"Host သိပ်လည်းခံစားမနေပါနဲ့...အဲ့လူ..သူနောက်ကမ်ဘာတေလည်းလိုက်လာရင်လိုက်လာမှာပေါ့" "Omm" "Host အဲ့ကမ်ဘာအဆုံးသတ်ကိုကြည့်ချင်လား" "ကြည့်လို့ရလား" "Omm" White စကားဆုံးတော့တိမ်အစုအဝေးတစ်ခုပေါ်လာပြီးအဲ့တိမ်တေကဖန်သားပြင်ပုံစံပြောင်းသွားတယ်.... အဲကမ်ဘာမှာ Rose သေပီးတော့ Saimon ကလုပ်ကြံသူကိုဖမ်းပီး မသေမရှင်ဖြစ်အောင်နှိပ်စက်ခဲ့တယ်....လုပ်ကြံသူက Saimon ရဲ့ရန်ဘက် Company တစ်ခုကပင်...အဲ့ Company လည်း Saimon လက်ချက်နဲ့ဒေဝါလီခံလိုက်ရသည်...Rose ရဲ့အဖေကတော့ သူမဆုံးပီးနှစ်အနည်းငယ်အကြာမှာဘဲဆုံးပါးသွားခဲ့တယ်...Rose ဆုံးကတည်းက Saimon ကစက်ရုပ်တစ်ရုပ်လိုပင်အရင်ကထက်တောင်ပိုပီးခန့်မှန်းရခက်သလိုပိုပီးလည်းရက်စက်လာသည်... Rose ဆုံးတော့နောက်အိမ်ထောင်ထပ်မပြုဘဲ William Company နဲ့ Rose ရဲ့အဖေကိုစောင့်ရှောက်ပီး Rose အဖေသေဆုံးပီးမကြာ Company နှစ်ခုကိုသူ့လက်ထောက် Jack ကိုလွဲပီး.....တစ်ခုသော ညနေခင်းမှာတော့ Rose ရဲ့အုတ်ဂူရှေ့မှာသူ့ကိုယ်သူအဆုံးစီရင်ခဲ့တယ် Saimon ရဲ့စျာပနကိုJack ကပဲပြုလုပ်ပေးပီး Saimon ကို Rose ရဲ့ဘေးမှာမြှုပ်နှံပေးခဲ့တယ်...Jack ကသူတို့နှစ်ယောက်ရဲ့နှစ်ပတ်လည်တိုင်းအုတ်ဂူနှစ်ခုပေါ်နှင်းဆီပန်းတေလာထားပေးတတ်တယ်..... "White ငါ့ကိုနောက်ကမ်ဘာပို့တော့ငါသူ့ကိုတွေ့ချင်နေပီ" "ခနလေး Host သင်ရမယ်ပညာရပ်တေပြပါမယ်" အဆိပ်ပညာ / အချုပ်အလုပ် / ဆေးပညာ "အဆိပ်ပညာသင်မယ်" မှတ်ဥာဏ်ထည့်သွင်းနေပါပီ....10..6...3..2..1..complete ခုHostကိုဇယားကွက်ပြပေးပါမယ်....