"မီးနိုင်ငံရဲ့သံတမန်ခေါင်းဆောင်ကိုဒီမင်းသမီးဘာလိုမသိရတာလဲ
ခမည်းတော်သမီးတော်ကိုပြောပြတုန်းကသူ့ကိုမမြင်မိသလိုဘဲ........"
"လျှောက်တင်ပါတယ်ကျွန်နော်မျိုးကချီယုယွီပါကျွန်နော်မျိုးဟွားတိုင်းပြည်ရောက်ရောက်ချင်းနေသိပ်မကောင်းတာမို့လှည်းပြင်မထွက်ခဲ့ပါဘူးအဲ့တာကြောင့်မင်းသမီးမသိတာပါ"
"အို့....ဆိုတော့အဲ့တာမင်းပေါ့....ခုမင်းကိုကြည့်ရတာအကောင်းကြီးပါ
ဘာဘဲဖြစ်ဖြစ်မင်းကဒီလိုပြောတော့လည်းဒီလိုပေါ့......ငါကြားတာမီးတိုင်းပြည်ကလူတေကအတိုက်အခိုက်တော်ပီးအကြမ်းခံနိုင်စွမ်းကတခြားတိုင်းပြည်ကလူတေထက်မြင့်တယ်တဲ့
ဘာလို့ဒီမင်းသမီးကိုနည်းနည်းလောက်မျက်နှာသာမပေးတာလည်း"
"မင်းသမီး...ဒါက"
"ဒီနေ့ကဒီမင်းသမီးရဲ့မွေးနေ့လေသာယာတဲ့သံဇဥ်နဲ့အလှလေးတေကိုကြည့်နေရတာကနှစ်တိုင်းဘဲဒီနှစ်တော့တိုင်းပြည်ကြီးငါးခုလုံးရဲ့
လူတေလည်းရှိနေတော့ဘာလို့ယှဥ်ပြိုင်ပွဲအသေးစားလေးမလုပ်ရမှာလည်း"
မီးနိုင်ငံသံတမန်ကဟွားဘုရင်ကိုလှမ်းကြည့်သည်....
လျှံရှင်းက"ခမည်းတော်သမီးတော်မွေးနေ့မှာပြောသမျှလုပ်ပေးမယ်လို့ပြောထားတယ်လေ....ခမည်းတော်မငြင်းရဘူးနော်...နော်...."
"ဟားဟား..ကျန်းရဲ့သမီးတော်ကတောင်းဆိုမှတော့ကောင်းပီလေ"
"ခမည်းတော်အကောင်းဆုံးဘဲ...အိုက်နီ..ပါး."
ပွဲရှိလူများမျက်ခုံးပင့်မိသည်မင်းသမီးလေးကဘုရင်ကိုသာမန်မိသားစုကသမီးတေလိုပါးလို့ခေါ်လိုက်တာလား
ဘုရင့်ရဲ့မင်းသမီးလေးအပေါ်အလိုလိုက်မှုကပေါ့သေးသေးမဟုတ်ဖူးဘဲ
"ကောင်းပါပီ"ချီယုယွီကပြောသည်
"ကြင့်ကြံဆင့်မသုံးဘဲကိုယ်ခံပညာဘဲပြိုင်ကြမယ်ဟွားဘက်ကဒီမင်းသမီးရဲ့အစ်ကိုတော်ပြိုင်လိမ့်မယ်"မင်းသမီးစကားဆုံးတော့လူတေကချန်းမင်းသားကိုကြည့်ကြသည်ဒီနှစ်တေမှာမင်းသားကစစ်ထဲမှာဘဲနေပီးဒီလိုယှဥ်ပြိုင်ပွဲတေကိုမပါဝင်ခဲ့ပေ
အာ့ကြောင့်မင်းသားရဲ့ကြင့်ကြံဆင့်နဲ့သိုင်းအဆင့်ဘယ်လောက်လည်းဘယ်သူမှမသိကြ......
ချန်းမင်းသားကခေါင်းငြိမ့်ပြသည်...
"ကျွန်နော်တို့လေနိုင်ငံဘက်ကအစ်ကိုမုရုံပြိုင်လေ့မယ်"
လေနိုင်ငံမင်းသားငယ်လေးကပြောသည်
"ကျွန်နော်တိုမြေနိုင်ငံဘက်ကကျွန်နော်ပြိုင်ပါမယ်"
အိမ်ရှေ့စံကပြောသည်
"ကောင်းပီ...ဒီမင်းသားလဲမပါလို့ဘယ်ဖြစ်မလဲ"ရေနိုင်ငံမင်းသားငယ်ကဝင်ပြောသည်
"ကောင်းပါပီ...ဒါဆိုမီးနိုင်ငံဘက်က ရီ ပြိုင်ပါလိမ့်မယ်"
"ဒါဆိုပွဲစကြရအောင်မဲနှိုက်ပီးဆုံးဖြတ်ကြမယ်လေ....ယန် မင်းဒိုင်လုပ်လိုက်"
မင်းသမီးပြောမှလူတေကယန်ကိုကြည့်ကြသည်
"ကောင်းပီ"
ယန်ကပြောပီးအားလုံးအလယ်ရပ်ပီးမဲနှိုက်လိုက်သည်
ပထမပွဲ ရေတိုင်းပြည် VS မြေတိုင်းပြည်
ပထမပွဲမှာ ရေတိုင်းပြည်မင်းသားငယ်လန်ကျန်းယွီနဲ့မြေတိုင်းပြည်
အိမ်ရှေ့စံဖန်ချီယုတိုက်ပီးမြေတိုင်းပြည်နိုင်သွားသည်...
ဒုတိယပွဲ မီးတိုင်းပြည် VS ဟွားတိုင်းပြည်
မပြိုင်ခင်မှာလျှံရှင်းချန်မင်းသားကိုနှုတ်ခမ်းလှုပ်ပီးစကားပြောလိုက်သည်လူတေကပွဲကိုအာရုံစိုက်နေ၍မမြင်ပေမယ်ချန်းကတော့မြင်လိုက်သည်....
ဒုတိယပွဲမှာ ချန်းမင်းသားနဲ့ရီ သရေကျသည်
တတိယပွဲ မီးတိုင်းပြည် VS လေတိုင်းပြည်
တတိယပွဲမှာမုရုံချွေရှိနဲ့ရီတိုက်ပီးရီအနိုင်ရသည်
စတုတ္ထပွဲ မြေတိုင်းပြည် VS ဟွားတိုင်းပြည်
စတုတ္ထပွဲမှာချန်းမင်းသားနဲ့အိမ်ရှေ့စံဖန်ချီယုတိုက်ပီးချန်းမင်းသားအနိုင်ရသည်
ပုံမှန်ဆိုနောက်ဆုံးပွဲကျင်းပ၍အနိုင်ရသူကြေညာသော်လည်းနောက်ဆုံးကျန်တဲ့နှစ်ယောက်က
သရေကျထား၍ထပ်မတိုက်ခိုင်းတော့ပေ.....
"ဝါး...ပြိုင်ပွဲကစိတ်ဝင်စားစရာဘဲ....နောက်နှစ်တာကလည်းထပ်ပီးကြည့်ရဖို့မျှော်လင့်ပါတယ်...."
"ရီနောက်ကျဒီမင်းသမီးမင်းနဲ့လက်ရည်စမ်းနိုင်ဖို့မျှော်လင့်တယ်တော်တော်ကိုစိတ်လှုပ်ရှားစရာကောင်းမှာ"
"မခံယူဝံ့ပါဘူး..."
"ယူလာခဲ့"မင်းသမီးပြောပီးတော့အစေခံတေကဗန်းတစ်ခုကိုင်ပီးဝင်လာကြသည်
"ကြည့်ကြည့်ပါဒီနေ့ပွဲအတွက်မင်းရဲဆုလဒ်နဂါးနှစ်ကောင်ဓါး.."
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘