္ခရောက်အောင်လည်းလုပ်ခဲ့သည်...
"ဒါဆိုဒီကိုယ်ကဗီလိန်ပေါ့"
သူမလုပ်သမျှကဇာတ်လိုက်မအပေါ်လုံးလုံးမထိရောက်တာတော့မဟုတ်ပေ...ဆိုပေမဲ့ဇာတ်လိုက်မစိတ်ဓါတ်ကျတိုင်းဇာတ်လိုက်ကအမြဲအားပေးခဲ့သည်...
သူမကဒုက္ခပေးလေသူတို့ကြားကအချစ်ကသန်မာလေပင်....
နောက်ဆုံးဇာတ်လိုက်မကိုသတ်ဖို့လုပ်ချိန်မှာသူမသာသေသွားခဲ့သည်...
သူမရဲ့ဆန္ဒတေက
ဖန်ရန်စစ်ကိုမချစ်မိစေရန်(Points 200)
သူမမိသားစုနဲ့အရင်လိုတစ်ခေါက်လောက်ပြန်ပီးထမင်းလက်စုံစားချင်တယ်(Points 200)
သူမကိုတစ်ကယ်ချစ်တဲ့သူနဲ့လက်ထပ်ရန်(Points 300)
သူမဗီလိန်မဖြစ်ရန်(Points 100)
"ခုဘယ်အချိန်ရောက်ပီလဲ"
"ရန်တိုင်းပြည်ရောက်စပါ"
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘