ညစာစားပွဲ
ယနေ့တော်ဝင်ဥယျာဥ်မှာလူများစွာရောက်ရှိနေပီးအခါတိုင်းတိတ်ဆိတ်နေတဲ့နေရာကစည်ကားလျက်ရှိတယ်မိန်းမပျိုလေးတေကမိမိတို့သဘောကျသောလူငယ်လေးတေကိုအထားပေးနေပီးအမတ်တေကလည်းဟိုဟိုဒီဒီစကားဖောင်ဖွဲ့နေကြတယ်အိမ်တော်သခင်မတေကလည်းမိမိတို့သားအတွက်သင့်တော်သောမိန်းမပျိုလေးတေတွေ့လိုတွေ့ညာမသိမသာအကဲခတ်လျက်ရှိတယ်....
"ချန်မင်းသားကြွချီလာပါပီ"
စကားသံအဆုံးမိန်းမပျိုလေးများကချန်မင်းသားဆိုသူထံတွင်သာအကြည့်များမြဲလျက်ပွဲရှိလူများကထ၍အရိုသေပေးကြသည်
"ထိုင်တော့"
"ကျေးဇူးတင်ပါတယ်မင်းသား"
ချန်မင်းသားကလည်းအမတ်တေကိုအတွေးများစေသူတစ်ယောက်ပင်နဂိုကပင်တိုင်စံမင်းသမီးကသာထီးနန်းဆက်ခံ၍သူမရဲ့
ခင်ပွန်းကဘုရင်ဖြစ်မည်ဟုတွေးထင်ထားသမျှမင်းသမီးနန်းမြို့ကထွက်ပီးတစ်နှစ်အကြာဘုရင်ကကောက်ခါငင်ခါချန်မင်းသားကိုမွေးစားပီးစစ်တပ်ကိုအုပ်ချုပ်စေသည်
ချန်မင်းသားကအသက်18နှစ်ပြည့်ပီးဖြစ်၍မင်းသမီးနဲ့အသက်ကွာလွန်းသည်ခင်ပွန်းလောင်းလည်းမဖြစ်နိုင်ချန်မင်းသားကိုစစ်တပ်တံဆိပ်ပေးပေမယ်သူကမင်းသမီးထက်တော့နိမ့်သေးသည်...ဘုရင်ကချန်မင်းသားကိုစစ်တပ်တံဆိပ်ပြားပေးရင်တောင်
အဲ့တာကစစ်တပ်ကလူအိုကြီးတေကဒီကောင်လေးကိုအသိမှတ်ပြုချင်းမဟုတ်...သူ့အတွက်ခက်ခဲ၍မကြာမှီလက်လျော့သွားမည်ဟုထင်သော်လည်းအချိန်တိုအတွင်းသူ့လက်ထဲကတံဆိပ်ပြားရဲ့အာဏာကို
အပြည့်အဝအသုံးချနိုင်သည်...နဂိုကအင်အားနည်းနေသော
ဟွားတိုင်းပြည်စစ်တပ်ကသူ့လက်ထဲမှာပို၍အင်အားကောင်းလာသည်
ဘယ်ကမှန်းမသိရုတ်တရက်ပေါ်လာပီးစစ်တပ်အာဏာပေးလိုက်ရ၍
အမတ်တေကမကျေနပ်သော်ငြားဘာမှမပြောကြ...သူကအပြောထက်အလုပ်နှင့်သက်သေပြသွားသည်ကိုး...
တချို့အမတ်တေမင်းသားကိုသူတို့ဘက်ပါအောင်စည်းရုံးသော်လည်းချန်မင်းသားမှာတုတ်တုတ်မလှုပ်တိုင်းပြည်အပေါ်တစ်ကယ်
သစ္စာရှိတာလား...သခင်ရှိပီးသားမို့လို့လာကိုတော့ဘယ်သူမှမသိ...
တစ်ချို့ကချန်မင်းသားကိုဘုရင်ရဲ့တိတ်တိတ်ပုန်းသားဟုပြောကြသော်လည်းအမတ်တေကမဖြစ်နိုင်မှန်သိသည်.....ဘုရင်မပေါ်ထားတဲ့
ဘုရင့်ရဲ့ချစ်ချင်းနဲ့သစ္စာတရားကဘယ်လောက်နက်ရှိုင်းလဲသူတို့သိသည်
ဘုရင်မကလေးမရနိုင်တုန်းကတောင်ဘုရင်ကမိဖုရားထပ်မမြှောက်ခဲ့
အခုသူတို့ကြားမင်းသမီးလေးရှိနေတော့ပိုဆိုးသည်
သို့ပေသိငယ်ရွယ်ပီးအရည်အချင်းရှိတဲ့ချန်မင်းသားကမိန်းမပျိုလေးတေရဲ့အိပ်မက်ထဲကခင်ပွန်းလောင်းပင်...သို့သော်မင်းသားကိုဆွဲဆောင်နိုင်သူမပေါ်သေးတာတော့ဝမ်းနည်းစရာပင်...မင်းသားက
အမြဲရုပ်တည်နဲ့ဘဲနေပီးသူပြုံးတာမတွေ့ဖူးပေ.....
"မင်းသားမတွေ့တာကြာပီနေကောင်းပါရဲ့လား"
မိန်းမပျိုလေးတစ်ယောက်ကအရဲစွန့်ပီးသွားနှုတ်ဆက်သည်....
သို့သော်မင်းသားကတော့အကြည့်လေးတစ်ချက်တောင်မစွန်ကျဲပေ
မိန်းမပျိုလေးလည်းရှက်ပီးသူနေရာမှာသာပြန်သွားထိုင်သည်
"ဟက်..သူ့ကိုသူဘာများထင်နေလဲ...မင်းသားကအန်းမမလေးကိုတောင်အဖတ်လုပ်တာမဟုတ်ဘူးသူ့ကိုအရေးစိုက်မယ်ထင်နေတာလား
အရှက်မရှိ"
လီရှန်ရှန်းအပြင်မှာဘာမှမဖြစ်သလိုနေနေပေမယ့်လက်သီးကိုတော့ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်
'တောက်..ငါ့ကိုပြောထားတဲ့လူတေငါချန်ဝမ်ဖေးဖြစ်တော့မှနင်တို့မျက်နှာတေအကုန်ဖြတ်ရိုက်ပစ်မယ်😠😠😠'
လူတေကစကားပြောနေပေမယ်ဝင်ပေါက်ဘက်ကိုတော့ခနခနလှည့်ကြည့်ကြသည်ဘုရင်နဲ့ဘုရင်မအပြင်ပွဲရဲ့အဓိကလူဖြစ်တဲ့မင်းသမီးလေးကမရောက်သေးဘူးမှတ်လား
...........
"အိုက်ရာမယ်တော်အခုမသွားရင်နောက်ကျတော့မယ်နော်"
"ဟုတ်ပါပီမယ်တော်သမီးလေးတောင်အရွယ်ရောက်လာပီ"
"နောက်မှမင်းသမီးနဲ့စကားစိတ်ကြိုက်ပြောအခုတော့သွားရအောင်
လူတေစောင့်နေလောက်ပီ"
..........
"ဘုရင်နဲ့ဘုရင်မကြွချီလာပါပီ"
"ပင်တိုင်စံမင်းသမီးကြွချီလာပါပီ"
အသံကြားတောလူတေကမတ်တပ်ရပ်ပီးအရိုသေပေးကြသည်
လျှံရှင်းတို့ထိုင်ပီးတော့ခမည်းတော်က
" ထိုင်ကြပါ"
"ကျေးဇူးကြီးမားလှကြောင်းပါမင်းကြီး"
"ဒီနေ့ပွဲကမင်းသမီးပြန်လာတာကြိုဆိုတဲ့ပွဲဖြစ်သလိုသူမရဲ့မွေးနေ့ပွဲလဲဖြစ်တယ်....ကျန်းရဲ့သမီးတော်က7နှစ်ပြည့်ပီဒီနှစ်စွမ်းအင်စမ်းသပ်ပွဲကိုသူမပါဝင်လေ့မယ်
နောက်ပီးဒီနှစ်အတွက်အိမ်ရှင်အဖြစ်ကိုယ်တော်တို့တိုင်းပြည်ကဦးစီမှာမို့
တိုင်းပြည်လေးခုရဲ့မင်းသားတေကလည်းဒီနေ့ကြိုဆိုပွဲက်ုတက်ရောက်လိမ့်မယ်....မောင်းမင်တို့အိမ်ရှင်တာဝန်ကျေဖို့ကျန်းအမျှာ်လင့်တယ်ခနနေသူတို့ရောက်လာလိမ့်မယ်....လွတ်လွတ်လပ်လပ်နေကြပါပွဲစတော့"
ဘုရင်စကားဆုံးတာနဲ့အကမယ်လေးတေကစတင်ပီးကပြဖျော်ဖြေကြတယ်
"မီးနိုင်ငံသံတမန်အဖွဲ့ရောက်ရှိလာပါပီ"
"ရေနိုင်ငံသံတမန်အဖွဲ့ရောက်ရှိလာပါပီ"
"လေနိုင်ငံသံတမန်အဖွဲ့ရောက်ရှိလာပါပီ"
"မြေနိုင်ငံသံတမန်အဖွဲ့ရောက်ရှိလာပါပီ"
"ဟွားဘုရင်မင်းမြတ်ကိုနှုတ်ခွန်းဆက်သပါတယ်"4X
"သံတမန်တို့ထိုင်ကြပါ"
"ကျေးဇူးတင်ပါတယ်မင်းကြီး"
ရေနိုင်ငံသံတမန်အဖွဲ့ကိုမင်းသားငယ်လန်ကျန်းယွီကဦးဆောင်ပီး
လေနိုင်ငံကိုတော့မုရုံစစ်သူကြီးရဲ့သားမုရုံချွေရှီကဦးဆောင်တယ်
အေးပေါ့သူတို့မင်းသားပါနေတာတွေ့ရာလူတော့မထည့်လောက်ဘူးပေါ့
မြေနိုင်ငံသံတမန်အဖွဲ့ကိုတော့အိမ်ရှေ့မင်းသားဦးဆောင်တယ်
မီးနိုင်ငံကိုတော့စစ်သူကြီးဝမ်ကဦးဆောင်တယ်...မီးနိုင်ငံကစစ်သူကြီး
တစ်ယောက်ကိုတောင်ပို့လိုက်တာသူတို့ဘာလုပ်ချင်နေမှန်းသိသာတယ်နောက်ရိုးရိုးစစ်သူကြီးတောင်မဟုတ်ဘူးစစ်သူကြီးချုပ်ဖြစ်ဖို့လျာထားခံရသူ...သူကလူရှေ့သိပ်မထွက်လို့ဟွားကလူတေမသိနိုင်ဘူးဆိုရင်တောင်ငါမသိဘူးလို့မဆိုလိုဘူးလေ....ဒီနေ့ငါလေးရဲ့မွေးနေ့ကတော့စိတ်ဝင်စားစရာတေကြီးဘဲ.....လျှံရှင်းသူတို့ကိုကြည့်ပီးပြုံးမိသည်
BINABASA MO ANG
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘