ရူပ တောထဲကိုပြန်ရောက်တော့သူမမရောက်တာကြာပီဖြစ်တဲ့သူတို့နှစ်ရောက်ရဲ့အိမ်လေးစီသွားကြည့်မိတယ်....
"မနေ့တစ်နေ့ကလိုပါဘဲလား...."
သူမအိမ်ရှေ့ထွက်တော့သူမသူငယ်ချင်းတေကစောင့်နေကြတယ်....
"ယုန်လေး...ရာဇလာရင်ဒီစာလေးပေးပေးပါလား..."
ပြောပီးသူမပေစာရွက်လေးကိုယုန်လေးရှေ့ချပေးလိုက်တယ်....
"တောင်းပန်ပါတယ်...ငါအရင်လိုမင်းတို့နဲ့မကစားနိုင်လောက်တော့ဘူး...
အတိတ်ကနေ့ရက်တေကတစ်ကယ်ကိုလွမ်းစရာဘဲနော်..."
သူမမတ်တပ်ရပ်လိုက်ပီးသူမရဲ့မိခင်ဖြစ်တဲ့နှစ်1000သစ်ပင်အိုကြီးဆီလျှောက်သွားပီးအပင်အောက်မှာလဲလျောင်းလိုက်တယ်...
သူမမျက်လုံးတေမှိတ်လိုက်တာနဲ့သူမရဲ့နန္ဓါကိုယ်ကအအမှုန်အဖြစ်အပင်ကြီးနဲ့ပေါင်းစည်းသွားတယ်.....
သူမသေဆုံးပီးနောက်နေ့ကျတော့ရာဇရောက်လာခဲ့တယ်....
"ရူပ!"
သူအော်ခေါ်နေပေမယ့်လည်းအိမ်ကလေးကနေသူ့ကိုပြန်ထူးပေးမယ့်လူကရှိမနေပေ...
"ကိုယ်..အကုန်ကိုယ့်အမှားတေပါကွာ...ကိုယ်သာမင်းဘဝထဲမဝင်ခဲ့ရင်
မင်းကိုသာကိုယ့်နောက်မလိုက်ခိုင်းခဲ့ရင်မင်းသေမှမဟုတ်ဖူး...မင်း...
ကိုယ့်ကြောင့်ပါ...ကိုယ့်အမှားတေ..."သူခြေထောက်ကိုတစ်ယောက်ယောက်ပွတ်နေသလိုခံစားရ၍ငုံ့ကြည့်လိုက်တော့ယုန်ဖြူလေး
"ဒီပေလွှာက..ငါ့အတွက်လား..."
ယုန်ဖြူလေးကခေါင်းငြိမ့်ပြသည်....
~အမောင်ကရူပမချစ်သင့်တဲ့သူဆိုရင်တောင်အမောင့်ကိုချစ်မိတာအတွက်နောင်တရမှာမဟုတ်ဖူး...
ဘုရားဟောသလိုနောက်ဘဝဆိုတာရှိခဲ့ရင်တေုင်အမောင့်ကိုဘဲထပ်ရွေးချယ်မှာမို့ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့...~♤အမောင့်ကိုချစ်တဲ့
ရူပ♤ရူပသေဆုံးချင်းနဲ့အတူရာဇဟာကျိန်စာကြောင့်လူမဟုတ်မတ်မဟုတ်ဖ့စ်သွားခဲ့သည်...နတ်တေလိုတန်ခိုးရှိပီးအချိန်အကြာကြီးရှင်သန်နိုင်ပေ
မယ့်...သူကနတ်အစစ်မဟုတ်ပေ...သူ့ဖြစ်ရပ်ကိုသိတဲ့တောစောင့်နတ်က
ကျိန်စာမပြယ်မချင်းတောအုပ်နဲ့အနီးအနားကရွာတစ်ရွာကိုစောင့်ရှောက်စေသည်...
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘