ညဘက်.....
အမတ်ချုပ်အိမ်တော်.....
အမည်းရောင်အရိပ်တစ်ခုဟာအမတ်ချုပ်
အိမ်တော်ထဲကိုတိတ်တစ်ဆိတ်ဝင်လာပီး
ခြံဝန်းတစ်ခုထဲကိုဝင်သွားခဲ့တယ်....
ခြံဝန်းပိုင်ရှင်ဖြစ်တဲ့သခင်လေးကတော့
သူရဲ့အိပ်ခန်းမှာနှစ်ခြိုက်စွာအိပ်ပျော်နေပီး
ဘာကိုမှသတိမထားမိပေ.......
အမဲရောင်ဝတ်ဆုံနဲ့လူဟာအိပ်ရာပေါ်ကအလှလေးရဲ့
သွေးကြောကိုစမ်းသပ်ပီးတာနဲ့ပြန်ထွက်သွားခဲ့တယ်.....
အိပ်ရာခေါင်းရင်းမှာလည်းအနီရောင်ကြိုးလေးနဲ့စည်းထားတဲ့နှင်းဆီပန်း
ငါးပွင့်ကိုလည်းထားခဲ့ဖို့မမေ့ခဲ့ချေ.....
မနက်ဘက်အန်းရန်နိုးလာတော့အိပ်ရာ
ခေါင်းရင်းမှာတင်ထားတဲ့နှင်းစည်ပန်းစည်းကိုတွေ့တော့...
"ရှောင်ပိုင်...!"
"လာပါပီ...သခင်လေး...တစ်ခုခုလိုလို့လား..."
"ဒီပန်းတေ..."
"ဝါး...သခင်လေးဒါဘာပန်းတေလည်းလှလိုက်တာ..."
"ဟမ်...ဒီပန်းတေကမင်းထားထားတာမဟုတ်ဖူးလား..."
"ဗျာ...ကျွန်နော်သခင်လေးအတွက်မနက်စာသွားယူတာ...
ကျွန်နော်ဒါဘာပန်းလဲတောင်မသိဘူး..."
သူပန်းကိုနေရောင်အောက်ထားလိုက်တော့...
နေမင်းရဲ့အလင်းရောင်ကြောင့်ပန့်ပွင့်ချပ်လေးတေမှာ
ရွှေရောင်အမှုန်လေးတေကိုတွေ့လိုက်တယ်.....
"သခင်လေး...ပန်းပွင့်ချပ်ထဲကဟာတေကရွှေမှုန်တေလား..."
"မဟုတ်လောက်ပါဘူး...ပန်းထဲမှာဘယ်သူကရွှေထည့်ထားမှာလဲ..."
သူပန်းကိုအနီးကပ်ကြည့်လိုက်တော့...
ပန်ပွင့်ချပ်တေထဲမှာအမှန်ပင်ရွှေမှုန်သေးသေးလေးတေရှိနေသည်...