Unicode
အထူး ဒီအပိုဒ်မှာ ဘယ်ကမှန်းမသိတဲ့ ပုံတွေ အများကြီးသုံးထားတယ် 😁 ငိငိ တော်ကြာ 'ဝိုင်း' လိုမျိုး ပိုင်ရှင်လာဆဲတာခံနေရမှ ဟုတ်ပေ့...
________________
အန်းလျန်က နေရောင်ပင်မလာသေးခင် နိုးနေပြီး သူ့အပေါ်က ကျန်းချန်ရဲ့အိပ်ယာကို တက်ကြည့်သည်။

သူက ဂရုတစိုက်နှင့် တွားသွားတက်သွားပြီး စောင်ပုံကြီး၏ ခေါင်းဘက်ကို ကြည့်လိုက်သည်။ စောင်ပုံထဲက လူ၏ မျက်နှာနားကို ကပ်အောင် ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး လေသံသဲ့သဲ့နှင့် ပြောလိုက်သည်။
"ကျန်းချန် ထတော့လေ၊ ခရီးမသွားခင် အရင်ဆုံး ရှော့ပင်သွားမယ်လို့ မင်းပဲပြောပြီး...အခု ငါတို့ သွားလို့ရပြီလေ"
ကျန်းချန်က ဘာမျှတုန့်ပြန်မလာသည်ကိုတွေ့ရလျှင် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းချန်၏ ကျောကို တွန်း၍နိုှးရန် ကြိုးစားပြန်သည်။
(TN. ကြည့်ရတာ ကျန်းချန်က တစောင်းအိပ်နေတာထင်တယ်)
သို့တိုင်အောင် ကျန်းချန်ဆီက ဘာတုန့်ပြန်မှုမှ မရသေး၍ မချင့်မရဲပင်ဖြစ်လာသည်။
"ကျန်းချန်! အာ့...ခင်ဗျား"
ကျန်းချန်၏ ကျောကို တွန်းထိုးနေသည့် သူ့လက်များက ဖမ်းချုပ်ခံလိုက်ရပြီး တစ်ဆက်တည်းမှာပင် ခေါင်းပေါ်ကိုမြှောက်၍ ဆွဲယူခြင်းကို ခံလိုက်ရသည်။ လျှပ်စီးလက်လိုက်သလို အလျင်နှင့် တစ်ပတ်လည်လှည့်ကာ ကျန်းချန်က သေးသေးကွေးကွေးကောင်လေးကို သူ၏ ခန္ဓာကိုယ်အောက်တွင် ဖိချုပ်ထားလိုက်၏၊

(ဒါမျိူ း သိပ်တော့မတူဘူး)
အန်းလျန်မှာ တိုက်ခိုက်မှုကြောင့် လိပ်ပြာ ထိတ်ကာလွင့်စင်မတတ်။
"ကျန်းချန်! တစ်ချိန်လုံး နိုးနေတာပေါ့လေ"
ကျန်းချန်က ကောင်လေး၏ လက်ကောက်ဝတ်ကို တင်းတင်းချုပ်ကိုင်ထားရာမှ သူ၏ပါးကို ပုတ်ရန်ခွင့်ပြု သည့်သဘောနှင့် လက်ကိုလွှတ်ပေးပြီး အန်းလျန်ကို ပြုံး၍သာ ကြည့်နေ၏။
ВЫ ЧИТАЕТЕ
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Подростковая литератураI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
