'ဆိုတော့ငါအခုဘယ်အချိန်ရောက်နေတာလဲ...'
'အခုက မူလပိုင်ရှင်စစ်သူကြီးချုပ်အဖြစ်
နယ်စပ်မှာတာဝန်ထမ်းဆောင်တုံးပါ...
နောက်တစ်လနေရင်လုံတိုင်းပြည်ကမင်းသားနှစ်ကို
ဟော်တိုင်းပြည်ဆီပို့ပါတော့မယ်...
နောက်တစ်ပတ်နေရင်ဘုရင်မရဲ့မွေးနေ့ပွဲရှိပါတယ်...'
'သိပီ...'
သူ White နဲ့စကားပြောပီးတော့ခုဏကစစ်သား
လာပေးတဲ့စာရွက်ကိုဖတ်လိုက်တယ်....
ဘုရင်မရဲ့မွေးနေ့ပွဲအတွက်ပြန်လာခိုင်းချင်းရင်....
အဲ့စာဖတ်ပီးတော့အရှေ့ကစာရွက်ကိုကြည့်လိုက်တယ်
နေ့လည် 3:00 ယှဥ်ပြိုင်ကွင်း....
မူလပိုင်ရှင်ရဲ့မှတ်ဥာဏ်အရဆိုဒီစာကလုံတိုင်းပြည်
စစ်သူကြီးချုပ်လန်ဟန်ရန်း ဆီကပင်..
အဲ့လူကသူပျင်းတိုင်းမူလပိုင်ရှသ်ကိုစိန်ခေါ်လေ့ရှိသသည်...
အခုထိတော့သူတို့နှစ်ယောက်ကဘယ်သူမှမနိုင်ဘဲ
လက်ရေတူပီးပွဲတိုင်းသရေကျနေသည်...
'ဟက်..ငါကမူလပိုင်ရှင်မှမဟုတ်တာ..'
နေ့လည်ဘက်ကျသူမသူချိန်ထားတဲ့ဆီသွားလိုက်တယ်....
နှစ်ဖက်လုံးရဲ့စစွသားတေကကွင်းပြင်မှာစုနေပီးစင်ပေါ်မှာလန်ဟန်ရန်းက
ရပ်နေတယ်..
"မင်းကနောက်ကျလိုက်တာ..."
"ငါလာတာအချိန်ကိုက်ဘဲမင်းဘာသာစောရောက်နေတာ....."
"ကိုယ်တို့စကြတော့မလား..."
သူမခေါင်းငြိမ့်ပြလိုက်တယ်....သူမနဲ့သူအပြန်အလှန်တိုက်ခိုက်နေရင်း
"မင်းလက်ရေတက်လာတယ်..."
"လူဆိုတာအမြဲတိုးတက်နေတာဘဲလေ..."
"ဟ..ဟ.."
သူမတို့နေ့လည်ထဲကတိုက်နေတာအချိန်အတော်ကြာပီပင်....
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘