ဒုန်း...ခလွမ်း...
ဒေါသထွက်နေတဲ့မင်းသမီးဖြစ်သူေကြာင့်အစေခံ
တေခမျာကြမ်းပြင်မှာဒူးထောက်ပီးမိမိတို့ဘက်မလှည့်လာဖို့
ရန်သာဆုတောင်းနေကြသည်...
"ဘာလို့လဲ...အား!"
"အကုန်ထွက်သွားကြစမ်း!"
အစေခံတေအကုန်ထွက်သွားကြတယ်...
"ဘာလို့လဲ...ဘာလို့..ဟား..ဟား..မယ်တော်ကျွန်မကရှင့်ဆီက
အသိအမှတ်ပြုခံချင်ယုံလေးပါ...."
သူမငယ်ငယ်တည်းကမယ်တော်သူမကိုကြည့်တဲ့အကြည့်
တေတိုင်းကတစ်စိမ်းဆန်လွန်းသည်...မွေးစားသမီးဖြစ်သူလောက်
တောင်သူမကိုမယ်တော်ကအသိအမှတ်မပြုပေ..
မယ်တော်ဆီကအသိမှတ်ပြုခံရဖို့အတွက်လေးနဲ့
သူမသူများတေထက်တော်အောင်ကြိုးစားသည်..
ပြည်သူတေရဲ့စံပြဖြစ်လာအောင်.....ဒါပေမယ့်......
ဒါပေမယ့်.....အဲ့ဒီဟော်ဖုန့်ဟွားဆိုတဲ့မိန်းမ
သူမအကြောင်းမကောင်းသတင်းတေလွှင့်ထားတာတောင်
သူမရဲ့အပြုအမူစကားလေးတစ်ခွန်းနဲ့
အေခြအနေတေကိုပြောင်းပြန်လှန်ပစ်လိုက်တယ်...
သူမကတော့အမြဲသူ့နောက်မှာပေ....
သူမအတွက်တော့သူကဘယ်တော့မှမကျော်ဖြတ်နိုင်မယ့်
တောင်တစ်လုံးပင်....
'ဘာအတွက်လဲ....'
"ငါကြိုးစားခဲ့သမျှကဘာအတွက်လဲ!"
"ကောင်းပီလေ...မယ်တော်ရှင်ဒီအတွက်နောင်တရစေရမယ်..."
တစ်ဖက်မှာတော့...
'ဇာတ်လိုက်မကသူ့လမ်းသူရွေးသွားတာဘဲ...
ငါသူ့ကိုအခွင့်အရေးမပေးတာမဟုတ်ဖူး...'
'Host ကျွန်နော်ပြန်လာပီ...'
'ပီးသွားပီလား....ထင်ထားတာထက်မြန်တာဘဲ...'
YOU ARE READING
ကောင်းကင်ဘုံ system (Complete)
Fantasyပထမဦးဆုံးရေးတာမို့လို့အားပေးကြပါဦးနော်😘😘😘