တစ်လအကြာ
"မင်းသမီး...မိန်းမငယ်လေးတစ်ယောက်တွေ့ခွင့်တောင်းနေပါတယ်"
"ဘယ်သူလည်း...."
"မသိပါဘူး...သူနဲ့အတူလုလင်ပျိုတစ်ယောက်လည်းပါပါတယ်..."
"ဝင်ခိုင်းလိုက်...."
"ရှန်းအန်းယွီ..မင်းသမီးကိုဂါရဝပြုပါတယ်..."
"မင်းဘဲ.."
"အဲ့တုန်းကကျွန်နော့်ညီမကိုကယ်ပေးခဲ့တာကျေးဇူးတင်ပါတယ်..."
"ရပါတယ်..."
"မင်းသမီးရဲ့ကျေးဇူးကိုဆပ်ဖို့မလုံလောက်ပေမယ့်ဒါကရှန်းရဲ့အထူးဧည့်သည်တော်တံဆိပ်ပြားပါ...နောက်နောင်မင်းသမီးရှန်းကိုလာဖြစ်ရင်ဒါကအထောက်အကူဖြစ်မှာပါ..."
"ကျေးဇူးတင်တာကမင်းတို့သာစိတ်ရင်းနဲ့ဆိုရင်လုံလောက်ပါပီ..."
"မင်းသမီးရဲ့သဘောထားကြီးမှုအတွက်ကျေးဇူးတင်ပါတယ်..."
"အန်းယွီ....မင်းတို့ရဲ့အစ်ကိုတော်ကိုဘယ်လိုထင်လဲ..."
"ရှင်...အိမ်..အိမ်ရှေ့စံကိုလား..."သူမအစ်ကို့ကိုလှမ်းကြည့်မိသည်
"မင်းသမီး...ဒါက.."
"ရှန်းသခင်လေးမပူပါနဲ့ကျွန်မအန်းယွီကိုဖိအားမပေးပါဘူး....သိတဲ့အ
တိုင်းအမတ်တေကအခုတစ်လောအိမ်ရှေ့စံကြင်ယာတော်နေရာမှာသူတို့သမီးတေကိုထားနိုင်ဖို့ကြိုးစားနေကြတယ်...သူတို့ထက်စာရင်အန်းယွီကိုပိုသဘောကျတယ်...
သူမမှာငြင်းခွင့်ရှိပါတယ်..""အန်းယွီမင်းဘာလို့တို့အစ်ကိုတော်နဲ့တစ်ခေါက်လောက်မတွေ့ကြည့်တာလဲ...မင်းတို့ကြားအဆင်မပြေဘူးဆိုဒါကိုဆက်လုပ်စရာမလိုဘူး...လူသိရှင်ကြားမဟုတ်လို့မျက်နှာလည်းပျက်စရာမလိုဘူးလေ...တို့ကိုတစ်ခါလောက်မျက်နှာသာမပေးချင်ဘူးလား..."
"ကောင်း...ကောင်းပါပီ..."
"ရှန်းသခင်လေး...ရှင်အလုပ်ရှိသေးလား..."
"မရှိပါဘူး..."
'မင်းသမီးကမေးတာကိုငါကရှိတယ်ပြောရအောင်အရူးလား...'
VOCÊ ESTÁ LENDO
ကောင်းကင်ဘုံ system (Complete)
Fantasiaပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘