"ရွက်စိမ်းရေ....ရွက်စိမ်း...."
"လာပီ...လာပီ...ခရေတို့ပါလား...လာကြလေ..."
ခရေကသူမဒီရွာမှာတွေ့တဲ့သူငယ်ချင်းပင်....တောသူတောင်သားတေကတစ်ကယ်ကိုရိုးသားကြသည်...
"ပြောပါဦး...ဘာကိစ္စများလဲ..."
"ဒီလိုဟ...နောက်တစ်ရက်နေရင်ငါတို့ရွာရဲ့ပန်းပွဲတော်ရောက်တော့မယ်...အဲ့တာနင့်ကိုလာပြောပြတာ..."
"ပန်းပွဲတော်...အဲ့တာကဘာပွဲလဲ..."
"ခရေရယ်နင်ကလည်းရွက်စိမ်းဒီအကြောင်းဘယ်လိုသိဦးမှာလဲ...
ဒီလိုရွက်စိမ်းငါပြောပြမယ်"ဆိုပီး စိမ့်အေး ကဝင်ပြောတယ်"ငါတို့ရွာမှာကနှစ်တိုင်းပန်းပွဲတော်ကိုတစ်နှစ်တစ်ခါကျင်းပလေ့ရှိတယ်..
အဲ့နေ့ရောက်တိုင်းရွာနတ်စင်အနောက်ဘက်ကကွင်းပြင်ကြီးကိုနင်သိ
တယ်မလား....""ဟိုမြက်တောကွင်းပြင်လား...."
"အေ..အဲ့ကွင်းပြင်..."
"အဲ့ကွင်းပြင်ကဘာဖြစ်လို့လဲ...."
"နှစ်တိုင်းပန်းဆွဲတော်နေ့ညသန်းခေါင်ဆိုတာနဲ့အဲ့ကွင်းပြင်ကနင်တို့ငါတို့မြင်နေကြမြက်တောကွင်းပြင်ကြီးမဟုတ်တော့ဘဲ...အနီရောင်နှင်းဆီပန်းပင်တေပြည့်နေတဲ့ပန်းခြံတစ်ခုဖြစ်သွားတာဟ...."
စိမ့်အေးစကားကိုခရေကဝင်ပြောတယ်
"ဟုတ်တယ်ဟ...ပန်းပွဲတော်နေ့ညသန်းခေါင်ကနေမနက်ရောင်နီလာချိန်ထိအဲ့ပန်းခင်းကရှိနေတာ...နောက်ပီးငါတို့ရွာမှာနှင်းဆီပန်းလုံးဝစိုက်လို့မရဘူး...."
"ဘာဖြစ်လို့လဲ....."
"ငါတို့ကိုရှေးလူကြီးတေပြောတာတော့.....အရင်ကငါတို့ရွာမှာနှင်းဆီပန်းစိုက်တဲ့လူတစ်ယောက်ရှိဖူးတယ်တဲ့.....ဒါပေမယ့်သူ့အပင်ကဘယ်တော့မှပန်းမပွင့်ဖူးတဲ့....တစ်နေ့ကြတော့အဲ့လူကရုတ်တရက်ရွာကနေပြောင်းသွားတယ်....သူ့လိုမျိုးနှင်းဆီပန်းစိုက်ဖို့ကြိုးစားသူတေရှိပေမယ့်
သူတို့လည်းတစ်ခုမဟုတ်တစ်ခုဖြစ်တာဘဲဟ...နောက်ကြငါတို့ရွာမှာဘယ်သူမှနှင်းဆီပန်းမစိုက်ကြတော့ဘူး..."
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘