Unicode
ထိုနေ့ပြီးသည့်နောက်..
ယွိမြောင်သည် ထိုအဖြစ်အပျက် တကယ်ပဲ ဘယ်တုန်းကမျှ မဖြစ်ခဲ့သလို အစွမ်းကုန်ဟန်ဆောင်ဖို့ကြိုးစားနေသည်။
အခြားတစ်ဖက်တွင်မူ စီကျွင်းက မေ့ပျောက်မသွားစေရေး အကောင်းဆုံးကြိုးစားနေ၏။
တစ်ယောက်ကိုတစ်ယောက် ပြီးသည်အထိကူညီခဲ့သည့်ညကစ၍ စီကျွင်းသည် ယွိမြောင်ကို အခွင့်သာတိုင်း နောက်တစ်ကြိမ်ထပ်လုပ်ရန် တောင်းဆိုလေသည်။ သို့သော် ယွိမြောင်ကမူ မဆိုင်းမတွ
အမြဲပယ်ချလေသည်။
စီကျွင်းတစ်ယောက် တစ်ယောက်ထဲလုပ်ရသည်မှာ သာယာမှုမရတော့၍ မိနစ်အနည်းငယ်ကြာပြီးနောက် လက်လျှော့ကာ စူအောင့်သွားသည်။
"ယွိမြောင်ရာ..တစ်ယောက်ထဲလုပ်ရတာ မကောင်းလို့ပါ..နောက်ထပ်တစ်ကြိမ်ပဲလေနော်"
စီကျွင်းမှာ အရှက်လုံးလုံးမရှိကြောင်း ယွိမြောင်တကယ့်ကိုယုံကြည်သွားသည်။ ဒီကောင်က သူသွားလေရာလည်း
နောက်က တကောက်ကောက်လိုက်သည်။ စာသင်ခန်းမှ ရေချိုးခန်းအထိ .. ယွိမြောင်မှာ အမှန်
အသက်ရှူချိန်မရ။
စီကျွင်းတစ်ယောက် စာသန်ခန်းထဲတွင် စိတ်ကူးယဥ်ထိုင်နေလေသည်။ ယွိမြောင်က သူ့ကို သိသိသာသာရှောင်နေ၏။
"အရူးကောင်! မင်း ဒီလိုဆက်လုပ်နေရင် ငါ လူငှားပြီး မင်းဖင်ကို လုပ်ခိုင်းပစ်မယ်"
အနောက်နားဆီတွင် စီကျွင်း၏သူငယ်ချင်းများ စကားများနေ၏။ ကြည့်ရသည်မှာ လက်ပ်တော့ပေါ်တွင် ဂိမ်းကစားနေကြရင်း သူတို့ထဲမှတစ်ယောက်က အမှားလုပ်လိုက်ပုံပေါ်သည်။
နောက်ဆုံးပိတ်ဆဲသံက စီကျွင်း၏
အာရုံစိုက်မှုကိုရရှိသွားသည်။
ယောက်ျားလေးတွေ အဲဒါကိုဖင်မှာလုပ်လို့ရတာလား?
စီကျွင်း ထိုကိစ္စကို ယုတ္တိကျကျ တွေးကြည့်သည်။
'မိန်းကလေးတွေလည်း အနောက်နဲ့လုပ်လို့ရတယ်...ယောက်ျားလေးတွေရော ဘာလို့ မရရမလဲ? '
စီကျွင်းအတွက် လောကအသစ်တစ်ခု ပေါ်ပေါက်လာသလိုထင်ရသည်။အတန်းပြီးနောက် သုတေသနအချို့လုပ်ရန်
အဆောင်သို့ သူ အဆောတလျင်ပြန်ခဲ့သည်။
ВЫ ЧИТАЕТЕ
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Подростковая литератураI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
