အချိန်တေကတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးလာပီးရာသီတေအလီလီပြောင်းလာသလိုတစ်ချိန်ကအထက်တန်းကျောင်းသူလေး
Rose William ကအခုတော့မိန်းမပျိုလေးတောင်ဖြစ်နေပီ Rose
ကဘွဲ့ယူပီးတာနဲ့ Daddy company ကိုလွဲယူသည်...အထက်တန်းဒုတိယနှစ်ကစပီးအားရင်အားသလိုဝင်လေ့လာနေတာမို့ပြဿနာမရှိပေ....Daddy ကတော့ Rose company ကိုလွဲယူပီးကတည်းကအကြံဥာဏ်တစ်ချို့ပေးရုံကလွဲတော်ရုံဝင်မပါတော့.....Joe နဲ့ Jasmine ကတော့ချစ်သူတေဖြစ်နေပီ....Jasmine ကျောင်းပီးတော့ Joe ရဲ့ Company မှာဝင်လုပ်ရင်းကြိုက်သွားကြတာ...ဇာတ်လိုက်ရောင်ဝါကတော်ရုံမဟုတ်ဖူးဘဲ....
-----------------------------------
Rose Saimon စီဖုန်းခေါ်တော့...
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းဟာဆက်ပိတ်ထားပါတယ်ရှင်"
"အခါတိုင်းသူဖုန်းပိတ်ထားလေ့မရှိပါဘူး... ထားတော့"
Rose လည်း company ကိုဘဲထွက်လာလိုက်တယ်...
Rose company ထဲဝင်လိုက်တော့ဘယ်သူမှမရှိ
"ငါ Companyများမှားလာတာလား......"
Rose company အပြင်ထွက်ပီးဆိုင်းဘုတ်ကိုတောင်ပြန်ကြည့်မိသည်
"ငါမှန်ပါတယ်"
Rose company ရဲ့ဟောခန်းရောက်တဲ့ထိမီးတေတစ်လုံးမှမဖွင့်ထားပေ....ရုတ်တရက်
Rose မျက်လုံးတေကိုအနောက်ကတစ်ယောက်ယောက်လာပိတ်လိုက်တယ်....
"ဘယ်သူလဲ"
"ငါပါ"
"Jasmine နင်ကဒီကိုဘယ်လို"
"မေးခွန်းတေကိုခေါက်ထားလိုက်စမ်းပါငါနဲ့လိုက်ခဲ့"
"Ok"
Rose Jasmine ခေါ်တဲ့နောက်လိုက်သွားတော့တစ်နေရာမှာရပ်သွားပီး..အုပ်ထားတဲ့လက်တေကိုဖယ်လိုက်သည်.....အခုသူမတို့ကCompanyထခါင်မိုးထပ်ကိုတက်တဲ့လှေကားရှေ့မှာပင်
"တက်သွားလိုက်"
Rose သူမပြောတဲ့အတိုင်းအပေါ်တက်သွားလိုက်သည်....
လှေကားတစ်လျှောက်မှာနှင်းဆီပန်းပွင့်ဖတ်တေကျဲပီးတစ်ခါးဖွင့်လိုက်တော့ သူမရဲ့ဓါတ်ပုံတေကိုချိတ်ထားသည်..
သူမအထက်တန်းကျောင်းတုန်းကပုံတေနဲ့ကောလိပ်တုန်းကပုံတေရောသူမ18နှစ်ပြည့် Birthday party
ကပုံတေအဲ့ပုံတေကုန်သွားတော့ Saimon နဲ့သူမတို့နှစ်ယောကွအတူတွဲရိုက်ထားသည့်ပုံတေပင်....လမ်းရဲ့အလယ်မှာတော့
Saimon ကသူမကိုစောင့်နေသည်.....
"Baby ကိုယ့်ကိုလက်ထပ်ပါ"
"လက်ခံလိုက်!!!လက်ခံလိုက်!!!"သူမဘေးကိုကြည့်လိုက်တော့
Jasmine , Joe , Shine, Sum တို့ပါ company ဝန်ထမ်းတေနဲ့အတူအော်နေကြတယ်....
"Omm ကျွန်မရှင့်ကိုလက်ထပ်မယ်"
"👏👏👏👏👏👏👏👏"
------------------------
အဲ့နေ့ပီးတော့ Saimon က Daddy နဲ့လိုက်တွေ့ပီးခွင့်ပြုချက်တောင်းသည်.....
Daddy ကလည်းခွင့်ပြု၍သူမတို့လက်ထပ်ဖို့ရက်ရွေးလိုက်ကြသည်...
ဒီနေ့သူမတို့မင်ဂလာပွဲနေ့ဘာကြောင့်မှန်းနသိသူမစိတ်တေထင့်နေတယ်
"White ငါ့စိတ်တေထင့်နေတယ်"
"Host စိတ်ထင်လို့ပါမင်ဂလာပွဲနေ့မှာပျော်ပျော်နေ"
"Omm"
မင်ဂလာခန်းမထဲဝင်တော့Rose နဲ့ Daddy ကတွဲလျှောက်လာပီး
Saimon စီရောက်မှသူမကိုလွဲပေးလိုက်တယ်.....
"Baby မင်းဒီနေ့အရမ်းလှနေတယ်"
"အရင်ကကောမလှလို့လား"
"ကိုယ့်မျက်လုံးထဲမှာတော့ Baby ကဘယ်လိုနေနေလှပီးသားဘဲ"
"သတို့သား Saimon Jack သင်သည်သတို့သမီး Rose William ကို
ချမ်းသာသည်ဖြစ်စေ..ဆင်းရဲသည်ဖြစ်စေ...ကျန်းမာသည်ဖြစ်စေ...
မကျန်းမာသည်ဖြစ်စေ...သက်ဆုံးတိုင်အတူပေါင်းဖက်ဖို့ဆန္ဒရှိပါသလား"
"ကျွန်နော်ဆန္ဒရှိပါတယ်"
"လက်စွပ်ဝတ်ပေးလို့ရပါပီ"
Saimon Rose ရဲ့လက်သန်ကြွယ်ကိုလက်စွပ်ဝတ်ပေးလိုက်တယ်...
"သတို့သမီး Rose William သင့်သည် သတို့သား Saimon Jack
ကိုချမ်းသာသည်ဖြစ်စေ...ဆင်းရဲသည်ဖြစ်စေ..ကျန်းမာသည်ဖြစ်စေ..
မကျန်းမာသည်ဖြစ်စေ..သက်ဆုံးတိုင်အတူပေါင်းဖတ်ဖို့ဆန္ဒရှိပါသလား"
"ကျွန်မဆန္ဒရှိပါတယ်"
"လက်စွပ်ဝတ်ပေးလို့ရပါပီ"
Rose Saimon ရဲ့လက်သန်ကြွယ်ကိုလက်စွပ်ဝတ်ပေးလိုက်တယ်..
"သင်တို့နှစ်ယောက်အခုကစတရားဝင်အကြင်လင်မယားဖြစ်သွားပါပီ...
နမ်းနိုင်ပီ"
ဘုန်းတော်ကြီးစကာစဆုံးတော့ Saimon က Rose ကိုခေါင်းပေါ်ကပဝါဖယ်ပီးနမ်းလိုက်တယ်
"ဖြောင်း..ဖြောင်း..ဖြောင်း..👏👏👏👏👏👏👏👏"
အပျော်ဆိုတာကူးစက်တတ်တယ်ဆိုတဲ့အတိုင်းခန်းမထဲရှိလူတိုင်းကလည်း
မျက်နှာမှာအပျော်တေပြည့်နေခဲ့တယ်......ထိုစဥ်...
ဒိုင်း..🔫ဒိုင်း🔫
သေနတ်ပစ်သံနှစ်ချက်ကထပ်ဆင့်ထွက်ပေါ်လာတယ်
Saimon သူ့ရှေ့မှာသွေးတေနဲ့လဲလျောင်းနေတဲ့ Baby ကိုမြင်ရတော့
သူ့စိတ်တေထိန်းမရတော့ပေ....
"အဲ့အကောင်ကိုမိအောင်ဖမ်းစမ်း...အသက်ရှင်လျက်လိုချင်တယ်"
"Baby ....Baby သတိထားအုန်းလေ..
မျက်လုံးမမှိတ်လိုက်နဲ့နော်ကိုယ်ခုဘဲဆေးရုံခေါ်သွားပေးမယ်"
"Saimon ကျွန်မမရှိတော့ရင်တောင်ပျော်ပျော်နေနော်...နောက်ဘဝကျရင်တော့ကျွန်မကဘဲရှင့်ကိုအရင်လာရှာပါ့မယ်..."
ပြောပီး Rose ရဲ့မျက်လုံးတေကမှိတ်ကျသွားတယ်
" Baby မင်းကိုယ့်ကိုထားခဲ့လို့မရဘူးလေ...မင်းဘဲကိုယ့်အနားမှာအမြဲနေပေးမယ်လို့ဂတိပေးထားတာကိုမင်းမတည်လို့မရဘူးလေ...
Baby "အပျော်တေနဲ့ပြည့်နေတဲ့မင်ဂလာပွဲကချက်ချင်းကိုသွေးတေနဲ့ဖုံးသွားခဲ့တယ်.....
STAI LEGGENDO
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘