Unicode
[Chapter 16 မှ...]
"ကျွန်တော်...ကျွန်တော်....စိတ်မကောင်းပါဘူး မုန့်ယောင်။ ခင်ဗျားကို ပြေးဝင်တိုက်ဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော်....ခင်ဗျားရဲ့ ဝတ်စုံကို ပြန် လျော် လျော်ပေးပါမယ်"
ကျန်းချန်က ယွိမြောင်ရဲ့ နောက်ကျောကနေ ဖျော့တော့အက်ကွဲတဲ့ အသံနဲ့ အန်းလျန် ထိုသို့ပြောလိုက်တာကို ကြားလိုက်ပါတယ်။
"လျော်စရာမလိုဘူး အန်းလျန်! အဲဒါ ငါတာဝန်ယူတယ်"
ကျန်းချန်က မုန့်ယောင်ကို အေးစက်ထက်ရှတဲ့ အကြည့်နဲ့ မမှိတ်မသုန်ကြည့်ရင်း ပြောချလိုက်သည်။
သူကား သူ၏ ဒေါသအဝဝကို အတတ်နိုင်ဆုံး ထိန်း၍ထားရ၏။သူကရှေ့သို့လျှောက်လာပြီး အန်းလျန်ရဲ့ လက်မောင်းနှင့် ခါးကိုကိုင်ကာ အဝေးသို့ဆွဲခေါ်ရင်း ယွိမြောင်ကို ခေါင်းတစ်ချတ်ဆတ်ပြ၍ ပြောလိုက်သည်။
"သူ့ကို ငါ ဂရုစိုက်လိုက်မယ်"
ယွိမြောင်က အန်းလျန်ကို ပေးလွှတ်ဖို့ ငြင်းဆန်လိုပေမဲ့ အခု သူ အခြားသောတစ်ယောက်နဲ့ ရှင်းစရာရှိပါသေးတယ်။
ယွိမြောင်: " မင်းက ဘယ်သူ့ကို အမှိုက်လို့ ခေါ်နေတာလဲ။ ကိုယ့်ကိုယ်လား....? မှန်ကြည့်တာများပြီး ထင်ယောင်ထင်မှား ဖြစ်နေတာလား.....@#$&*"
[ဇာတ်လမ်းက ဤနေရာမှ ဆက်သွားမည်]
တစ်နေ့တစ်ရက်တည်း၌ပင်
သူမကိုဆန့်ကျင်ဝံ့သော လူများစွာနှင့် ဆုံရခြင်းမျိုး မုန့်ယောင် မကြုံဖူးပါ။ကျန်းချန်က ထိုကောင်လေးကိုခေါ်၍ ထွက်သွားပြီဖြစ်ရာ မုန့်ယောင်အနေဖြင့်
သူမ၏ 'အပြစ်ကင်း နစ်နာသူ' ဇာတ်ကောင်ကို နောက်ထပ်တစ်ဗီဇနာမျှပင် ဆက်လက်ထိန်းသိမ်းထားစရာ မလိုတော့ဟု အဓိပ္ပါယ်သက်ရောက်သည်။"နင်က ငါ့ကို ဒီလိုပြောရဲတယ်ပေါ့...ငါဘယ်သူလဲသိလား? ငါ့ အဖေကိုသာ ဒီကိစ္စပြောလိုက်ရင် နင့်အသက်လေး ရေစက်ချလိုက်လို့ရပြီ"
"ဝါး...ဝါး...ဒီမှာ ဘာတွေဖြစ်နေကြတာလဲ?"
အဆောင်တွင်အိပ်ကျန်ခဲ့သည် စီကျွင်းသည် အတန်းလာရာလမ်းတွင် အစုစု ရပ်နေသည့် လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အစက ရန်ပွဲတစ်ခုထင်၍ အရှေ့သို့ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ သူ၏ အသည်းကြော်နတ်သမီးလေး မုန့်ယောင်နှင့် ယွိမြောင်တို့ စကားများနေခြင်းဖြစ်မည်ဟုမူ မမျှော်လင့်ခဲ့ပေ။

YOU ARE READING
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Teen FictionI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...