အချိန်တေသာကုန်ပီးရာသီတေသာအလီလီပြောင်းသွားတယ်သူမရဲ့မွေးရပ်မြေဟွားမြို့တော်ကတော့ဘာမှထူးပီးပြောင်းလဲမသွားပြားပန်းခတ်စည်ကားနေတဲ့လူတေကလွန်ခဲ့တဲ့နှစ်နှစ်ကအတိုင်း.....
"ရှောင်စစ်...ယင်...ယန်...မြို့ထဲလျှောက်လည်ရအောင်"
ရှောင်စစ်_"ဒါပေမယ့်မင်းသမီး
နန်းတော်ဆီအရင်မပြန်ဘူးလားညကြကြိုဆိုပွဲရှိသေးတယ်"
ဟွားလျှံရှင်း_"အိုက်ရာပူမနေပါနဲ့ဒီမင်းသမီးသိပါတယ်ပွဲကညမှပါ
ဒီမင်းသမီးအချိန်မှီပြန်မှာပါ"
ယင်_"မမရှောင်စစ်ညီမလေးတို့လျှောက်လည်ရအောင်ပါနော်"
ရှောင်စစ်_"ပီးတာဘဲ"
ယင်_"ယေး🙌🙌ဒါမှတို့မမကွ"
"မမလမုန်စားရအောင်...မမပေါက်စီဝယ်ကျွေး...မမဒီဆံထိုးလေးလှလိုက်တာ"
လျှံရှင်းမိမိရှ့ကမြင်ကွင်းကြည့်ပီးပြုံးမိသည်လျှောက်လည်ဖို့ပြောသူမှာမိမိဖြစ်သော်လည်းယင်ကတော့ကလေးပီပီအဆော့မက်သည်
ရှောင်စစ်ကတော့ကလေးတစ်ယောက်ထပ်ထိန်းနေရပီ...မိမိလည်းကလေးပေမယ့်လည်းပေါ့
"ယန်နင်ရောမသွားဘူးလား"
"ကျွန်နော်မင်းသမီးနဲ့ဘဲအတူသွားပါမယ်"
"တစ်ခါတစ်လေကဘာမှမဖြစ်ပါဘူး"
"ကျွန်နော်ကမင်းသမီးရဲ့ကိုယ်ရံတော်ပါမင်းသမီးကိုစောင့်ရှောက်ရမှာပါ"
လျှံရှင်းဒီနှစ်တေအတွင်းသိလိုက်ရတာကယန်ကတစ်ကယ့်ကိုစာအုပ်ကြီးပင်နည်းနည်းလေးမှအတိမ်းစောင်းမခံဟူး😧😧သည်လိုပျော်ဖို့ကောင်းတဲ့နေရက်တေကကြာရှည်နေရင်ကောင်းမယ်...
"ငါတို့လည်းသွားရအောင်"
"ဟုတ်ကဲ့"
"စိတ်ကိုအရမ်းမတင်းထားနဲ့ပျော်ပျော်နေ"
"ကောင်းပီ"
ယန်ရဲ့အသံကအတက်အကျမရှိတည်ငြိမ်နေသည်လျှံရှင်းခေါင်းသာခါမိသည်
အ!!
လျှံရှင်းလမ်းလျှောက်လာရင်းကောင်မလေးတစ်ယောက်နဲ့တိုက်မိသည်
သူမကလျှံရှင်းထက်အသက်ကြီးပုံပင်
"ဒီမှာနင်ငါလာတာမတွေ့ဖူးလား!!!"
လျှံရှင်းစိတ်မကြည်တော့သူကလည်းဝင်တိုက်သေးတယ်
"ရှင်အရင်ဝင်တိုက်တာလေ."
"ဘာနင်ကများပြောရတယ်ရှိသေးငါ့မမလေးကိုတောင်းပန်စမ်းသူမဘယ်သူလည်းမသိဘူးလား"
"အို...ဒါဆိုသူမကဘယ်သူများလည်း"
"နင်မသိရင်မှတ်ထားငါ့မမလေးကယွီအိမ်တော်ရဲ့ဒုတိယမမလေး
ယွီဖေးဖေးဘဲ"
သူဘေးကအစေခံကပြောတော့သူမကမေးကိုမော့ထားပီးလျှံရှင်းကိုမောက်မာစွာကြည့်သည်ဘေးမှာလူတေကလည်းကြည့်စရာရှိတော့တစ်ဖြည်းဖြည်းအုံလာသည်
"အဲ့ကလေးမကဘယ်သူလဲ...သူကဘယ်လိုတောင်ယွီဒုတိယမမလေးနဲ့
ပြဿနာဖြစ်ရဲတာလဲ"
"ယွီမမလေးဘယ်လောက်မောက်မာတယ်ဆိုတာမြို့တော်မှာမသိသူမရှိဘူး.....ဒီကောင်မလေးတော့သနားစရာဘဲ"
"ဟုတ်တယ်"
လူတေကလည်းလျှံရှင်းကိုသနားစရာလို့ထင်နေကြတယ်
ပြဿနာဖြစ်နေတာမြင်၍ထင်ရှောင်စစ်နဲ့ယင်ပြန်ရောက်လာသည်
ယန်ကလည်းနောက်မှာမျက်နှာကြီးမဲမှောင်ပီးရပ်နေတယ်
ယန်_"ဒီကောင်မလေးဘယ်လိုတောင်မင်းသမီးရှေ့မောက်မာရဲတာလဲ
😾😾😾သူတော့သွားပီ🙀🙀🙀.."
ရှောင်စစ်နဲ့ယင်ကလျှံရှင်းရဲ့အနောက်မှာရပ်လိုက်ကြတယ်...
"မင်းသမီးအဆင်ပြေရဲလား"
"ရတယ်..."
ရှောင်စစ်_"ရိုင်းလိုက်လေအမတ်တစ်ယောက်ရဲ့သမီးကဘယ်လိုတာင်
မောက်မာတာလဲ"
အစေခံ_"နင်ကဘယ်သူလဲဘယ်လိုတောင်ငါတို့မမလေးကိုပြောရဲတာလဲ
ငါတို့မမလေးကအမတ်ယွီရဲ့အချစ်ဆုံးသမီးဆိုတာမသ်ဘူးလား"
"အို...ဒါဆိုငါသိချင်တယ်အမတ်ယွီကဒီနေ့ကုန်ရင်နင့်
မမလေးကိုထပ်ချစ်နိုင်ပါအုန်းမလားလို့"
ယွီဖေးဖေးေရှ့ကကောင်းလေးကိုကြည့်လိုက်သည်သူကမောက်မာပေမယ့်အရူးမဟုတ်သူမကစဥ်းစားနိုင်စွမ်းတော့ရှိသည်သူရှေ့ကကောင်မလေးကအဖေ့နာမည်ကြားတာတောင်မျက်နှာတစ်ချက်မပျက်ပေ...
အဖေအထက်ကလူတေကိုသူမတွေ့ဖူးသည်ဒါပေမယ်ဒီကောင်မလေးကိုတော့တစ်ခါမှမမြင်ဖူး....သူမစိတ်လျှော့လိုက်တယ်...သူ့ရှေ့ကကောင်မလေးသာဆွေးကြီးမျိုးကြီးထဲကဆိုသူမတွေ့ဖူးစရာမရှိ....မဟုတ်လောက်ပါဘူး
"နင်ဘာပြောတာလဲ.."
"ငါသိတာသာမမှားရင်ယွီဖေးဖေးဆိုတာကိုယ်လုပ်တော်ရဲ့သမီးတစ်ယောက်သာသာဘဲ(တိ)တရားဝင်ဇနီးရဲ့သမီးတောင်မဟုတ်ဘူး
သူမမပြောနဲ့အမတ်ယွီကိုယ်တိုင်ရောက်လာရင်တောင်ငါ့ကိုဒီလိုလေသံနဲ့မပြောရဲဘူးကိုယ့်အဆင့်ကိုယ်သိကျီးကန်းကကျီးကန်းဘဲ
ဇာမနီမဖြစ်နိုင်ဘူး"
"နင်" လျှံရှင်းရဲ့စကားတေကယွီဖေးဖေးကိုတော်တော်ထိသွားစေသည်
ဘယ်လောက်ဘဲသူမအဖေကသူမကိုချစ်ချစ်ကိုယ်လုပ်တော်ရဲ့သမီးဆိုတာမပြောင်းလဲပေ
"ငါဘာဖြစ်လဲ....လူဆိုတာကိုယ်အဆင့်ကိုယ်သိရတယ်မင်းလိုအညတရအမတ်တစ်ယောက်ရဲ့သမီးကငါ့လိုပင်တိုင်စံမင်းသမီးကိုရိုင်းစိုင်းစွာပြောဆိုတာငါမင်းကိုသတ်လိုက်ရင်တောင်မလွန်ဘူးနောက်ပီးမင်းကတရားဝင်သမီးတောင်မဟုတ်ဘူး....ရှက်စရာဘဲ"
လျှံရှင်းပြောပီးလှည့်ထွက်ခဲ့လိုက်တယ်ယွီဖေးဖေးကတော့ခုထိသတိမကပ်သေးသူမနားထဲမှာကြားနေတာကပင်တိုင်စံမင်းသမီးဆိုတဲ့စကားသာ
သူမတော့သွားပီအဖေသူမကိုဘယ်လောက်ချစ်ချစ်မင်းသမီးတစ်ပါးကိုတော့မလွန်ဆန်နိုင်
ယွီဖေးဖေးအဲ့နေ့ကအိမ်ပြန်လမ်းတစ်လျှောက်စိတ်နဲ့လူမကပ်ပေ
သူမကိုစောင်းပြောနေတဲ့လူတေရဲ့ကဲ့ရဲ့စကားကိုတောင်မတုံ့ပြန်နိုင်တော့
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘