9.25

489 38 1
                                    

UNICODE

မင်္ဂလာပွဲနေ့

လီတိုင်းပြည်ဘုရင်မင်းမြတ်နဲ့ဟန်ဘုရင်တူမတော်တို့ရဲ့မင်္ဂလာပွဲကပြောစရာမလိုအောင်ပင်ခမ်းနားလွန်းလှသည်..

လီဘုရင်ကဟန်ထိတောင်သွားပီးတောင်းရမ်းခဲ့သည့်မိဖုရားမဟုတ်ပေလား..

အနီရောင်ဇာမနီ၀တ်ရုံမဲ့သတို့သမီးလေးကအနီရောင်နဂါး၀တ်ရုံနဲ့သတို့သားစီတစ်လှမ်းချင်းလှမ်းလာရင်ရှည်လျားလွန်းတဲ့မင်္ဂလာ၀တ်ရံုကတစ်လောကလံုကိုဖုံးအုပ်ထားသည့်အလားပင်..

"မိုးမြေကန်တော့ပါ!!!"

...

"အကြီးအကဲတေကိုအရိုအသေပေးပါ!!"

..

"အချင်းချင်းဂါရ၀ပြုပါ!!"

..

"ဧကရာဇ်နဲ့ဧကရီသက်တော်ရာကျော်ရှည်ပါ!!!"

At night

မင်္ဂလာအိပ်ဆောင်ထဲမှာတော့ဒီနေ့ရဲ့သတို့သမီးတစ်နည်းအားဖြင့်လီတိုင်းပြည်ရဲ့အသစ်စက်စက်ဧကရီလေးကခင်ပွန်းဖြစ်သူပြန်အလာကိုစောင့်မျှော်နေလေတယ်...

ခြေသံတစ်ချို့ကအဆောင်နားချည်းကပ်လာရင်း...အိပ်ဆောင်ထဲကိုတော့တစ်ယောက်သောသူကချဥ်းကပ်လာလေတယ်..

ထိုလူကသတို့သမီးရဲ့မင်္ဂလာခေါင်းဆောင်းကိုလှန်လိုက်တော့...

သူစောင့်စားနေရတဲ့သူမလေးရဲ့မျက်နှာလေးကိုကြည့်ရင်း...

"မင်းဒီနေ့အရမ်းလှနေတယ် ."

"ဒါဆို..ကျွန်မကကျန်တဲ့အချိန်တေမလှဘူးလား.."

"မဟုတ်ပါဘူး..ကိုယ်တော့်မျက်လုံးထဲမှာတော့မင်းကတစ်ေလာကလံုးမှာအလှပဆုံးအမျိုးသမီးဘဲ...

"အပိုတေက.."ပြောရင်းသူမကရယ်လေတယ်

"မှန်သောသစ္စာပါကွာ..ကိုယ်တော်တို့ပထမဆံုးရတွေ့ချိန်ထဲကမင်းကိုမြတ်နိုးမိခဲ့တာပါ..အတင်းအကျပ်သိမ်းပိုက်လို့ရ ​ေပမယ့်ကိုယ်တော်လိုချင်တာမင်းရဲ့စိတ်ရင်းမို့ဒီလောက်အကြားကြီးစောင့်မျှော်နေခဲ့တာပေါ့ကွာ..မင်းနဲ့ေ၀းခဲ့ရတဲ့အချိန်တေမှာမင်းကိုမလွမ်းရတဲ့အချိန်ဆိုလို့တစ်စက္ကန့်တောင်မရှိခဲ့ပါဘူးကွာ.."

​ကောင်းကင်ဘုံ system (Complete)Donde viven las historias. Descúbrelo ahora