လျှံရှင်းတို့ရက်နည်းနည်းလောက်ခရီးထွက်ပီးတော့ဟွားတိုင်းပြည်ကိုပြန်ရောက်ခဲ့တယ်
"အရှင်မင်းကြီးနဲ့မိဖုရားမင်းသမီးပြန်လာပါပီ"
"သမီးတော်ကျန်းမာရဲ့လား"
"သမီးတော်အဆင်ပြေပါတယ်ခမည်းတော်"
"သမီးတော်မယ်တော်ဆီလာပါအုန်း"
"ဟိုမှာနေတဲ့ရက်တေအတွင်းအဆင်ရောပြေရဲ့လား...အနိုင်ကျင့်ခံရသေးလား...ဒီနှစ်တေထဲမှာသမီးကစာဘဲပို့ပီးတစ်ခါမှပြန်မလာဘူး..
မယ်တော့်သမီးလေးကိုဘယ်လောက်တောင်လွမ်းနေရလဲ"
"သမီးတော်အဆင်ပြေပါတယ်....သမီးကိုဘယ်သူမှအနိုင်မကျင့်ရဲဘူး..
နောက်ပီးမယ်တော်နဲ့ခမည်းတော်ကိုပြောစရာရှိတယ်"
"ဘာများလည်းသမီး"
"ဟိုသမီးနဲ့ဆရာကချစ်သူတေဖြစ်နေပီခမည်းတော်နဲ့မယ်တော်ဆီမှာ
လက်ထပ်ဖို့ခွင့်ပြုချက်လိုချင်လို့"
လုံထန်းရီ "......."ကလေးကဒီလိုအချိန်ပြော ချလိုက်မယ်လို့သူမထင်ထား...သူမအချိန်ယူအုန်းမယ်ထင်ထားတာ...
ကလေးပြောလိုက်တာကြောင့်သူဝမ်းသာမိတာတော့အမှန်ပင်
ဘုရင် "......."
ဘုရင်မ "......."
လျှံရှင်းပြောမှဘုရင်နဲ့ဘုရင်မလည်းလုံထန်းရီကိုသတိထားမိသည်
"ကျွန်နော်လျှံရှင်းကိုသေချာစောင့်ရှောက်ပီးသူမတစ်ဦးတည်းကိုသာဇနီးအဖြစ်လက်ထပ်ပါ့မယ်...
ဘုရင်နဲ့ဘုရင်မခွင့်ပြုပေးပါ"
"မင်းက"
"နတ်ဆိုးကျောင်းတော်သခင်...သမီးဆရာ...သမီးချစ်သူ"လျှံရှင်းကဝင်ပြောသည်..
"ကောင်းပီမင်းတို့လူငယ်ချင်းအဆင်ပြေပီးတာဘဲ..ကျန်းသမီးကျန်းယုံတယ်"
"ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ်ခမည်းတော်"
"ဟွားခမည်းတော်သမီးကိုပြောစရာရှိတယ်ခမည်းတော်နောက်လိုက်ခဲ့"
"ဟုတ်ကဲ့"
ဟွားခမည်းတော်နောက်လိုက်သွားတော့နန်းဆောင်မှာလုံထန်းရီနဲ့ဘုရင်မသာကျန်ခဲ့သည်...
ဘုရင်မကလုံထန်းရီကိုအကဲခတ်နေသည်...
လုံထန်းရီကတော့သူ့မူအတိုင်းမျက်နှာထားတည်တည်နဲ့သာ...
ခနနေတော့ဘုရင်မက
"ရှင်းအာကငယ်ငယ်လေးထဲကသန်မာတယ်....သူမကလူတေနဲ့စည်းတစ်ခုအမြဲခြားထားတယ်...ကြည့်ရတာမင်းကိုတော့သူမက
သူမရဲစည်းတစ်ဖက်ခြမ်းဆီလာခွင့်ပြုလိုက်ပုံဘဲ....ရှင်းအာကသိသန့်ဆန်တယ်...သူမရဲ့စိတ်ထဲဤဘာတွေးနေလဲမသိနိုင်ဘူး....ဘယ်လိုကိစ္စမျိုးကြုံကြုံသူမရဲမျက်လုံးတေကရေသေလိုတည်ငြိမ်နေတယ်....သူမရဲ့ပုံစံကငါ့ကိုစိတ်ပူစေတယ်....သူမသာတစ်ခြားတော်ဝင်မင်းသမီးတေလိုသာဆိုသူမစိတ်ထဲဘာဖြစ်နေလဲသိနိုင်ပီးသူမကိုကူညီပေးလို့ရတယ်.....ငါကသူ့အမေဖြစ်နေတာတောင်သူမအရွယ်ရောက်လာတာကိုသေချာမစောင့်ကြည့်နိုင်ခဲ့ဘူး...ဒီနေ့မင်းအကြောင်းပြောတဲ့အချိန်မှာတော့သူမရဲရေသေလိုမျက်လုံးတေမှာစိတ်လှုပ်ရှားမှု..
ချစ်မြတ်နိုးမှုတေတွေ့ရတယ်...မင်းကိုသူမကသူမဘဝရဲ့တစိတ်တစ်ပိုင်းအဖြစ်လက်ခံထားပီးပီသူမကိုစိတ်မပျက်စေနဲ့....သူ့ခမည်းတော်နဲ့ငါ့ကိုရောဘဲ....
သူမကိုကောင်းကောင်းစောင့်ရှောက်"
"ကျွန်နော်နားလည်ပါပီ...သူမကိုစိတ်မပျက်စေရပါဘူး"
လုံထန်းရီဘုရင်မနဲ့စကားနဲနဲပြောပီးဧည့်ဆောင်ကိုပြန်လာနေလိုက်တယ်
BẠN ĐANG ĐỌC
ကောင်းကင်ဘုံ system (Complete)
Viễn tưởngပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘