8.3

1.5K 106 4
                                    

​ဟော်တိုင်းပြည်ပင်မမြို့တော်...

​တော်ဝင်မြို့​တော်ဆိုတဲ့အတိုင်း​ဟော်တိုင်းပြည်ရဲ့ပင်မမြို့​တော်ဖြစ်တဲ့

ရွှီကျန်းမြို့​တော်ဟာလူ​တေပြားပန်းခတ်စည်ကား​နေတယ်....

"စစ်သူကြီးချုပ်ကျွန်မတို့ဘယ်အရင်​မောင်းရမလဲ...."

"နန်းတော်​ကို​မောင်း..."

"​ကောင်းပါပီ...."

​ကောင်းကင်နန်း​ဆောင်....

နန်း​ဆောင်ထဲကိုဘုရင်မရဲ့အ​စေခံဖန်းစီဝင်လာပီး

"ဘုရင်မစစ်သူကြီးချုပ်အခစားဝင်​ပါတယ်..."

"ဝင်ခိုင်းလိုက်...."

"​ဟော်ဖုန့်ဟွားဘုရင်မကိုဂါရဝပြုပါတယ်..."

"ထပါ..."

"ဟုတ်..."

"အကုန်ထွက်​သွား​ကြတော့..."

ဘုရင်မ​ပြောလိုက်​တော့နန်း​ဆောင်ထဲက

အ​စေခံ​တေအကုန်ထွက်သွားကြတယ်....

"ဖုန့်အာ..အရီး​တော်ဆီလာပါ​ဦး...."

သူမအ​ရှေ့တိုးသွားပီးဘုရင်မကလည်းထိုင်ခုံကထလာတယ်...

"ကလေး...မင်းနယ်စပ်မှာအဆင်ပြေရဲ့လား..."

"တူမတော်အဆင်ပြေပါတယ်..."

"မင်းကိုပင်ပန်း​စေပီ..."

"အရီး​တော်ကိုကူညီခွင့်ရတာတူမ​တော်ကံ​ကောင်းတာ​ပါ..."

"အချိန်ရရင်အမတ်ချုပ်အိမ်​တော်ဆီသွားလိုက်ပါဦး...

ကိုယ်​တော်ကြားတာအမတ်ချုပ်ရဲ့သားကြီးက

အချင်းရောအဆင်းပါပြည့်စုံတယ်တဲ့...."

"တူမ​တော်နားလည်ပါပီ..."

"မင်းလဲခရီးပန်းလာရောပေါ့...စောစောနားပါ..."

"တူမတော်ကိုခွင့်ပြုပါဦး...."

သူမထွက်လာတော့...

"စစ်သူကြီး​ချုပ်...မင်းသမီးကအ​ခေါ်လွှတ်လိုက်ပါတယ်..."

"သိ​ပီ..လမ်းပြ​ပါ..."

သူလည်းအ​စေခံမ​လေး​သွားတဲ့​နောက်ကို​လိုက်​သွား​လိုက်တယ်...

​ကောင်းကင်ဘုံ system (Complete)Donde viven las historias. Descúbrelo ahora