လူအရောင်အပေါက်နည်းတဲ့တောနက်ကြီးတစ်နေရာမှာ....ဝတ်ရုံနက်တေဝတ်ထားတဲ့လူတစ်ချို့က17..18အရွယ်လူငယ်လေးတစ်ယောက်ကိုဝိုင်းပီးတိုက်ခိုက်နေကြပီးအချိန်အတော်ကြာတိုက်ခိုက်ပီးချိန်မှာတော့လူငယ်လေးကအကုန်းလုံးကိုအနိုင်တိုက်နိုင်ခဲ့တယ်....
သို့သော်သူကိုယ်တိုင်ကလည်းဒဏ်ရာအပြင်းအထန်ရထားနေလေရဲ့...."ကြည့်ရတာဒီထိဘဲနဲ့တူတယ်....."
သူမျက်လုံးမမှိတ်ခင်မြင်လိုက်ရတာကသူ့ဆီပြေးလာနေတဲ့ချစ်စရာ
ကလေးမလေးပေ....ရာဇမျက်လုံးတေဖွင့်လိုက်တော့အိမ်ခေါင်မိုးကိုမြင်လိုက်တယ်....
သူ့ဒဏ်ရာတေကိုကြည့်လိုက်တော့ဆေးဖက်တေလိုလိုအစိမ်းရောင်အရွက်တေကိုကပ်ထားတာတွေ့လိုက်တယ်...
သူဖယ်ဖို့လုပ်နေတဲ့အချိန်"ရှင်နိုးလာပီးလား....ဆေးရွက်တေကိုမဖယ်နဲ့ရှင့်ဒဏ်ရာအတွက်ကောင်းတယ်...."
"မင်းက...."
"ကျွန်မကရူပပါ...ဒီတောကြားထဲမှာနေတာ...ရှင်ဒဏ်ရာတေနဲ့လဲနေတာတွေ့လို့....အာ့တာကြောင့်..."
"မင်းကိုယ့်ကိုကယ်ခဲ့တာပေါ့....."
"အင်..."
ရာဇသူ့ရှေ့ကကောင်မလေးကိုကြည့်မိသည်....ဖြူဖြူသေးသေးလေး
သူလေးကဒီလိုတောကြီးမျက်မည်းထဲမှာဘာလို့တစ်ယောက်ထဲနေနေတာလဲ...တောစောင့်နတ်သမီးလား...မကောင်းဆိုးဝါးလား..."မင်းကတော့စောင့်နတ်သမီးလား...."
"တောေစာင့်နတ်သမီး...အဲ့တာဘာလည်း...."
"မသိဘူးလား...ဒါဆိုလည်း....မင်းတစ်ယောက်ထဲလားဒီမှာနေတာက..."
"အင်...ရူပတစ်ယောက်ထဲ...."
"ရှင်တစ်ခုခုစားချင်လား...."
သူလည်းဗိုက်စာနေတာနဲ့....
"အင်...."
ခနနေကျတော့သူမပြန်ဝင်လာတယ်...သူမလက်ထဲမှာလည်းသစ်သီးတေကိုဖတ်ရွက်လေးနဲ့သယ်လာတယ်....
VOCÊ ESTÁ LENDO
ကောင်းကင်ဘုံ system (Complete)
Fantasiaပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘