Unicode
ကျန်းချန်တွင် ယခုထက်ထိ မရှင်းလင်းသေးသည့် အရာတွေ ကျန်ရှိနေဆဲဖြစ်သည်။
တကယ်ကို ရူလန်နဲ့လည်း ဘာမှ လုပ်စရာမရှိဘူးဆိုရင်လည်း အန်းလျန်က ဘာလို့ နောက်ထပ် ဂိမ်းမကစားနိုင်တော့တာလဲ?
နှစ်ဦးသားသည် အဆောင်သို့် အတူပြန်ခဲ့ရာတွင် အန်းလျန်တစ်ယောက် စိတ်ဓာတ်ကျနေသည်ကို ကျန်းချန်သည် ဘာမျှ မတတ်နိုင်သော်ငြား ကောင်းကောင်းသတိပြုမိ၏။
ကျန်းချန်: "အဲဒီ မုန့်ယောင်ဆိုတဲ့ ကောင်မလေး...မင်းကို နှောင့်ယှက်နေတုန်းပဲ။ စိတ်မပူနဲ့ ဟုတ်လား ငါ သူမကို ကောင်းကောင်းဂရုစိုက်လိုက်မယ်"
"အာ...မဟုတ်....ကျွန်တော်..အဲလိုမဟုတ်" ဟု အန်းလျန်က တုန့်ပြန်သည်။
အန်းလျန်က ပြောပြရန်သင့်တော်သော စကားလုံးကို လုံလုံလောက်လောက် ရှာမတွေ့နိုင်ခဲ့ဘဲ ဖြစ်နေလျက် သူ၏ ရင်တွင်းပဋိပက္ခကို ကျန်းချန်က သတိထားမိခဲ့သည်။ ထိုစဉ် အတွေးတစ်ခု က ပေါ်လာခဲ့၏။ အန်းလျန်ကို ကြည့်ရသည်မှာ မတိုင်ခင်ကတည်းက
ပျော်ရွှင်ပုံ လုံးဝမရ။ ကျန်းချန်က အန်းလျန်ကိုကြည့်လိုက်ရာ ထိုသူကား အိပ်ဖို့ပင် အဆင်သင့်ဖြစ်နေချေပြီ။
'တစ်ခုခု ဖြစ်ခဲ့တာများလား?"
ကျန်းချန်က မေးမြန်းရန် ဆုံးဖြတ်လိုက်ပြီး....
"အန်းလျန်...မတိုင်ခင်က တစ်ခုခု ဖြစ်ခဲ့တာရှိတာများလားကွာ...မင်းကိုကြည့်ရတာ နည်းနည်းမပျော်မရွှင်ဖြစ်နေသလိုပဲ"
မည်သည့်နည်းနှင့်ဖြစ်စေ အခြားသူများအား သူပြောပြရမည်ကို အန်းလျန်သိသည်။ သို့ဖြစ်၍ သူက ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။ စောစောပိုင်းကလို ထိတ်လန့်ရှော့ခ်ဖြစ်မှုလည်း မရှိတော့ပြီဖြစ်ရာ အန်းလျန်အနေနှင့် နောက်ထပ်မျက်ရည်ကျ လိမ့်မည် မဟုတ်။
အန်းလျန် က အသက်ကို ပြင်းပြင်းရှူ ၍ ရှင်းပြလိုက်သည်။
"ကျွန်တော့်မိသားစုက နယ်ကဆွေမျိုးတွေနဲ့အတူနေဖို့် ပြောင်းရွှေ့ကြတော့မှာ...သဘောက ကျွန်တော်လည်း အတူလိုက်ပြောင်းနေရမယ်"
VOUS LISEZ
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Roman pour AdolescentsI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
