လန်တော်ဝင်နန်းတော်ဘုရင့်နန်းဆောင်
"အရှင်မင်းကြီး...အရှင်မင်းကြီး...."လူမရောက်သေးဘဲအသံအရင်ရောက်တဲ့သူ့အထိန်းတော်ပေ..
"မုန့်ကုန်းကုန်းကိုယ်တော့်ကိုမပြောခင်မင်းအရင်အမောဖြေလိုက်အုန်း..."
"မင်းသမီး..."
"သမီးတော်...သမီးတော်ဘာဖြစ်လို့လည်း....."
"မင်းသမီး....သူမ....သူမပြန်လာပီ..."
"ဘယ်မှာလည်း...."
"သူမအခုဒီကိုလာနေတာတွေ့ခဲ့တယ်"
ထိုစဥ်
"ခမည်းတော်သမီးတော်ကိုလွမ်းနေလား...."
"ရှင်းအာ..မင်းပြန်လာဖို့တော့သတိရသေးတာဘဲ..ကိုယ်တော်ကမင်းကိုယ်မင်းမင်းသမီးတစ်ပါးဆိုတာမေ့သွားပီထင်နေတာ"
အဲ့လိုပြောနေပေမယ့်သူ့လေသံကပျော့ပျောင်းနေဆဲပင်"အိုက်ရား...သမီးတော်ကခမည်းတော်ကိုသတိရလို့ပြန်လာတာကို...အခုတောင်ခမည်းတော်ဆီအရင်ဆုံးလာတွေ့တာသမီးတော်ရဲ့အဆောင်တောင်မပြန်ရသေးဘူး...."
"ဟုတ်ပါပီ...အခုတော့သွားနားလိုက်အုန်း...."
"ဟီးဟီး...ဟုတ်ကဲ့..."
ဘုရင်သူ့ရဲ့သမီးတော်ကိုကြည့်မိသည်မိဖုရားငယ်ကသူမကိုမွေးဖွားရင်းကံတော်ကုန်ခဲ့တာမို့ငယ်ငယ်ထဲကမိတဆိုးလေးဖြစ်တဲ့သူမကိုသူအလိုလိုက်ပေးခဲ့သည်...စစ်သူကြီးနဲ့စေ့စပ်ပေးခဲ့ပေမယ့်လည်းသူမလေးကသဘောမကျတာမို့သူမကိုယ်တိုင်ဖျက်ခဲ့သည်ကိုသူအပစ်မတင်ပေ...နောက်တော့သူမလေးကခရီးထွက်ချင်တယ်ဆိုတော့သူခွင့်ပြုပေးခဲ့တာပင်...
သူ့သမီးတော်ကမသိပေမယ့်သူမဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာအရိပ်စစ်သားတေကတစ်ဆင့်သူအမြဲသတင်းရသည်...တာကြောင့်လည်းဒီလောက်နှစ်တေအကြာကြီးသူမကိုအပြင်မှာနေခွင့်ပြုခဲ့တာ....---------------------------------
"စစ်သူကြီးပြန်လာပါပီလား...."
"အင်..ဟိုလူတေရော...."
"မြေအောက်ခန်းမှာပါ...."
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘