"ဟမ်...."
'ငါနားကြားများမှားသလား...တစ်မိုးအောက်တစ်ယောက်ရေခဲတုံး
စစ်သူကြီးကအခုငါ့ကိုအချစ်အကြောင်းမေးလိုက်တာလား''တစ်နေ့လုံးသခင်မျက်နှာမကောင်းဖြစ်နေတာကဒါကြောင့်လား...'
"မင်း...မင်းအခုငါ့ကိုဘာ..ဘာမေးလိုက်တာလဲ"
"မင်းတစ်ယောက်ယောက်ကိုချစ်ဖူးလား..."
"တစ်..တစ်ယောက်ယောက်ကိုချစ်ဖူးလားဆိုတော့...အဟမ်း..ဒါက..
ငါကြားဖူးတာတော့အချစ်ကအမျိုးမျိုးရှိတယ်ကွ....
တစ်ယောက်ယောက်ကိုသာမင်းချစ်မိရင်သူမပြုံးတာမြင်ချင်တယ်..
သူမကိုပိုင်ဆိုင်ချင်တယ်...မင်းဘက်ကမမှားရင်တောင်သူမစိတ်ကျေနပ်ဖို့အတွက်အရင်တောင်းပန်နိုင်တယ်...သူမကိုမျက်နှာအညိှးမခံဘူး...သူမသာကျေနပ်မယ်ဆိုမင်းအသက်ကိုပျော်ပျော်ကြီးပေးနိုင်တာ..
သူမစကားတေကမင်းအတွက်တော့မဖြစ်မနေလိုက်နာရမယ့်အမိန့်တစ်ခု
သူမရဲ့အရာအားလုံးကိုပိုင်ဆိုင်ချင်တာ...သူမကိုပျော်အောင်လုပ်တာ...
သူမရဲ့အရာအားလုံးကမင်းနဲ့ဘဲသက်ဆိုင်ချင်တာ...သူမကမင်းကိုမချစ်ရင်တောင်မင်းဘက်ကသူမသာပျော်မယ်ဆိုပျော်ပျော်ကြီးပေးဆပ်ချင်တာ...အချစ်အကြောင်းကိုပြော
ရင်တော့အများကြီးဘဲကွ...အဓိကကမင်းရဲ့ခံယူချက်နဲ့လဲဆိုင်သေးတယ်""ဒါနဲ့နေစမ်းပါဦး....မင်းကိုဒီလိုပုံစံဖြစ်ရအောင်အထိဘယ်မိန်းကလေးကများလုပ်လိုက်တာလဲ..."
'ဒီလိုရေခဲတုံးရဲ့စိတ်ကိုတောင်ဒီလိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့မရီးကတောတော်တော်တာဘဲ'
"သူမကငါ့အသက်ကိုကယ်ဖူးတယ်...သူမကိုငါလက်ထပ်ခွင့်တောင်းတော့
သူမကငါ့ကိုမေးတယ်...သူမကိုချစ်လားဆိုပီ...ငါမဖြေနိုင်ခဲ့ဘူး...
ဒါပေမယ့်ငါသူမကိုငါ့အပိုင်ဖြစ်လိုချင်တယ်...သူမကပြောတယ်သူမကသူမချစ်တဲ့လူသူမကိုချစ်တဲ့လူကိုဘဲလက်ထပ်ချင်တာတဲ့..သူမကငါ့ကိုငြင်းလိုက်တယ်"'ဟားဟား..ဒီကောင့်ကိုငြင်းတဲ့မိန်းကလေးရှိသေးတယ်လား'